Published 19 December 2022

တနင်္ဂနွေညကပြုလုပ်တဲ့ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ပြင်သစ် ကို ပင်နယ်တီနှင့် လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားကြီးကိုရရှိသွားခဲ့ပါတယ်။

ကာတာနိုင်ငံ ဒိုဟာမြို့ရှိ လူဆေးဘောလုံးကွင်းမှာကျင်းပတဲ့ နောက်ဆုံးဗိုလ်လုပွဲဟာ ကမ္ဘာ့ဖလားသမိုင်းမှာ အကြီးကျယ် ဆုံး ဗိုလ်လုပွဲတွေထဲက တစ်ခု ဖြစ်သွားခဲ့ရပါတယ်။

အချိန်ပိုကစားတဲ့အထိ သုံးဂိုးဆီသရေကစားနေရာမှာပင်နယ်တီအဆုံးအဖြတ်နှင့် အာဂျင်တီးနားက ဗိုလ်စွဲခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနား ကစားသမားတွေဟာ နှစ်ထပ်ဘတ်စ်ကားကြီးပေါ်လိုက်ပါစီးနင်းပြီး ဒိုဟာရဲ့ လမ်းမတွေအပေါ် စီတန်းလှည့်လည်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။ အဲဒီပုံရိပ်တွေကို တင်ဆက်ပေးလိုက်ရပါတယ်။

Source: AFP

#World_Cup_Final

#Argentina_Victory

#Argentina_playesr_celebrate_victory

Published 19 December 2022 တနင်္ဂနွေညကပြုလုပ်တဲ့ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ပြင်သစ် ကို ပင်နယ်တီနှင့်"/>