Published 22 May 2022
ပုံမှန်မဟုတ်တဲ့ အပူနှင့်စိုထိုင်းမှုအခြေအနေတွေမှာ ဘရွတ်ကလင်း တာဝက်မာရသွန်ပြေးပွဲကို မေလ၂၁ ရက် စနေနေ့က ကျင်းပရာ အပြေးသမားတစ်ဦးသေဆုံးပြီး အခြား၁၅ ဦးမှာ ဆေးရုံတင်လိုက်ရတယ်လို့ မြို့အရာရှိတွေကပြောပါတယ်။ ဆေးရုံတင်လိုက်ရတဲ့ ၁၅ ဦးထဲမှာ လေးဦးရဲ့ဒဏ်ရာတွေဟာစိုးရိမ်ရပြီး (၈)ဦးက အသက်အန္တရာယ်မရှိဘဲ ကျန်လေးဦးကတော့ အနည်းအကျဉ်းဒဏ်ရာရတာဖြစ်တယ်လို့ နယူးယောက်စီးတီးမီးသတ်ဌာနပြောရေးဆိုခွင့်ရသူက Insider ကို သတင်းထုတ်ပြန် ဖြေကြားပါတယ်။
သေဆုံးသွားတဲ့အပြေးသမားဟာ အသက်၃၀အရွယ်ရှိပြီး ပန်းဝင်ပြီးနောက်လဲကျသွားတာဖြစ်တယ်လို့ နယူးယောက်တိုင်းမ် ကရေးသားပါတယ်။
အခုလိုသေဆုံးဒဏ်ရာရမှုတွေဟာ အပူချိန်နှင့်စိုထိုင်းဆတွေနှင့် တိုက်ရိုက်ပတ်သက်သလားဆိုတာကိုတော့ ရှင်းရှင်းလင်း လင်းမသိရသေးပါဘူး။ နယူးယောက်စီးတီးနေရာတစ်ဝိုက်မှာ အရာရှိတွေက အပူသတိပေးချက်ထုတ်ပြန်တဲ့တစ်ရက်တည်းမှာ မာရသွန်ပြေးပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။လေထုအရည်အသွေးသတိပေးချက်ပါအဲဒီတုန်းက ထုတ်ပြန်ခဲ့တာပါ။
မနက်၇နာရီမှ စတင်ခဲ့တဲ့ပြေးပွဲအချိန်အတွင်း အပူချိန်ဟာ ၆၀နှင့်၇၀ ဖာရင်ဟိုက်ကြားရှိခဲ့ပြီး နောက်ပိုင်းမှာ ၉၀ဒီဂရီဖာရင်ဟိုက်ကျော်ရှိခဲ့ပါတယ်။အဲဒီစနေနေ့ဟာ နယူးယောက်စီးတီးမှာ တစ်နှစ်လုံးအပူဆုံးဖြစ်ပြီး မေလမှာ အပူချိန် သတိပေးချက်ထုတ်ပြန်ရတာကလည်း ၁၆နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်ပါတယ်။
၁၃.၁မိုင်ပြေးရတဲ့ ခရီးဝက်မာရသွန်ကိုဘရွတ်ကလင်းပြတိုက်က တာထွက်ပြီး ပရောစပက်ပန်းခြံကိုဖြတ်သန်းပြီးနောက် ကိုနေကျွန်းမှာ ပန်းဝင်တာဖြစ်ပါတယ်။သေဆုံးသွားသူဟာ ပန်းဝင်အပြီးလဲကျသွားလို့ ဆေးရုံကိုအပို့ ဆေးရုံအရောက်မှာ သေဆုံးခဲ့ရတာပါ။
Source Insider
Published_ 11 May 2022
(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့တဲ့ အားကစားနည်းကတော့ ခူရက်ရှ် (KURASH)အားကစားနည်းဖြစ်ပြီး အမျိုးသမီး +87Kg တန်း မှ မအေးအေးအောင်က ရရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါ အားကစားနည်းဖြင့် မနေ့က 48 kg တန်းမှ ခင်ခင်စု က ကြေးတံဆိပ် ဆုကိုရယူနိုင်ခဲ့ပါတယ်။
