Published_ 28 July 2023
ပီအက်ဂျီအသင်းတိုက်စစ်မှူး အမ်ဘာပေက ဆော်ဒီအာရေဗျ ကလပ်အယ်လ်ဟီလယ်အသင်း၏ ငွေကြေးအမြောက်အမြားဖြင့်ကမ်းလှမ်းမှုကို စိတ်မဝင်စားဘဲ ပယ်ချခဲ့ကြောင်းသိရသည်။.
အမ်ဘာဘေ အနေဖြင့် ရီးရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန်သာ စိတ်ဝင်စားနေကြောင့် သိရသည်။
အမ်ဘာပေနဲ့ပတ်သတ်ပြီး အပြောင်းအရွှေ့ကောလဟလသတင်းများ ထွက်ပေါ်လျှက်ရှိပြီး ပီအက်စ်ဂျီနှငိ့သက်တမ်းတိုးစာချုပ် မချုပ်ဆိုလိုတော့ပဲ အသင်းမှထွက်ခွာရန်လိုလားလျှက်ရှိနေသည်။.
ထို့ကြောင့် ပီအက်စ်ဂျီအသင်းက ၎င်းအား အလွတ်ပြောင်းရွှေ.ကြေးဖြင့် ပြောင်းရွှေ့ခွင့်မပြုရန် ကြိုးပမ်းလျှက်ရှိသည်။
အမ်ဘာပေအား လက်ရှိအချိန်တွင် အယ်လ်ဟီလယ်ကလပ်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀၀ကျော်ဖြင့် ခေါ်ယူရန်ကမ်းလှမ်းထားသည်။.
ယခုအခြေအနေများကြောင့် ပီအက်ဂျီအသင်းသည် အသက်၂၄နှစ် ရှိ အမ်ဘာပေအား ဂျပန် နှင့်တောင်ကိုရီးယားတို့တွင်ယှဉ်ပြိုင့်မည့် ခြေစမ်းပွဲများသို့ အမ်ဘာပေအား ခေါ်ဆောင်သွားခြင်းမရှိပဲ ချန်လှပ်ထားခဲ့သည်။
အဆိုပါကိစ္စ နှင့် ပတ်သက်၍ ပီအက်စ်ဂျီအသင်း၏သဘောထားရပ်တည်မှုအား ပဲရစ်မြို့တော်ဝန် အန်နီဟီဒယ်လ် ဂို က ပြစ်တင်ဝေဖန်ခဲ့သည်။
အမ်ဘာပေသည် ရီးရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် ကြိုတင်သဘောတူညီမှုရရှိထားပြီဟုလည်း သတင်းများထွက်ပေါ်လျှက်ရှိသည်။.
##YMG #Yangon_Times

Published_ 27 July 2023
နွေရာသီ ကာလတွင်ကစားသမားအပြောင်းအရွှေ့အတွက် ငွေကြေးများစွာသုံးစွဲခဲ့ပြီးနောက်အဆင်နယ်အသင်းလူစာရင်းမှာကမ္ဘာတွင် တန်ဖို: အကြီးဆုံးဖြစ်လာသည်ဟု သိရသည်။
ရိုက်စ်၊ဟာဗက်ဇ်နှင့် တင်းဘားတို့ကို ခေါ်ယူပြီးနောက်ယခုကဲ့သို့ တန်ဖိုးမြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
အာတီတာ၏ အာဆင်နယ်အသင်းမှာ လက်ရှိတွင်တန်ဖိုး ယူရို၁ ဒသမ၅၁ဘီလီယံရှိနေပြီး ဂွာဒီယိုလာ၏ မန်စီးတီး ၊အခြားပရီးမီးယားလိဂ်ထိပ်သီးအသင်းများနှင့် ဥရောပထိပ်တန်းကလပ်အသင်းကြီးများဖြစ်သေ ပီအက်စ်ဂျီ'ဘိုင်ယန်မြူးနစ် ရီးရဲမက်ဒရစ်၊ဘာစီလိုနာ တို့ကိုကျော်ဖြတ်၍ ထိပ်ဆုံးနေရာ၌ ရပ်တည်နေခြင်းဖြစ်သည်။
အင်္ဂလန်အသင်းများက ထိပ်တန်းနေရာ၌ရပ်တည်နေသော်လည်းဥရောပ ထိပ်တန်းအသင်း ၂၅ သင်းစာရင်းတွင် နာပိုလီအက်သလက်တီကို၊ အင်တာမီလန်၊ ဂျုဗင်တပ်၊ အေစီမီလန်၊နှင့် ဘေယာလေဗာကူဆင်တို့လည်းပါဝင်လျက်ရှိသည်။
