Published 19 December 2022
တနင်္ဂနွေညကပြုလုပ်တဲ့ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ပြင်သစ် ကို ပင်နယ်တီနှင့် လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားကြီးကိုရရှိသွားခဲ့ပါတယ်။
ကာတာနိုင်ငံ ဒိုဟာမြို့ရှိ လူဆေးဘောလုံးကွင်းမှာကျင်းပတဲ့ နောက်ဆုံးဗိုလ်လုပွဲဟာ ကမ္ဘာ့ဖလားသမိုင်းမှာ အကြီးကျယ် ဆုံး ဗိုလ်လုပွဲတွေထဲက တစ်ခု ဖြစ်သွားခဲ့ရပါတယ်။
အချိန်ပိုကစားတဲ့အထိ သုံးဂိုးဆီသရေကစားနေရာမှာပင်နယ်တီအဆုံးအဖြတ်နှင့် အာဂျင်တီးနားက ဗိုလ်စွဲခဲ့ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနား ကစားသမားတွေဟာ နှစ်ထပ်ဘတ်စ်ကားကြီးပေါ်လိုက်ပါစီးနင်းပြီး ဒိုဟာရဲ့ လမ်းမတွေအပေါ် စီတန်းလှည့်လည်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။ အဲဒီပုံရိပ်တွေကို တင်ဆက်ပေးလိုက်ရပါတယ်။
Source: AFP
#World_Cup_Final
#Argentina_Victory
#Argentina_playesr_celebrate_victory
Published 13 Dec 2022
မော်ရိုကိုနှင့်ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် နှစ်ရက်အလိုမှာ အမ်ဘာပီရဲ့ ပြင်သစ်အသင်းက ကစားသမားတွေဟာ လေ့ကျင့်နေကြတာကို မြင်တွေ့ကြရပါတယ်။ လေ့ကျင့်တဲ့ ပထမ ၁၅မိနစ်ကို မီဒီယာတွေ သတင်းယူခွင့်ပေးခဲ့စဉ်မှာ Aurélien Tchouaméni နှင့် Dayot Upamecano တို့ လေ့ကျင့်ရာမှာ ရှိမနေခဲ့ကြပါဘူးလို့ အေအက်ဖ်ပီကပြောပါတယ်။
ထိုနည်းတူ ခရိုအေးရှားနှင့် ဆီမီးဖိုင်နယ်ပွဲကစားရမယ့် မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာလည်း ကာတာ တက္ကသိုလ်ကွင်းမှာ လေ့ကျင့်နေကြပါတယ်။
Source: AFP
#Mbappe's_France
#Messi's_Argentina
#World_Cup_2022
Published 11 December 2022
ပြင်သစ်နှင့်ကစားတဲ့ပွဲမှာ သူကန်လိုက်တဲ့ ပင်နယ်တီဘောလုံး လွဲချော်သွားရပြီး အင်္ဂလန်အသင်း ကမ္ဘာ့ဖလားပွဲကနေ ထွက်ခွာခဲ့ရခြင်းအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ဟယ်ရီကိန်းကပြောလိုက်ပါတယ်။
သီအိုဟာနန်ဒေးစ်က မေဆွန်မောင့်ကို ပြင်သစ်ရဲ့ ပင်နယ်တီဧရိယာအတွင်း တရကြမ်းတိုးဝင်ခဲ့တဲ့အတွက် အင်္ဂလန်အသင်းဟာ ရွှေရောင်အခွင့်အရေးအဖြစ် ပင်နယ်တီကန်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ၅၄မိနစ်မှာ ပင်နယ်တီဝင်အောင်ကန်ပေးခဲ့တဲ့ ကိန်းရဲ့ ကန်ချက်ဟာ ဂိုးသမား Hugo Lloris ရဲ့ ဘားတန်းကို ကျော်ပြီးမြောက်တက်သွားခဲ့ပါတယ်။