နစက ဥက္ကဌ က အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားမှာ နိုင်ငံတော်အတွက် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိလျှင် သိန်း ၃၀၀ ငွေတံဆိပ်ဆု ရရှိလျှင် သိန်း၂၀၀ ကြေးတံဆိပ်ဆု ရရှိလျှင် သိန်း ၁၀၀ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားထားပါတယ်။
ymg_mnn
Yangon_Media_Group

Published 11 May 2022
ကာတာနိုင်ငံက ကမ္ဘာ့ဖလား ဆုဖလားကြီးပြန်ပို့သည့်အခမ်းအနားကို မေ(၁၀)ရက်က မြို့တော်ဒိုဟာမှာှရှိတဲ့ ကာတရာ ယဉ်ကျေးမှုရွာတွင် ကျင်းပခဲ့ရာ ဘရာဇီးဘောလုံးသမားဟောင်း ကာဖူးလည်းတက်ရောက်ခဲ့ပါတယ်။
ဒီဖလားဟာ ကိုကာကိုလာရဲ့ကမ္ဘာ့ဖလားခရီးလှည့်လည်အစီအစဉ်အရ ရောက်လာခဲ့ပြီးနောက် ကာတာ ၂၀၂၂၊ ကမ္ဘာ့ဖလားဖွင့်ပွဲ မတိုင်ခင် နိုဝင်ဘာ ၂၁ရက်မှာ Al Bayt အားကစားရုံကို တစ်ဖန်ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။
Source AFP
Published 8 May 2022
စနေနေ့က ဘရိုက်တွန်နှင့်ကစားတဲ့ပွဲမှာ လေဂိုးဂိုးမရှိနှင့်ရှုံးနိမ့်ခဲ့ရလို့ မန်ယူအသင်းရဲ့ ကစားပုံအလွန်ညံ့ဖျင်းမှုအတွက် အသင်း မန်နေဂျာ ရပ်ဖ်ရန်နစ်ခ်က တောင်းပန်လိုက်ပါတယ်။
အစကနေအဆုံးအထိ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးလို့ ရန်နစ်ခ်ကပြောပါတယ်။
ဘရိုက်တွန်အယ်ဘီယွန်မန်နေဂျာ ဂရေဟမ်ပေါ်တာကလည်း သူဟာ တော့တင်ဟမ်ရဲ့ မန်နေဂျာ အန်တိနီယိုကွန်တီရဲ့ နေရာကို ဝင်ယူမယ်လို့ သတင်းတွေ ထင်ကြေးပေးထွက်ပေါ်နေတာကို ငြင်းဆိုလိုက်ပါတယ်။
Source AFP
Published 1 may 2022
ရီးယဲလ်မက်ဒရစ်အသင်းဟာ ၃၅ကြိမ်မြောက် လာလီဂါဆုဖလားကြီးကို ဧပြီ ၃၀ရက် စနေနေ့ ဆွတ်ခူးသွားပါတယ်။ Espanyol အသင်းကို လေးဂိုး-ဂိုးမရှိနှင့် အနိုင်ယူပြီး ဗိုလ်စွဲသွားတာဖြစ်ပြီး ဒါဟာ နည်းပြ “ကာလို အန်ဆက်လိုတီ”ကို အဓိက ဥရောပလိဒ်ငါးခုစလုံးအနိုင်ရသွားတဲ့ ပထမဆုံးနည်းပြ ဖြစ်သွားစေခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်ဟာ ကစားကွင်းထဲက ပရိဿတ်ပေါင်း ရှစ်သောင်းနီးပါးရှေ့မှောက်မှာ ဆုဖလားကြီးကိုလက်ခံခဲ့တာဖြစ်ပါတယ်။ ရီးယဲမက်ဒရစ်အောင်ပွဲနှင့်အတူ ပျော်ရွှင်စွာ အောင်ပွဲခံနေကြတဲ့ ပရိဿတ်တွေရဲ့ မြင်ကွင်းတွေကို ရုပ်သံအဖြစ် စုစည်းဖော်ပြပေးလိုက်ပါတယ်။
Source AFP
Published 24 April 2022
