တရုတ်အလယ်ပိုင်းရှိ ဟိုနန်ဟာ စီးပွားရေး အချက်အခြာနေရာကြီးဖြစ်ပြီး ဓာတ်ခွဲခန်းထုတ်စိန်များ ထုတ်လုပ်တဲ့နေရာမှာ အရေးပါနေပါတယ်။
အချက်အလက်များအရ ကမ္ဘာပေါ်မှာ စိန် ၂ လုံးရှိရင် တစ်လုံးက ထိုဒေသမှ ထုတ်လုပ်တာ ဖြစ်ပါတယ်။
ဟိုနန်ရှိ စိန်ထုတ်လုပ်ရေး လုပ်ငန်းများက ဆန်းသစ်တဲ့နည်းပညာများ အသုံးပြုကာ ဆယ်စုနှစ်တစ်ခုအတွင်း ဓာတ်ခွဲခန်းထုတ်စိန်များ ထုတ်လုပ်ရာ ဦးဆောင်သူဖြစ်လာပါတယ်။
#Asia_Economy
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 05 April 2024
၁။ ရွှေတိဂုံစေတီတွင် နှစ်သစ်ဦးအလှူအဖြစ် သင်္ကြန်တွင်း စတုဒိသာလှူဒါန်းနိုင်ရန် စီစဉ်ပေးနေ
၂။ လာမည့် မေလ ၁ရက်နေ့မှစပြီး UID ကတ်ပါမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမည်
၃။ ချေးငွေ၊ ဆုကြေးနှင့်ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုများ ဆက်လက်ရှိနေ
၄။ တရုတ်နိုင်ငံ ဟိုနန်သည် ကမ္ဘာပေါ်တွင် လူလုပ်ဓာတ်ခွဲခန်းစိန်ကို အများဆုံး ထုတ်လုပ်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရန်ကုန်တိုင်းထဲက မှော်ဘီ၊ ကမ္ဘာအေးအပါအဝင် နေ့အပူအချိန်(၄၀) ဒီဂရီဆဲလ်ဆီးယပ်နဲ့ (၄၀)ဒီဂရီ ဆဲလ်ဆီးယပ်အထက်ရှိတဲ့ ဒေသ(၃၀)အထိရှိလာတယ်။ အပူဒဏ်ကြောင့်မူးဝေ၊ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ ချွေးခြောက်တာ၊ကိုယ်အပူချိန်မြင့်တက်တာ၊ သတိလစ်တာတွေမဖြစ်အောင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်တွေ လိုက်နာဖို့လိုတယ်။
Yangon_Times/tthl
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
' ငွေကြေးနဲ့ပတ်သက်တဲ့ ချေးငွေ၊ ဆုကြေးစတဲ့ အွန်လိုင်းကနေ အုပ်စုဖွဲ့လိမ်လည်မှုတွေ ဆက်လက်ရှိနေတယ်လို့ ကျုးလွန်ခံရသူတွေဆီက သိရပါတယ် '
Yangon_Times/NN
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
လာမယ့် မေလ ၁ရက် နေ့ကစပြီး UID ကတ် အရပ်ခေါ် စမတ်ကတ်ပါရှိမှသာ ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ် TBP နဲ့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP တို့ကို ထုတ်ပေးတော့မှာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဧပြီ ၄ရက်နေ့မှာ အသိပေးကြေညာလိုက်ပါတယ်။
Yangon_Times/LW
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရွှေတိဂုံမှာ သင်္ကြန်အကြိုနေ့ကနေစလို့ အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့တွေမှာ နှစ်သစ်ဦးအလှူအဖြစ် အအေး၊ ထမင်း၊ မုန့်စတုဒိသာတွေကို ကျွေးမွေးလှူဒါန်းလိုပါက ဂေါပကအဖွဲ့ထံမှာ အခုချိန်ကစလို့ ကြိုတင်စာရင်း ပေးထားနိုင်တယ်။ (ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်း)
Yangon_Times/tthl
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
၄ ဧပြီ ၂၀၂၄
နေပြည်တော်ကောင်စီနယ်မြေအေလာမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့ရှိ အရေးကြီးနေရာများဖောက်ခွဲဖျက်ဆီး မည့် fixed Wing ဒရုန်းများအားလုံး ပစ်ချဟန့်တားနိုင်ခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေးအဖွဲ့အနေဖြင့် ဟန့်တား နိုင်မှုစွမ်းရည် အပြည့်အဝရှိတယ်လို့ နစက သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
fixed Wing ဒရုန်း ၁၃ စီးသိမ်းဆည်းရမိပြီး အချို့ ဒရုန်းများတွင် ဖောက်ခွဲပစ္စည်းများတပ်ဆင်ထားတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကဆက်ပြောပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးပါတယ်။
-ymg/knl
Page 347 of 1106