ယခုကဲ့သို့ငွေကြေး မြောက်မြားစွာသုံးခွဲခဲ့သော်လည်းအာဆင်နယ်သည် ကစားသမားထပ်မံခေါ်ယူရန်စီစဉ်နေပြီး တိုက်စစ်မှုးနေရာအတွက် အက်သလက်တီကိုမက်ဒရစ်မှ ယာအိုဖိလစ်ကို စောင့်ကြည့်လျက်ရှိသည်ဟုသိရသည်။
Ref: Daily Cannon
#YMG #Yangon_Times
Published 24 July 2023
ချယ်လ်ဆီး အာဆင်နယ်နှင့်မန်စီးတီးအသင်းများသည် ပြီးခဲ့သည့်ရာသီက ခြေစွမ်းပြသခဲ့သောပဲလေ့စ်အသင်း၏ တိုက်စစ်ကစားသမားအိုလီ ဆေးအားခေါ်ယူရန်စောင့်ကြည့်နေကြကြောင်းသိရသည်။
ပြင်သစ်ယူ၂၁ လက်ရွေးစင် မိုက်ကယ်အိုလီဆေးမှာရက်ဒင်းအသင်းမှပြောင်းရွေ့လာခဲ့ခြင်းဖြစ်ပြီးခြေစွမ်းပြသနိုင်ခဲ့သည်။
အိုလီဆေးသည် ပွဲစဉ်တစ်ခုတည်းတွင်ဂိုးဖန်တီးမှု၃ကြိမိအထိပြုလုပ်ပေးနိုင်ခဲ့သည့်အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီးအဆိုပါစံချိန်ကို လိဒ်စ်အသင်းအား၅-၁ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲစဉ်တွင်ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင်ပရီးမီးယားလိဂ် တစ်ရာသီတည်းတွင်ဂိုးဖန်တီးမှု၁၀ကြိမ်အထက်ပြုလုပ်နိုင်ခဲ့သည့်ပထမဆုံးပဲလေ့စ်ကစားသမားလည်းဖြစ်လာခဲ့သည်။
အသက်၂၁နှစ်သာရှိသေးသည့်အိုလီဆေးမှာပဲလေ့စ်အသင်းနှင့်၂၀၂၆ခုနှစ်အထိစာချုပ်သက်တမ်းရှိနေပြီး ပေါင်၃၅သန်းဖြင့်ပြောင်းရွှေ့နိုင်သည့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားသည်။
အိုလီဆေးအားပြင်သစ်အသင်းကြီးပီအက်စ်ဂျီကလည်းစိတ်ဝင်စားနေကြောင်းသိရသည်။
Ref: 90min
#YMG #Yangon_Times

Published -23-7-2023
မန်စီးတီးအသင်းရဲ့ ညာနောက်ခံလူ ကိုင်လီဝေါ့ကာ ဟာ ဘွန်ဒက်စ်လီဂါချန်ပီယံဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ Skysports သတင်းဌာနရဲ့ သတင်းတစ်ရပ်အရ သိရှိရပါတယ်။အသင်း၂သင်းအကြားဆွေးနွေးမှုတွေပြုလုပ်လျက်ရှိပြီး ဒီသင်းဟာလာ မယ့် အပတ်မှာ ရာသီကြိုခြေစမ်းပွဲယှဉ်ပြိုင်ကြမှာပါ။ဘိုင်ယန်မြူးနစ်က ဝေါ့ကာကို ၂ နှစ် စာချုပ်နဲ့ကမ်းလှမ်းထားပြီးနောက်ထပ် တစ်နှစ်သက်တမ်းတိုးဖို့လည်းထည့် သွင်းချုပ် ဆိုမှာပါ။၂ဖက်အသင်းတာဝန်ရှိသူတွေ လာမယ့်အပတ်ဂျပန်နိုင်ငံမှာ မျက်နှာချင်းဆိုင် ဆက်လက် ဆွေးနွေးကြမယ်လို့ သိရပါတယ်။စီးတီးနဲ့ ဘိုင်ယန်တို့ဟာလာမယ့် ဇူလိုင်၂၆ရက်ကျရင် ဂျပန်မှာခြေစမ်းပွဲယှဉ်ပြိုင်ထားကြမှာပါ။ဝေါ့ကာနဲ့ မန်စီးတီးတို့ရဲ့ စာချုပ်ဟာ တစ်နှစ်သက်တမ်းကျန်သေးပြီး မန်စီးတီးက တစ်နှစ်ပဲ ထပ်မံ သက်တမ်းတိုးဖို့ ဆန္ဒရှိနေပါတယ်။
Ref:skysports.
