Published 19 April 2022
ခရစ်တီယာနိုရော်နယ်ဒိုနှင့်သူ့ပါတနာ ဂျော်ဂျီနာ ရိုဒရီဂဂက်စ်တို့ဟာ သူတို့ရဲ့ မွေးကင်းစ သားကလေးကွယ်လွန်ခဲ့ရတဲ့ အတွက် အင်္ဂါနေ့မှာ ကစားမယ့်အရေးကြီး ပရီမီယာလိဒ်ပွဲဖြစ်တဲ့ ပြိုင်ဘက် လီဗာပူးလ်နှင့်ပွဲမှာ သူပါဝင် ကစားမှာမဟုတ်ဘူးလို့ သိရပါတယ်
ရော်နယ်ဒိုဟာ သူ့နှလုံးသားကြေကွဲရတဲ့ ဖြစ်ရပ်ကို တနင်္လာနေ့က ဆိုရှယ်မီဒီယာမှာရေးသားထားပါတယ်။ “ ဆုံးရှုးမှုဟာ မိဘတိုင်းခံစားနိုင်တဲ့ အကြီးမားဆုံးထိခိုက်နာကျင်မှုဖြစ်တယ်” လို့ သူကပြောပါတယ်။ အဲဒီအပြင် သူတို့အတွဲဟာ သူတို့ရဲ့ အမြွှာသမီးကလေး မွေးဖွားတာကိုလည်း ကြေညာခဲ့ပါတယ်။
“ ခင်ဗျားရဲ့ ထိခိုက်ခံစားရမှုဟာ ကျွန်တော်တို့ရဲ့ ထိခိုက်ခံစားရမှုပါပဲ” လို့ ယူနိက်တက်က တွစ်တာမှာရေးခဲ့ပါတယ်။ အဲဒီအပြင် အသက်၃၇နှစ်အရွယ် ရော်နယ်ဒိုဟာ ဒီနေ့ညနေမှာ အင်န်ဖီးလ်မှာ ဝင်ကစားမှာမဟုတ်ဘူးလို့ မန်ချက် စတာယူနိုက်တက်က သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ အတည်ပြုခဲ့ပါတယ်။
“ မိသားစုဆိုတာ အရာရာတိုင်းထက် ပိုအရေးကြီးပါတယ်။ ရော်နယ်ဒိုဟာ အင်မတန်မှခက်ခဲတဲ့အချိန်မှာ ချစ်မြတ်နိုးရတဲ့သူ တွေကို အားပေးနေပါတယ်”လို့ ကလပ်ကရေးပါတယ်။
“ အင်္ဂါနေ့ညနေမှာ လီဗာပူးနှင့်ပွဲ သူဝင်ကစားမှာမဟုတ်တာကို ကျွန်တော်တို့ အတည်ပြုပါတယ်။ ကျွန်တော်တို့ဟာ မိသားစုရဲ့ သီးသန့်အေးအေးဆေးဆေးနေလိုတဲ့ဆန္ဒတွေကို အလေးထားပါတယ်” လို့ ယင်းကဆိုပါတယ်။
Published 19 April 2022
ပြီးခဲ့တဲ့ အောက်တိုဘာက သူတို့အမြွှာရင်သွေးကလေးတွေရတော့မယ်လို့ကြေညာခဲ့တဲ့ ပေါ်တူဂီရှေ့တန်းတိုက်စစ်မှူး ခရစ်တီယာနိုရော်နယ်ဒိုနှင့်သူ့ရဲ့ပါတနာ ဂျော်ဂျီနာ ရိုဒရီဂက်စ်တို့က သူတို့ရဲ့အမြွှာထဲက တစ်ယောက် ကွယ်လွန်သွားပြီလို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
“ ကျွန်တော်တို့ရဲ့ သားကလေးတစ်ယောက် ကွယ်လွန်သွားတဲ့အကြောင်း အထူးဝမ်းနည်းစွာပြောပါတယ်” လို့ သူတို့က ပူးတွဲကြေညာချက်တစ်စောင်ကို ဆိုရှယ်မီဒီယာမှာ ထုတ်ပြန်ပါတယ်။
“ ဘယ်မိဘမဆို ခံစားနိုင်တဲ့ အကြီးမားဆုံးထိခိုက်နာကျင်မှုဖြစ်ပါတယ်” လို့ သူတို့ကပြောပါတယ်။
“ဒီအခိုက်အတန့်မှာ မျှော်လင့်ခြင်းတွေ ပျော်ရွှင်ခြင်းတွေနှင့် ကျွန်တော်တို့နေနိုင်ဖို့ သမီးလေးကပဲ ခွန်အားတွေပေးနေပါတယ်” လို့ သူတို့က သတင်းထုတ်ပြန်ပါတယ်။
ဒီလိုခက်ခဲတဲ့အချိန်မှာ သူတို့ကိုယ်ရေးကိုယ်တာ လျှို့လျှို့ဝှက်ဝှက်နေထိုင်မှုအတွက် သူတို့က တောင်းဆိုပြီး ကုသမှုနှင့် အားပေးမှုတွေပြုလုပ်ခဲ့ကြတဲ့ ဆရာဝန်တွေ၊သူနာပြုတွေနှင့် ပညာရှင်တွေကို သူတို့အတွဲက ကျေးဇူးတင်ကြောင်းပြောပါတယ်။
