အမေရိကန် ဘောလ်တီမိုးမြို့က တံတားပြိုကျခဲ့တဲ့ဖြစ်ရပ်ဟာ လုံးဝမဖြစ်သင့်ဘူးလို့ ဒေသခံများက ယူဆနေကြပြီး တံတားရဲ့ ခိုင်ခံ့မှုအခြေအနေနဲ့ သင်္ဘောရဲ့ ဘေးကင်းစွာမောင်းနှင်ရေးတို့အပေါ် မေးခွန်းထုတ်နေကြပါတယ်။
ဘောလ်တီမိုးရှိ ဖရန်ဆစ်စကော့ကီးတံတားဟာ သင်္ဘောကြီးတစ်စင်းက ပွတ်တိုက်မိပြီးနောက် ပြိုကျသွားခဲ့ကာ လူခြောက်ဦး ပျောက်ဆုံးနေပါတယ်။
#World_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 02 April 2024
၁။ အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့် ဝယ်လိုအားကြောင့် နနွင်းတတ်ဈေးထက်ဝက်ခန့် မြင့်တတ်လာ
၂။ သင်္ကြန်အတွင်း ပုံမှန်နှင့် အထူးပြေးဆွဲပေးမည့်ရထားများရှိ၊ ရန်ကုန်-မန္တလေးပုံမှန်သွားနိုင်
၃။ သင်္ကြန်ကာလအတွက် နေရပ်ပြန်သူများပြား၍ အဝေးပြေးကားလက်မှတ် ကြိုတင် ဝယ်ယူသူများနေ
၄။ အမေရိကန်ဘောလ်တီမိုးမြို့မှ တံတားပြိုကျမှုဖြစ်ရပ်သည် ဘယ်လိုမှမဖြစ်သင့်ဟု ဒေသခံများယူဆ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
' ၂၀၂၄ခုနှစ်ကမ်းဝေး ငါးမဖမ်းရရာသီကို ငါးရစ်ငါးသန်ကာလဖြစ်တဲ့ ဧပြီလ၁ရက်နေ့ ကနေဇွန်လ၃၀ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပါတယ်၊ ငါးရစ်ငါးသန်ကာလဖြစ်တာကြောင့် ကမ်းဝေးငါးမဖမ်းရရာသီကို သုံးလသတ်မှတ်ထားသော် လည်းတိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှ အခက်အခဲအချို့ တင်ပြလာတဲ့အတွက် သက်ဆိုင်ရာကို ထပ်မံတင်ပြပေးပြီး ငါးဖမ်းရေယာဉ်အမျိုးအစားအလိုက် အချို့ကို လအလိုက်ခွင့်ပြုပေးထားပါတယ်။
Yangon_Times/NN
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရာသီဥတုပူလို့ ကြက်ဥအထွက်နှုန်းတွေလျော့လာတယ်။ မတ်လထဲမှာ လက်ကားဈေးအနေနဲ့ ကြက်ဥတစ်ပိဿကိုကျပ်၅၆၀၀၊ ကြက်ဥတစ်လုံး ချင်းကျပ်(၂၀၀)မှ(၂၃၀)ကျပ်ရှိခဲ့ပြီး ဧပြီလ(၂)ရက်မှာတော့ ကြက်ဥတစ်ပိဿကို ကျပ်၅၇၀၀ရှိတယ်။ သင်္ကြန်တွင်းဈေးကွက်အေးမယ်။
Yangon_Times/tthl
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
လာမယ့် သင်္ကြန်ကာလပိတ်ရက်မှာ နေရပ်ပြန်သူများပြားတာကြောင့် အဝေးပြေးကား လက်မှတ်ကြိုတင်ဝယ်ယူသူများနေတယ်လို့ အဝေးပြေးယာဉ်လိုင်းတွေက သိရပါတယ်
Yangon_Times/NN
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂ ဧပြီ ၂၀၂၄
မြန်မာရဲတပ်ဖွဲ့က အွန်လိုင်းလိမ်လည်မှုများလုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသား ၃၅၂ ဦးကို မတ်လ ၃၁ရက်က တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်မြို့မှာ မြန်မာနှင့်တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေးအတွက် ပထမဆုံး ပူးတွဲစစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာမှာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုသံသယတရားခံ ၈၀၇ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
Source CCTV+
ပုံမှန် ပြေးဆွဲမှုအဖြစ် ဧပြီ(၁၄)ရက်မှအပ ကျန်သင်္ကြန်ရက်တိုင်းမှာ ရန်ကုန်-မန္တလေးရထားအစုန်အဆန်တွေ နေ့စဉ်ပြေးဆွဲပေးမှာဖြစ်ပြီး အထူးရထားအဖြစ် ရန်ကုန်-မော်လမြိုင်၊ရန်ကုန်-ပြည်ရထားတွေ ဧပြီ(၁၂)ရက်၊(၂၀)ရက်နဲ့ (၂၁)ရက်မှာ ပြေးဆွဲပေးသွားဖို့ ရှိတယ်။
Yangon_Times/tthl
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 350 of 1106