#World_Soccer
Published_16 June 2023
အင်္ဂလိပ်ဘောလုံးကလပ်အသင်း မန်ချက်စတာယူနိုက်တက်ဟာ အသင်းကို ကာတာနိုင်ငံမှ ရှိတ်ခ်ဂျက်ဆင်ဘင်ဟာမက်အယ်ထာနီဦးဆောင်တဲ့ လုပ်ငန်းစုထံသို့ ဒေါ်လာ ၆ ဘီလီယံကျော်ဖြင့် သီးသန့်ရောင်းချရန် ညှိနှိုင်းနေကြောင်း အဆိုပါကိစ္စနဲ့နီးစပ်သူများက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
သဘောတူညီမှုက မသေချာသေးပေမယ့် ပင်လယ်ကွေ့ဒေသရှိ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ ကာတာဝန်ကြီးချုပ်ဟောင်းရဲ့သားဖြစ်သူ 'ရှိတ်ခ်ဂျက်ဆင်'က အားကစားရေးရာမှာ အထင်ကရနာမည်ကြီးအသင်းတစ်သင်းကို ပိုင်ဆိုင်ရယူနိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေ မြင်တွေ့နေရတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်မှာ ရှယ်ယာအနည်းစုပိုင်ဆိုင်ပြီး အသင်းကိုချုပ်ကိုင်ထားတဲ့ ဂလေဇာမိသားစုအဖွဲ့ဝင်တွေကတော့ သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် ငွေသားထုတ်သွားနိုင်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။
ဂလေဇာမိသားစုက လက်ရှိမှာ ဓာတုပစ္စည်းထုတ်လုပ်ရေး INEOS တည်ထောင်သူ ဗြိတိန်ဘီလျံနာ'ဂျင်မ်ရက်ကလစ်ဖ်'ရဲ့ ကမ်းလှမ်းချက်ထက် ကာတာရဲ့ကမ်းလှမ်းချက်ကို ပိုပြီးအလေးပေးစဉ်းစားနေပါတယ်။
ရက်ကလစ်ဖ်ရဲ့ကမ်းလှမ်းချက်ကြောင့် ဂလေဇာတို့ဟာ မန်ချက်စတာယူနိုက်တက်ကို ဆက်ပြီးစိတ်ဝင်စားနေဦးမယ်လို့ မျှော်လင့်ရပါတယ်။
ယခုကာလအပိုင်းအခြားမှာတော့ မန်ချက်စတာယူနိုက်တက်ဟာ ရှိတ်ခ်ဂျက်ဆင်ကလွဲပြီး အခြားမည်သူနဲ့မျှ ညှိနှိုင်းသွားဦးမှာမဟုတ်ဘဲ ဘယ်လောက်အထိ ကြာရှည်နေဦးမလဲဆိုတာ မသိနိုင်ပါဘူး။
အခြေအနေက ဘာမဆိုဖြစ်နိုင်နေပြီး ရက်ကလစ်ဖ်ထံမှ ကမ်းလှမ်းချက်အသစ်ရလာပါက ရှိတ်ခ်ဂျက်ဆင်အနေနဲ့ တစ်ဦးတည်းပိုင်ဆိုင်ဖို့ အတားအဆီးဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ ရှိတ်ခ်ဂျက်ဆင်တို့ရဲ့ ကိုယ်စားလှယ်တွေကတော့ တုန်ပြန့်ဖြေကြားခြင်း မရှိသေးပါဘူး။
မန်ချက်စတာယူနိုက်တက်အတွက် ဒေါ်လာ ၆ ဘီလီယံနဲ့အထက် ကမ်းလှမ်းချက်ဟာ အားကစားလောကမှာ အများပြားဆုံးပမာဏဖြစ်လာနိုင်ပါတယ်။
ဒေါ်လာ ၆ ဘီလီယံကျော်ဖြင့်ရောင်းချဖြစ်ပါက မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နှစ်တစ်နှစ်တာဝင်ငွေရဲ့ ၁၀ ဆကျော် ပိုပြီးတန်ကြေးရှိလာမှာဖြစ်ပါတယ်။
ဂလေဇာမိသားစုဟာ ၂၀၀၅ ခုနှစ်က အသင်းကို ပေါင်သန်း ၇၉၀ ဖြင့် ဝယ်ယူခဲ့တာဖြစ်ပါတယ်။
အင်္ဂလိပ်အမှတ်ပေးချန်ပီယံအကြိမ် ၂၀ စံချိန်တင်ရရှိထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာတဝှမ်းပရိသတ်ပေါင်း သန်း ၆၅၀ ရှိကာ အများစုက ပိုင်ရှင်ပြောင်းလဲပေးဖို့ တောင်းဆိုနေကြပါတယ်။