အသက် ၃၇နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား (၅)ကြိမ်ရရှိထားပါတယ်။ရီယဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်တို့မှာ ဆုဖလားတွေ အများကြီးနှင့် နိုင်ပွဲတွေကစားပေးပြီးနောက် သူဟာ ပြီးခဲ့တဲ့ နှစ်က မန်ချက်စတာယူနိုက်တက်မှာ ပြန်ကစားခဲ့ပါတယ်။
Source Reuters
Published 17 April 2022
ပထမဆုံး ကမ္ဘာ့ဖလား အမျိုးသမီးပိုလိုပြိုင်ပွဲကို အာဂျင်းတီးနားနိုင်ငံ။မြို့တော်ဗျူနိုးစ်အေရီးစ်က ပိုလိုကစားကွင်းကြီးထဲမှာ ဧပြီ (၁၆)ရက်က ကျင်းပခဲ့ပါတယ်
အာဂျင်တီးနား အမျိုးသမီးပိုလိုအသင်းဟာ စနေနေ့ကကျင်းပတဲ့ ဗိုလ်လုပွဲမှာ အမေရိကန်ကို အနိုင်ရပြီး ပထမဆုံး အမျိုးသမီး ကမ္ဘာ့ဖလား ပိုလိုချန်ပီယံဖြစ်သွားပါတယ်။
နည်းပြ မီလိုဖာနန်ဒေးအာရူဂျိုဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ အမေရိကန်ကို ၆-၂ နှင့် အနိုင်ယူခဲ့တာပါ။
တတိယနေရာလုပွဲကိုတော့ အင်္ဂလန်နှင့် အီတလီတို့ ယှဉ်ပြိုင်ပြီး အင်္ဂလန်က ၆-၅.၅ နှင့် အမှတ်တစ်ဝက်နှင့် အနိုင်ယူသွားခဲ့ပါတယ်။
ပထမဆုံး အမျိုးသမီး ကမ္ဘာ့ဖလားပိုလိုပြိုင်ပွဲကို ဧပြီ(၉)ရက်က စတင်ကျင်းပခဲ့ပြီး အာဂျင်တီးနား၊အမေရိကန်၊အီတလီ၊ အင်္ဂလန်၊ဘရာဇီးနှင့် အိုင်ယာလန်က အမျိုးသမီးအသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
Source AFP
Published 3 April 2022
၂၀၂၂ခုနှစ် နိုဝင်ဘာ ၂၁ရက်မှ ဒီဇင်ဘာ ၁၈ရက်အထိ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးမှာ အုပ်စု၊ကွာတားဖိုင်နယ်နှင့်ဗိုလ်လုပွဲအဆင့်ဆင့်ကို ဘယ်ဘောလုံးကွင်းတွေမှာ ကစားကြမလဲဆိုတာကို ကမ္ဘာ့ဖလားဘောလုံးပွဲ ပရိဿတ်အကြီးအတွက် စုစည်းတင်ဆက်လိုက်ပါတယ်။
Source AFP
#Sport
Published - 26 Feb 2022
ONE FULL CIRCLE ပြိုင်ပွဲမှာအောင်လအန်ဆန်းနှင့် ရုရှားနိုင်ငံသား ဗစ်တာလီဗစ်ဒက်ရှ်တို့ မနေ့ညနေပိုင်းမှာ စင်ကာပူနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ငါးမိနစ်သုံးချီအပြည့်ထိုးသတ်ခဲ့ပြီးနောက် အဆုံးအဖြတ်အရ ဗစ်ဒက်ရှ်ကအနိုင်ရရှိသွားခဲ့ပါတယ်။