အချိန်ပြည့်ခရာမှုတ်လိုက်တဲ့အခါ ကိန်းဟာသိသိသာသာကို စိတ်ကယောက်ကယက်ဖြစ်သွားပါတယ်။ သူ့ကစားဖော် တွေနှင့် မန်နေဂျာ ဂါရက်ဆောက်ဂတ်က သူ့ကို ဝိုင်းပြီး နှစ်သိမ့်ကြပါတယ်။
နှစ်ဂိုးတစ်ဂိုးနှင့် ရှုံးခဲ့ရတာဟာ အမှားမခံနိုင်တဲ့ ဂိုးကွာခြားချက်မဟုတ်ဘူးလားလို့ သူ့ကို ဘီဘီစီအားကစားချယ်နယ်က မေးတဲ့အခါ ဒီကွာခြားချက်ကိုက နေလို့ထိုင်လို့ခက်တဲ့ကိစ္စပဲ။ အချိန်တစ်ခုမှာတော့ အသေအချာပဲ” လို့ သူကဖြေပါတယ်။
“ဒါကို ပုဂ္ဂိုလ်ရေးအရရော အသင်းအနေနှင့်ပါ လက်ခံဖို့သိပ်ခက်တယ်” လို့ သူကပြောပါတယ်။
“ ကျွန်တော်တို့ရဲ့ကလေးတွေအတွက် ပိုပြီးဂုဏ်မယူနိုင်ဘူးလား။ ကျွန်တော်တို့ စပဲလ် spells ပိုကောင်းတယ်။ အခွင့်အလမ်းပိုရတယ်။ဒါပေမယ့် ကစားပွဲဟာ အသေးစိတ်အငယ်လေးတွေကနေ ဆင်းသက်လာတာဖြစ်တယ်။ ကျွန်တော်တို့ ဒီကနေ့ တန်ရာတန်ကြေးပေးဆပ်ရတာဖြစ်တယ်” လို့ သူကဆက်ပြောပါတယ်။
“ အသင်းကပ္ပတိန်တစ်ဦးအနေနှင့် ပင်နယ်တီလွဲသွားခဲ့ရတဲ့အတွက် တာဝန်ခံပါတယ်။ ကျွန်တော် အများကြီးတွေးတဲ့ သူမဟုတ်ဘူး။ အကယ်၍ ပင်နယ်တီတစ်လုံး သို့မဟုတ် နှစ်လုံးကန်ရရင် ဘာလုပ်မလဲဆိုတာ ကျွန်တော်ကြို ပြင်ဆင်ပြီးသားပါ။ ကျွန်တော်ပြင်ဆင်မှု ဒါမှမဟုတ် ပွဲမတိုင်ခင် အသေးစိတ်လုပ်တာတွေအပေါ် အပြစ်မရှာနိုင်ဘူး” လို့ ကိန်းကဆက်ပြောပါတယ်။
Source MetroUK
#England_France_World_Cup
#Harry_Kane
#World_cup_2022



Published 11 December 2022
စနေနေ့ကွာတာဖိုင်နယ်ပွဲမှာ မော်ရိုကိုက ပေါ်တူဂီကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွားတဲ့အတွက် ဒါဟာ ကမ္ဘာ့ဖလား နောက်ဆုံးလေးသင်းထဲ ရောက်ရှိသွားတဲ့ ပထမဆုံး အာဖရိကအသင်းတစ်သင်းဖြစ်သွားပါပြီ။ အာဖရိက အသင်း(၃)သင်းဟာ ကွာတာဖိုင်နယ်ကနေ ထွက်သွားခဲ့ရပြီး ဝါလစ် ရီဂရက်ဂူရဲ့ အသင်းသာ နောက်ဆုံးမှာ ဆီမီးဖိုင်နယ်ကိုတက်လှမ်းသွားတာပါ။
၁၉၉၀ပြည့်နှစ်မှာ ကင်မရွန်၊ ၂၀၀၂မှာ ဆီနီဂေါနှင့် ၂၀၁၀မှာ ဂါနာတို့ဟာ အသင်းကောင်းတွေအဖြစ်ပြသခဲ့ပေမယ့် နောက်ဆုံးရှစ်သင်းအဆင့်ထက် ကျော်ပြီး အဲဒီအသင်းတွေ မတက်နိုင်ခဲ့ကြပါဘူး။
နာမည်ကြီးအသင်းပေါ်တူဂီကို အနိုင်ရလိုက်ပြီး နောက်ဆုံးလေးသင်းထဲ ရောက်ရှိသွားတဲ့အတွက် မော်ရိုကိုပရိဿတ် တွေဟာ သူတို့အသင်းအတွက် အပျော်ကြီးပျော်ခဲ့ကြပါတယ်။
Source: AFP
#Morocco_victory_over_Portugal
#World_Cup_Qatar
#Morocco_Fans_celebrate