ဂလေဇာလက်ထက်မှာ အသင်းက အကျဘက်သို့သိသိသာသာရောက်ရှိနေပြီး ၂၀၁၂-၂၀၁၃ ဘောလုံးရာသီက ဂန္တဝင်နည်းပြ'အဲလက်စ်ဖာဂူဆန်' နောက်ဆုံးကိုင်တွယ်ခဲ့တဲ့နှစ်မှာသာ အမှတ်ပေးဖလားကို နောက်ဆုံးအကြိမ်ရရှိခဲ့ပါတယ်။
ယခုနှစ် 'အဲရစ်တန်ဟက်ဂ်'လက်ထက်မှာ ပြည်တွင်းလိဂ်ဖလားရရှိခဲ့ပေမယ့် အမှတ်ပေးဇယားမှာ အဆင့် ၃ ဖြင့် မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနောက် ၁၄ မှတ်ပြတ်ကျန်ခဲ့ပါတယ်။
ယခုနောက်ပိုင်းမှာ အရှေ့အလယ်ပိုင်းနိုင်ငံအများအပြားက အားကစားဘက်မှာ ရင်းနှီးမြှုပ်နှံမှုကြီးများ ပြုလုပ်လာကြပါတယ်။
Source: Reuters
#World_Soccer #မန်ယူအသင်း #ကာတာမှရှိတ်ခ်ဂျက်ဆင်ဘင်ဟာမက်
#YMG #Yangon_Media_Group
Published 11 June 2023
တရုတ်နိုင်ငံရဲ့ ၂၀၂၃ခုနှစ် နဂါးလှေလှော်ပြိုင်ပွဲ ပထမအဆင့် ကို ဇွန်လ ၁၁ရက်နေ့က ကျန်စူးပြည်နယ် အရှေ့ပိုင်း ယန်ချိန်းမြို့တွင် ကျင်းပရာ အသင်းပေါင်း၃၈သင်းမှ လှေလှော်အားကစားသမား ၈၀၀ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲမှာ မီတာ ၁၀၀ မီတာ ၂၀၀နှင့် မီတာ ၅၀၀ ပြိုင်ပွဲတွေမှာ ယခင်နှစ်ရက်အပါအဝင် တနင်္ဂနွေအထိ သုံးရက်တိတိ ဝင်ရောက် ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်။
Published_ 25 April 2023
အားကစားကဏ္ဍကို နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်ပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့ ဧပြီလ ၂၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှည်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ကြမည့်မြန်မာအားကစားအဖွဲ့အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲများ ကထက် ဆုတံဆိပ်များပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြမည်ဆိုပါက မြန်မာ အားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုပြောင်းလဲမှတ်တမ်း တင်သွင်းနိုင်ကြ မည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံတွင် အမြင့်မား ဆုံးသော အိုလံပစ်အားကစားပြိုင်ပွဲဖြစ်ပြီး ယခုပြိုင်ပွဲမှာတင် ကျေနပ်မနေဘဲ အာရှ အိုလံပစ်၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ မျှော်မှန်း ကြိုးပမ်းသွားကြစေလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
အားကစားကဏ္ဍကို နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိနေသောကြောင့်နစက မတိုင်မီက ရှိသော ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်က စ၍ ကျန်းမာရေးဝန်ကြီး ဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဟု သီးခြားစီခွဲကာ ဖွဲ့စည်းခဲ့ကြောင်း၊ခေတ်အဆက်ဆက် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်အောင်မြင်မှုနှင့် ဂုဏ်ပြုဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများအား အသက်(၆၀) ပြည့်မြောက်တဲ့အချိန်ကစပြီး သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံး လစဉ်ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့အထိ အားကစားသမားကြီး (၂၃၀)ကို လစဉ်ကျပ်တစ်ရာ ငါးဆယ့်ငါးသိန်းတစ်သောင်းတိတိ ထောက်ပံ့ပေးလျက် ရှိကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များထဲက ဝဏ္ဏကျော်ထင်ဘွဲ့ ၂၁ ဦး၊ လူမှုထူးချွန် ပထမအဆင့် ၃၆ ဦး၊ လူမှုထူးချွန် ဒုတိယ အဆင့် ၃၉ ဦးနှင့် လူမှုထူးချွန် တတိယအဆင့် ၆၉ ဦး တို့ကိုပေးအပ် ချီးမြှင့် ခဲ့ပြီး ကျန်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း ဆက်လက်စိစစ်ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဌက ပြောသည်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှည်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအနေဖြင့်လည်း မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေး သန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင် သွားကြရန်၊ ပြိုင်ပွဲကာလအတွင်း အသင်းအဖွဲ့ စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်တို့ဖြင့် အချင်းချင်းရိုင်းပင်း ကူညီသွားကြရန်၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့စရိုက် အစဉ် အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာပြုမူကျင့်ကြံ နေထိုင်ယှဉ်ပြိုင်ခဲ့ကြရန်၊ အနိုင်မခံအရှုံးမပေး ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျှော့သည့်ဇွဲ၊ လုံ့လတို့နှင့် ရင်ဆိုင် ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြရန်၊ နိုင်ငံကြီးသားစိတ်ဓာတ်နှင့် တရားမျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ပြီး အရှေ့တောင်အာရှဒေသ ညီနောင်နိုင်ငံများ အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့် အားကစား ချစ်ကြည် ရေး သံတမန်ကောင်းတာဝန်များကို ကျေပွန်ခဲ့ကြရန်၊ အားကစားနှင့်တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်း မောင်မယ်များအနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေစေရေး စွမ်းဆောင်သွားကြရန်တို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆုတံဆိပ်များနှင့် ပြန်လာမည့်အားကစားအဖွဲ့ကို မျှော်လင့်စောင့်ကြို နေမည်ဖြစ် ကြောင်း လည်း ပြောကြားခဲ့သည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်မည့် အားကစားသမား ၃၄၁ ဦးက အားကစား နည်း ၁၉ နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ymg/pl
#YangonMediaGroup
#ဗိုလ်ချုပ်မှူးကြိးမင်းအောင်လှိုင်
#မြန်မာ့အားကစား



Page 11 of 18