Published 29 Aug 2022

အမ်တီဗွီ ဗွီဒီယိုတေးဂီတ ဆုပေးပွဲအခမ်းအနားကို ဩဂုတ် ၂၈ ရက်က နယူးဂျာစီပြည်နယ် နယူးဝတ်ခ်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို နာမည်ကျော် အနုပညာရှင်တွေဟာ ကော်ဇော်နီပေါ် ဖြတ်သန်းလျှောက်လှမ်းပြီး တက်ရောက်ကြပါတယ်။  ဒီနှစ် ပွဲမှာ ဘက်ဘန်နီ နစ်မင်နက်ချ်တို့ရဲ့ ဖျော်ဖြေမှုတွေနှင့် အယ်လ်အယ်လ်ကူးလ်ဂျေရဲ့ အခမ်းအနားတင်ဆက်မှုတွေကို ကြည့်ခဲ့ကြရပါတယ်။

တေလာဆွစ်၊လီနက်စ်မက်စ်နှင့် ဘက်ကီဂျီတို့ တက်ရောက်လာတာတဲ့ ဖက်ရှင်တွေဟာ ပရိဿတ်ကို ဆွဲဆောင်မှု ဖြစ်နေပါတယ်။  ဘက်ဘန်နီဟာ အကောင်းဆုံးအဆိုတော်ဆုရပေမယ့် ဆုကြေညာတဲ့အချိန် ယန်ကီဇာတ်ရုံမှာ ဖျော်ဖြေနေလို့အဲဒီကပဲ ဆုကိုလက်ခံခဲ့ပါတယ်။  အကောင်းဆုံးအယ်လ်ဘမ်ဆုရတဲ့ ဟာရီစတိုင်လ်လည်း မတက်ရောက်နိုင်ပါဘူး။  အကောင်းဆုံးအဆိုတော်သစ်ဆုကို ဒေါ့ဗ်ကင်မရွန်က ရရှိပါတယ်။

တေလာဆွစ်ဟာ သူမရဲ့ဗွီဒီယို "All Too Well"နှင့် ဆုရရှိခဲ့ပါတယ်။ အောက်တိုဘာမှာ အယ်ဘမ်အသစ်တစ်ခု ထွက်ရှိမယ်လို့  ဆုလက်ခံစကားပြောချိန်မှာ သူမကထည့်သွင်းပြောကြားခဲ့ပါတယ်။

အမ်တီဗွီဆုပေးပွဲ ကော်ဇောနီဖက်ရှင်တွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

Source AFP

#MTV

#MTV_Video_Music_Award

#Red_carpet_MTV

Published 29 Aug 2022 အမ်တီဗွီ ဗွီဒီယိုတေးဂီတ ဆုပေးပွဲအခမ်းအနားကို ဩဂုတ် ၂၈ ရက်က နယူးဂျာစီပြည်နယ် နယူးဝတ်ခ်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို နာမည်ကျော်"/>