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ နှစ်စဉ်ကျင်းပတဲ့ ဒေါင်လိုက်မာရသွန်အပြေးပြိုင်ပွဲကို ဧပြီ၂၃ ရက်က ကျင်းပခဲ့ရာမှာ လူပေါင်း ၇၀၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဆိုးလ်မြို့မှာရှိတဲ့ အမြင့်ဆုံးမိုးမျှော်အဆောက်အဦကြီးမှာ ကျင်းပတဲ့ ဒေါင်လိုက် မာရသွန်ပွဲမှာ ပြိုင်ပွဲဝင် မာရသွန် အပြေးသမား ၇၅၀ဦးဟာ ၅၅၅ မီတာမြင့်ပြီး အထပ်ပေါင်း၁၂၃ထပ်ရှိတဲ့ Lotte ကမ္ဘာ့မျှော်စင်ကြီးရဲ့ လှေကားထစ်ပေါင်း ၂၉၁၇ထစ်ကို တက်ပြီး အပြေးပြိုင်ခဲ့ကြပါတယ်။
ကပ်ဘေးတွေရှိနေလင့်ကစား ဒီပွဲဟာ တကမ္ဘာလုံးက ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ယူဆောင်ပေးနိုင်လိမ့်မယ်လို့ ပွဲစီစဉ်သူတွေက မျှော်လင့်ထားပါတယ်။
“ကျွန်မအားကစားလုပ်ရတာသဘောကျတယ်။ဒီလိုစိတ်လှုပ်ရှားစရာကောင်းပြီး ကြည်နူးစရာ အငွေ့အသက်တွေနှင့် အတွေ့အကြုံရယူလိုပါတယ်။ အဲဒါကြောင့်ဝင်ပြိုင်တာပါ” လို့ မာရသွန်ပြိုင်ပွဲဝင်တစ်ဦးကပြောပါတယ်။ သူဟာ ဘော်စတွန် မာရသွန်မှာ ပြိုင်ပွဲဝင်ခဲ့သူပါ။
ပြိုင်ပွဲဝင်ကြသူတွေထဲမှာ ကြေးစားအားကစားသမားတွေနှင့် အပျော်တမ်းအပြေးသမားတွေ အသက်ကြီးရင့်သူတွေမှ ကလေးငယ်တွေအထိ အစုံပါဝင်ကြပါတယ်။ ကိုဗစ်-၁၉ကန့်သတ်ချက်ကြောင့် သူတို့ကို အုပ်စုတွေခွဲပြီး အသုတ်လိုက် ခွဲပြီး အဆောက်အဦထဲဝင်ကြရပါတယ်။
အပန်းဖြေဖို့အတွက်၁၀၂ထပ်မှာ ကစားသမားတွေ ရေငတ်ပြေသောက်ဖို့ အားဖြည့်အချိုရည်တွေထားပေးထားပါတယ်။
ဆိုးလ်မြို့ ဆောင်ပါဂူခရိုင်ရဲ့ မာရသွန်အသင်းဝင် ပြိုင်ပွဲဝင်တစ်ဦးက ၁၂၃ထပ်မှာ နာရီဝက်ထက်လျော့ပြီး ပန်းဝင်ခဲ့ပါတယ်။
“ပြေးရတာ ကျွန်တော်သိပ်သဘောကျတယ်။ အဲဒါကြောင့် ဒီနေ့ သိပ်စိတ်မပူမိပါဘူး။ကျွန်တော်မျှော်လင့်ထားတာထက်တောင် ပျော်စရာကောင်းသေးတယ်။ နောက်နှစ်ထပ်လုပ်ရင် ကျွန်တော်သေချာပေါက်ထပ်လာဦးမယ်” လို့ သူကပြောပါတယ်။ နောက်တစ်ခါဆိုရင် မိနစ်၂၀နှင့်ပန်းဝင်အောင်လုပ်မယ်လို့လည်း သူကပြောပါတယ်။
Source CMG
Published 22 April 2022
ယူဂန်ဒါမြို့တော် ကမ်ပါလာမြို့ဒေသခံတွေ ရေပေါ်အားကစား အထူးသဖြင့် ခြောက်သွေ့နေတဲ့မြေကြီးပေါ်မဟုတ်ဘဲ ရေကူးကန်ထဲမှာ အေရိုးဘစ် လေ့ကျင့်ခန်းလုပ်တာတွေ တွင်ကျယ်လာနေပါတယ်။
ရေအေရိုးဘစ်ဟာ ကမ်ပါလာဒေသခံ ဆန်နီဆင်းအတွက် သမားရိုးကျ အားကစားလေ့ကျင့်မှုကို ရေရဲ့အကျိုးကျေးဇူးနျင့် ပေါင်းစပ်ပေးထားတဲ့ ကြီးကျယ်တဲ့ နည်းလမ်းတစ်ခုဖြစ်စေပါတယ်။
Source CMG
Page 16 of 18