ရွှေ့ပြောင်းလာတဲ့လူအုပ်ကြီးဟာ အမေရိကသို့ ဝင်ရောက်ရန် ကြိုးပမ်းနေပြီး အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်သို့ ဝင်လာကြပါတယ်။
စာရင်းမရှိတဲ့ ရွှေ့ပြောင်းလာသူလူအုပ်ကြီးဟာ ဂွာတီမာလာနိုင်ငံအနီး တာပါချူလာနယ်စပ်မြို့မှ ထွက်ခွာလာကာ အပူချိန် ၃၈ ဒီဂရီဆဲလ်စီးယပ်စ်ကို ကြံ့ကြံ့ခံပြီး ၁၀၀ ကီလိုမီတာ အကွာအဝေးရှိ မက္ကဆီကိုတောင်ပိုင်းသို့ ၄ ရက်ကြာအောင် ထွက်လာကြပါတယ်။
#World_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 04 April 2024
၁။ ရွှေတိဂုံအနီးရှိ ကျူးကျော်ဈေးတန်းများကို စည်ပင်နှင့်ပေါင်းပြီး ရှင်းလင်းလိုက်ပြီဖြစ်
၂။ ကြက်သွန်နီဈေး မတတ်သော်လည်း သယ်ယူစရိတ်များ ယခင်ထက် ဈေးမြင့်တတ်လာဟုဆို
၃။ ဆန်ချောများ ဈေးကွက်အေး၍ တစ်အိတ်ကျပ်ငါးထောင်အထိ ကျဆင်းလာ၊ သက်ြန်ပြီး အရောင်းအဝယ်ပြန်ဖြစ်လာနိုင်
၄။ ရွှေ့ပြောင်းလူအုပ်ကြီး မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်သို့ ဖြတ်သန်းဝင်ရောက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
နွေစပျစ်သီးများ တစ်ပိသာကျပ်တစ်သောင်းအထိ ဈေးကောင်းရ
' နွေရာသီမှာ ကျန်သစ်သီးဝလံအထွက်နည်းချိန်မှာ ရာသီစာစပျစ်လေး ဈေးကောင်းရနေတာပါ '
Yangon_Times/NN
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
အခုတအားပူနေပေမယ့် သင်္ကြန်အကြိုနေ့ ဧပြီလ (၁၃)ရက်လောက် နီးရင် သင်္ကြန်မိုးရွာဖို့ရှိပြီး နေ့အပူချိန်အနည်းငယ် ကျဆင်းသွားနိုင်တယ်။
(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်း)
Yangon_Times/tthl
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
' ပြည်တွင်းစား ဆန်ချောဈေးကွက်အေးလို့ တစ်အိတ်ကျပ်ငါးထောင်အထိ ကျဆင်းလာပါတယ်၊ သက်ြန်ကာလပြီး
ရင်တော့ အရောင်းအဝယ် ပုံမှန်ပြန်လာနိုင်တယ်၊ ဈေးတက်ဖို့တော့မမျှော်လင့်ပါဘူး '
Yangon_Times/NN
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
သင်္ကြန်ကာလနီးတဲ့အတွက် ကြက်သွန်နီက အရမ်းရောင်းကောင်းတယ် အရင်ထက်ကိုနှစ်ဆလောက် ရောင်းရတယ် ဒါပေမယ့် ကြက်သွန်နီက ဈေးမတတ်ဘူး သယ်ယူစရိတ်က အရင်ထက် ဈေးမြင့်လာတယ် အရင်က တစ်ပိသာကိုသယ်ခက ၁၃၀ကျပ်ကနေ အခု ၁၇၀ကျပ် ပေးရတယ် ဒါကြောင့် လာမယ့်အပတ်ထဲမှာ ကြက်သွန်နီဈေးက ထက်တတ်ဖို့ ရှိတယ်လို့ ခန့်မှန်းတယ်ဟု ကြက်သွန်ပွဲရုံများထံက သိရသည်။
Yangon_Times/LW
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် ကားလမ်းဝဲယာတစ်လျှောက်ရှိ ကျူးကျော်ဈေးတန်းတွေဟာ ရွှေတိဂုံစေတီတော်ရဲ့မြေနယ်နိမိတ်မဟုတ်လို့ စည်ပင်နဲ့ပေါင်းပြီး ရှင်းလင်းပေးခဲ့တယ်။စေတီတော် ဝတ္ထုကံမြေအတွင်းမှာ ဘုရားဖူးပြည်သူတွေအသုံးပြုနိုင်ဖို့ သန့်စင်ခန်းတွေကို စနစ်တကျတည်ဆောက်ပေးထားပြီး ဝန်ထမ်းတွေ ခန့်ထားကာ သန့်ရှင်းရေးကို အချိန်ပြည့်ဆောင်ရွက်ပေးလျက်ရှိတယ်။
Yangon_Times/tthl
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 348 of 1106