#Local_News
Publushed- 21 June 2023
မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများတွင် ဖော်ဆောင်မည့် လေအားစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်မည့်စီမံကိန်း(၃)ခုအတွက် ရုရှားအခြေစိုက် Nova Wind JSC ကုမ္ပဏီနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာ Memorandum of Understanding (MOU)လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
MOU အရ မကွေးတိုင်းဒေသကြီးအတွင်း ၁၁၆ မဂ္ဂါဝပ်ထွက်ရှိမည့် မင်းလှစီမံကိန်းနှင့် ၅၆ မဂ္ဂါဝပ်ထွက်ရှိမည့် မင်းတုန်းစီမံကိန်းများအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများကို ရုရှားကုမ္ပဏီ Nova Wind JSC နှင့် နိုင်ငံသားပိုင် Primus Advanced Technologies Limited (PRIMUS)တို့ ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။
နောက်ထပ် လေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်သည့် ၂၀၀ မဂ္ဂါဝပ်ထွက်ရှိမည့် ပုပ္ပါးလေအား လျှပ်စစ်စီမံကိန်းကို Nova Wind JSC နှင့် မြန်မာကုမ္ပဏီ Zeya & Associates တို့ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီးအတွင်းက ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်များတွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သိရသည်။
လေအားလျှပ်စစ်စီမံကိန်း ၃ ခုမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်ပေါင်း ၃၀၀ကျော် ထွက်ရှိမည်ဖြစ်ရာ ၎င်းစီမံကိန်းများဆောင်ရွက်ရန် ရုရှားအဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM အနေဖြင့် ယခုနှစ် မတ်လပိုင်းက စီမံကိန်းအဆိုပြုလွှာ Project Proposal ကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ လာရောက်တင်ပြခဲ့သည်ဟု သိရသည်။
#Local_News #လေအားလျှပ်စစ်စီမံကိန်း ၃ ခု #ရုရှားကုမ္ပဏီများနှင့်လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့ MOU ရေးထိုး #Yangon_Times/BM
#Local_News
Published _21 June 2023
လူထုဦးလှနှင့်လူထုဒေါ်အမာတို့၏သား အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး ယနေ့ ဇွန်လ ၂၁ ရက် နံနက်ပိုင်းက နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
ဆရာ ညီပုလေးကို ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် မန္တလေးမြို့၌မွေးဖွားခဲ့ကာ အမည်ရင်းမှာ ငြိမ်းချမ်း (ခေါ်) ဘိုညို ဖြစ်သည်။
ဆရာညီပုလေးသည် ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ် ရှိပြီဖြစ်သည်။
#Local_News #အမျိုးသားစာပေဆုရှင်စာရေးဆရာညီပုလေးယနေ့ကွယ်လွန်
#Yangon_Times/BM
#Local_News
Published - 21 June2023
ထိုင်းနိုင်ငံ၊ မဲဆောက်တွင် မြန်မာနိုင်ငံသားများအား ၁၀ နှစ်ခံလက်မှတ်ပြုလုပ်ပေးမှုကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား ၇၀၀ ဦးခန့်ကို နေထိုင်ခွင့် လက်မှတ် ၁၀ နှစ်ခံကဒ်ကို လာဘ်ယူ၍ ပြုလုပ်ပေးခဲ့သည့် တာဝန်ရှိသူဝန်ထမ်း ၄ ဦးအား နေရာပြောင်းရွှေ့ပြီးနောက် အထက်ပါအတိုင်း ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်း ၄ ဦးက မြန်မာနိုင်ငံသားများအား ၁၀ နှစ်ခံလက်မှတ်ပြုလုပ်ပေးရာတွင် တစ်ဦးလျှင် ဘတ်ငွေ ၄၀၀၀၀ ကနေ ၁၀၀၀၀၀ အထိရယူခဲ့ကြောင်း၊ ယင်းကြောင်း၎င်းဝန်ထမ်းများအား အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း ထိုင်းနိုင်ငံဒေသတွင်း သတင်းဌာနများတွင် ဖော်ပြထားသည်။
#Local_News #၁၀နှစ်ခံလက်မှတ်ပြုလုပ်ပေးမှုကိုရပ်ဆိုင်း
#Yangon_Times/BM
#Local_News
Published -21 June2023
