Published 15 January 2024
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၏ ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ ဇန်နဝါရီ ၁၅ ရက် မှ ဇန်နဝါရီ ၂၁ ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် တစ်ပိဿာကို ၅၂၅၀ ကျပ် သတ်မှတ်ထားကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော် မတီက ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် တစ်ပတ်က ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာကို ကျပ် ၄၉၅၅ ကျပ် သတ်မှတ်ခဲ့သည့် အတွက် ယခုတစ်ပတ် တွင် တစ်ပိဿာကို ၂၉၅ ကျပ်ခန့် ဈေးမြင့်တက်လာကြောင်း သိရသည်။
စားအုန်းဆီရည်ညွှန်းဈေးများ ကို စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေသော ဈေးနှုန်း မျာူကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်၊ ဘဏ်စရိတ်နှင့် အခွန်အခများ ထည့်သွင်း တွက်ချက်ပြီး ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်ရမည့် အခြေခံလက်ကားရည်ညွှန်းဈေးတွေကို ထုတ်ပြန်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်ထဲတွင် စားအုန်းဆီကို ဈေးကစားဖို့ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုတွေပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ မည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Yangon Times/LW
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News