အဆိုပါပွဲရှုံးနိမ့်မှုနဲ့ပတ်သတ်ပြီး အောင်လအန်ဆန်းက"ချစ်ရပါသော မြန်မာ ပရိသတ်များ ခင်ဗျာ ဒီနေ့ပွဲအတွက် ကျွန်တော်အကောင်းဆုံး ပြင်ဆင် ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့် ကျွန်တော် ကြိုးစားခဲ့သလို မဖြစ်ခဲ့တဲ့ အတွက် ပရိသတ်များကို စိတ်မကောင်းဖြစ်စေခဲ့တဲ့ အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ နောက် များ အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ပြင်ဆင်သွားပါမယ်လို့ ဂတိပေးရင်း ချစ်တဲ့ မြန်မာပြည်ကြီးနဲ့ ပြည်သူပြည်သားများအတွက် အမြဲဆုတောင်းပေးလျက်ပါခင်ဗျာ ။"လို့ လူမှုကွန်ယက်မှာရေးသားခဲ့ပါတယ်
မနေ့ကပွဲစဉ်ဟာ ပရိတ်သတ်တွေအပြန်အလှန်ထိုးသတ်မယ်လို့ခန့်မှန်းထားသော်လည်း ပြိုင်ပွဲပုံစံက ထင်သလိုဖြစ်မလာပဲရုရှားနိုင်ငံသားအနေနဲ့ အောင်လအန်ဆန်းကို အရင်တွေ့ဆုံခဲ့တဲ့ပွဲတွေကို ရင်ဆိုင်ထိုးသတ်တာတွေမလုပ်တော့ပဲ သုံးချီလုံးချုပ်ကွက်ရရေးကိုသာကြိုးပမ်းခဲ့ကာ ဗစ်ဒက်ရှက်က အနိုင်ယူခဲ့ပါတယ်။
ပွဲကိုတော့ One Championship က စီစဉ်တာဖြစ်ပြီး စင်ကာပူ နိုင်ငံမှာ ပြုလုပ်ခြင်းဖြစ်ကာ ၎င်းတို့ပွဲစဉ်အပါအဝင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်ကာ ပွဲစဉ်တွေမှာ ကမ္ဘာ့ချန်ပီယံလုပွဲ ၂ ပွဲ ပါဝင်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ လက်ရှိချန်ပီယံ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် စိန်ခေါ်သူ ကာဂျစ္စတန် နိုင်ငံသား အဘာဆော့ဗ်တို့ ထိုးသတ်ကာ ဒီရစ်တာကပဲဟအနိုင်ယူကာ ချန်ပီယံခါးပတ်ကိုကာကွယ်နိုင်ခဲ့ပါတယ်။
ymg/hm
#Yangon_Media_Group
#sport
Publishes_ 25 Feb 2022
အောင်လအန်ဆန်းနှင့် ရုရှားနိုင်ငံသား ဗစ်တာလီဗစ်ဒက်ရှ်တို့ ယနေ့ ညနေပိုင်းမှာ စင်ကာပူနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ယခုအကြိမ် ထိုးသတ်မှုကတော့ တတိယအကြိမ်မြောက် တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။
ဒီကနေ့ပွဲကိုတော့ One Championship က စီစဉ်တာဖြစ်ပြီး စင်ကာပူ နိုင်ငံမှာ ပြုလုပ်ခြင်းဖြစ်ကာ ၎င်းတို့ပွဲစဉ်အပါအဝင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မှာဖြစ်ပါတယ်။ဒီကနေ့ ပွဲစဉ်တွေမှာ ကမ္ဘာ့ချန်ပီယံလုပွဲ ၂ ပွဲ ပါဝင်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ လက်ရှိချန်ပီယံ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် စိန်ခေါ်သူ ကာဂျစ္စတန် နိုင်ငံသား အဘာဆော့ဗ်တို့ ထိုးသတ်မှာဖြစ်ကာ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာတော့ လက်ရှိ ချန်ပီယံ ယူကရိန်း နိုင်ငံသား ရိုမန်နှင့် စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား မူရတ်တို့ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
Page 17 of 18