နိုင်ငံပိုင်ဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ဝန်ဆောင်မှုပေးရာတွင် စနစ်တကျ၊ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အမေရိကန်အခြေစိုက်ဘဏ်များတွင် လည်းကောင်း၊ အမေရိကန်ဘဏ်များ၏ ဘဏ်ခွဲများတွင်လည်းကောင်း နိုင်ငံပိုင်ဘဏ်များ၏ နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်နေခြင်းမရှိသည့်အတွက် ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဘဲ နိုင်ငံခြားငွေနှင့် ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်ခြင်းလုပ်ငန်းများကို စနစ်တကျ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှ တစ်ဖက်သတ် စီးပွားရေးပိတ်ဆိုမှုများ တိုးမြှင့်ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် ဇွန်လ ၂၀ ရက်က စ၍ နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးပိတ်ဆို့ ကန့်သတ်မှု စာရင်းတွင် ထည့်သွင်းသတ်မှတ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ခြင်း အပေါ်အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင်ယခင်ကာလများကလည်း အလားတူအရေးယူပိတ်ဆို့မှုများ တွေ့ကြုံခဲ့ ရသော် လည်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ အနေဖြင့် နိုင်ငံခြားဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို နှောင့်နှေးရပ်တန်မှုမရှိဘဲ စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ယင်းကြောင့် ယခုထွက်ပေါ်နေသည့် သတင်းများနှင့်ပတ်သက်၍ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သည့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြပူပန်ခြင်းမရှိဘဲ ယုံကြည်စွာဖြင့် ဆက်လက်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုကို နိုင်ငံပိုင်ဘဏ်(၂)ဘဏ်တည်းမှသာ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲများမှလည်း ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က သတ်မှတ်ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံခြားသုံးငွေ လွှဲပြောင်း၊ ပေးပို၊ လက်ခံသည့်ကိစ္စရပ်များ ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ၊ အလုပ်သမား ၊ သင်္ဘောသား လုပ်ခ၊ လစာများလွှဲပို့ခြင်းကိစ္စရပ်များအတွက် အဆင်ပြေစေရေး ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သိရသည်။
#Local_News #နိုင်ငံခြားငွေဖြင့်ကုန်သွယ်ငွေပေးချေမှုဝန်ဆောင်ခြင်း
#Yangon_Times/BM
#Local_News
Published-21 June2023
၂၀၂၃ခု နှစ် ပထမ ၄ လတာကာလအတွင်း တစ်နိုင်ငံလုံးတွင် မီးလောင်မှုအကြိမ်ရေ ၇၅၀ခန့်ဖြစ်ခဲ့ပြီး သေဆုံးသူလူဦးရေ ၅၀ ကျော်ရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုးသွားသည့် ငွေပမာဏ ၁၁ ဘီလီယံခန့်ရှိခဲ့ပြီး လူနေအိမ် ၁၉၀၀ခန့်၊ စက်ရုံ၊ အလုပ်ရုံ ၆လုံးနှင့် ဂိုဒေါင်အလုံးပေါင်း ၁၂ဝ လည်းပျက်စီးခဲ့ကာ လူဦးရေ ၄၅၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။
မီးလောင်ရသည့်အကြိမ်ရေမှာ ပေါ့ဆမီးလောင်ကျွမ်းမှု ၂၁၃ကြိမ်၊ လျှပ်စစ်မီးမှတစ်ဆင့်မီးလောင်ကျွမ်းမှု ၂၀၀ကြိမ်၊ ထင်းမီးဖိုမှ မီးလောင်ကျွမ်းမှာ ၁၂၅ ကြိမ်၊ တောမီးလောင်ကျွမ်းမှု ၈၇ကြိမ်၊ အလိုအလျောက်လောင်ကျွမ်းမှု ၁၅ကြိမ်၊ မိုးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းမှု ၂ ကြိမ်အပါအဝင် နိုင်ငံတွင်း မငြိမ်မသက်ဖြစ်စဥ်များကြောင့် မီးလောင်မှုဖြစ်စဥ် ၁၀၀ ကျော်ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ၂၀၂၂ခု နှစ်အတွင်း မီးလောင်ကျွမ်းမှု ၁၅၀၀ ကျော်ဖြစ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၆၇၆၅၂၃၇၂၀၀ ရှိကာ သေဆုံးသူဦးရေ ၉၆ဦးရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၁၄၀ ခန့်ရှိကြောင်း မီးသတ်ဦးစီးဌာန၏ စာရင်းများအရသိရသည်။
#Local_News #မီးလောင်မှုအကြိမ်ရေ ၇၅၀ခန့်ဖြစ်
#Yangon_Times/BM
#Local_News
Published-20 June 2023
ဇူလိုင်လ ၃ ရက်နေ့ဟာ မြန်မာနိုင်ငံအမျိုးသမီးများနေ့ဖြစ်ပါတယ်။ လတ်တလောမှာတော့ မြန်မာအမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ရေးအမှုအခင်းတွေကို အများဆုံးရင်ဆိုင်နေရတယ်လို့ တရားလွှတ်တော်ရှေ့နေထံမှသိရပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published_20 June 2023
ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါ၀င်လှူဒါန်းလိုသူများအနေနဲ့ လှူဒါန်းရာတွင်ပိုမိုလွယ်ကူစေဖို့ အဆင်စေဖို့အတွက် ပြည်သူများအသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေကတစ်ဆင့် SMS (စာတို)ပေးပိုပြီးလှူဒါန်းနိုင်တယ်လို့ ပို့ဆောင်ဆက်သွယ်ရေး၀န်ကြီးဌာနက ဇွန်လ ၁၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။
#YMG #Yangon_Media_Group
Page 1116 of 2114