Published 10 Dec 2022
အသက် ၄၉ နှစ်အရွယ် နာမည်ကြီး အမေရိကန် ဘောလုံးသတင်းထောက် ဂရန့်ဝါးဟာ ကာတာကမ္ဘာ့ဖလားပွဲ သတင်းရယူနေရင်း သောကြာနေ့ညက ရုတ်တရက်လဲကျခဲ့ပြီးနောက် သေဆုံးခဲ့ပါတယ်။
အများလေးစားခံရတဲ့ မီဒီယာသမားဂရန့်ဝါးဟာ အာဂျင်တီးနားနှင့် နယ်သာလန်တို့ရဲ့ ပွဲ အချိန်ပိုကစားနေတာကြည့်ရှုရင်း လူဆာလီဘောလုံးကွင်းထဲ လဲကျသွားခဲ့တာဖြစ်ပါတယ်။
သူလဲကျသွားတဲ့ သတင်းရယူတဲ့နေရာကို ဆေးအဖွဲ့ရောက်လာပြီး သူ့ကို မိနစ်၂၀ခန့် CPR လုပ်ပေးပါတယ်။ ဘောလုံးပွဲပြီးတဲ့အခါ သူ့ကို ဘောလုံးကွင်းထဲကနေ ထုတ်ခဲ့ပါတယ်။ သူ့ကို လူဆာလီဘောလုံးကွင်းထဲကနေ လူနာတင်ယာဉ်နှင့် ဟာမက်အထွေထွေဆေးရုံကို ရွှေ့ပြောင်းကုသမှုပေးခဲ့ရင်း ကွယ်လွန်ခဲ့ရတာပါ။
“ ဂရန့်ဝါးကို ဆုံးရှုံးရပြီလို့သိရတဲ့အတွက် အမေရိကန်ဘောလုံးမိသားစုတစ်ခုလုံး ကြေကွဲဝမ်းနည်းကြရပါတယ်” လို့ အမေရိကန်ဘောလုံးအဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။
“ ကျွန်မခင်ပွန်းကို ဝိုင်းကူညီစောင့်ရှောက်ကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ တကယ့်ကိုတုန်လှုပ် သွားရပါတယ်” လို့ ဇနီးဖြစ်သူ ဒေါက်တာ စီလင်း ဂေါင်ဒါက တွစ်တာမှာရေးပါတယ်။
သူဟာ ဒီလစောစောပိုင်းတုန်းက အမေရိကန်နှင့်ဝေးလ်ပွဲမှာ ရိန်းဘိုးတီရှပ်ဝတ်ဆင်ခဲ့လို့ သတင်းခေါင်းကြီးတွေဖြစ်ခဲ့ ပါသေးတယ်။ သူ့ကိုစောစောပိုင်းမှာ လုံခြုံရေးက ကွင်းထဲပေးမဝင်ပေမယ့် နောက်ပိုင်းတော့ ဒီတီရှပ်နှင့်ပဲ ဝင်ခွင့်ရခဲ့ ပါတယ်။
သူက သိပ်နေမကောင်းဘူးလို့ တနင်္လာနေ့က ရေးသားခဲ့ပါတယ်။ “သုံးပတ်လောက် အိပ်ရေးပျက်ခဲ့တယ်။ ဖိအားနှင့် အလုပ်တွေက တအားများတယ် လို့ သူက သူ့ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ ရေးခဲ့ပါတယ်။
Source Metro
#Football_journalist_Grant_Wahl_Dies
#Grant_Wahl
#World_Cup_2022


Published 2 December 2022
ဂျပန်ဟာ ကမ္ဘာ့ဖလားပွဲ ယှဉ်ပြိုင်ရာမှာ ရဲစွမ်းသတ္တိကိုပြသခဲ့လိုက်ပြီလို့ ဂျပန်ကို နောက်ဆုံး ၁၆သင်းထဲ ပါသွားစေတဲ့ ဆာမူရိုင်းအပြာတွေက စပိန်ကို အနိုင်ပွဲကစားသွားပြီးနောက် ခံစစ်ကစားသမား ယူတိုနာဂါတိုမိုက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
ဂျပန်ဟာ အုပ်စု E မှာ ပထမရရှိလိုက်တဲ့အတွက် ဂျာမနီနှင့် စပိန်တို့ စိတ်ပျက်ဝမ်းနည်းစရာတွေဖြစ်ခဲ့ရတာပါ။ ဂျပန်ဟာ အဲဒီနှစ်သင်းစလုံးကို အနိုင်ယူပြီး အုပ်စုဗိုလ်ဖြစ်ခဲ့တာပါ။
ဟာဂျီမီ မိုရီယာဆူရဲ့ အသင်းဟာ အခုဆို နောက်ဆုံး၁၆သင်းထဲမှာ ခရိုအေးရှားနှင့် တွေ့ဆုံရမှာဖြစ်ပြီး နာဂါတိုမိုက ခရိုအေးရှားကို ၂၀၁၈ခုနှစ် တုန်းကလို အံအားတသင့် အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဂျပန်ဟာ နာမည်ကြီးအသင်း ဂျာမနီကို အနိုင်ရပြီးဣာက် စပိန်ကိုလည်း ၂ ဂိုး ၁ဂိုးဖြင့် အနိုင်ရပြီး ဒုတိယအဆင့် ၁၆ သင်းထဲ တက်လှမ်းသွားတာဖြစ်ပါတယ်။
ဂျပန်အသင်း ဆက်တိုက်အနိုင်ရရှိခဲ့တဲ့အပေါ် တိုကျိုဒေသခံတွေက အလွန်ပျော်ရွှင်ဂုဏ်ယူနေကြပါတယ်။
“ ပွဲက အတော်ကြပ်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ ပွဲစတာ ဂျပန်မှာ မနက်လေးနာရီအချိန်ကြီး။ အဲဒါကြောင့် အိမ်မှာပဲကြည့်ရတယ်။ အခု ကျွန်တော်တို့ လုပ်နိုင်ခဲ့ကြပြီ။သိပ်ပျော်တာပဲဗျာ” လို့ည စပိန်ကို အနိုင်ရပြီးနောက် တိုကျိုမြို့တော်မှာ အောင်ပွဲခံကြတုန်း ဘောလုံးပရိဿတ် မူနီဟီရို ဟာရှီမိုတိုကပြောပါတယ်။
“ဂျပန် ဟာ ဂျာမနီနှင့် စပိန်ကိုအနိုင်ရခဲ့တယ်။ ကော့စတာရီကာကို ရှုံးခဲ့ပေမယ့် နှစ်သင်းစလုံးက အဆင့်မြင့်တယ်လေ။ ရှုံးထွက်ပွဲတွေမှာလည်း ဒီလိုပဲ အဆင့်မြင့်အသင်းကြီးတွေကို အနိုင်ရဦးမယ်လို့ ကျွန်တော့်ကို ယုံကြည်မှုတွေဖြစ်စေတယ်” လို့ သူကဆက်ပြောပါတယ်။
သူတို့အခက်အခဲနှင့်ကြုံခဲ့ပေမယ့် အဆုံးမှာ ဆာမူရိုင်းစိတ်ဓာတ်ကိုပြသနိုင်ခဲ့တယ်လို့ထင်ပါတယ်လို့ ပရိသတ် မာဆာကီ ဟီဂူချီကလည်းပြောပါတယ်။
လူရွှင်တော်တစ်ဦးဖြစ်တဲ့ ဂျွန်ညာ နီတိုက “ အလွန်တော်ကြတယ်။ဒီကနေ့က အံအားသင့်စရာနေ့ပဲ။ ကျွန်တော် ဂျံန်ညာ အီတိုကိုအတုခိုးထားတာ။သူ့ဂိုးသွင်းတာတွေ့ချင်တယ်။ ရှုံးထွက်ပွဲတွေစောင့်ကြည့်ရမယ်။ ဂျပန်အသင်းက ပိုပိုကောင်းလာတယ်။ အသင်းမှာရှိတဲ့အဆင့်အားလုံးကောင်းလို့ ဒီလိုနိုင်တာပါ”လို့ပြောပါတယ်။
Source : AFP
>
#Japan_Celebrates_World_Cup_Guts
#Japan_beat_Spain
#Tokyo_fans _Celebrate_Japan+Soccer
Published 20 Nov 2022
၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ကာတာနိုင်ငံ အယ်လ်ဘတ်အားကစားရုံကြီးတွင် နိုဝင်ဘာ ၂၀ ရက်ညက ကျင်းပရာ ဖွင့်ပွဲအခမ်းအနားတွင် မီးရှုးမီးပန်းများ လွှတ်တင်၍ ဖွင့်လှစ်လိုက်ပါတယ်။
Source AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
#FIFA_WorldCup_2002
#Qater_World_Cup
#Al_Bayt_stadium
Page 13 of 18