ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် မှတ်သုံလေအားကောင်းနိုင်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် မွန်ပြည်နယ်တိုတွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး ကျန်ဒေသများတွင် ရာသွန်းမြဲခန့်ရှိမည်ဖြစ်ကြောင်း မိုးဇလထုတ်ပြန်
#Local_News
#Published_ 22 June 2023
#ymg/ynzw #လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်
#Yangon_Time
EV ကားများ အားသွင်းလိုရင် Charging Station များကို ကြိုတင်အကြောင်းကြားရမည်ဆိုသည်မှာ ကောလလဟာသာဖြစ်ဟုဆို
Charging Station တွေများ ကားအစီးရေများရင် ခေတ္တစောင့်ရမှာဖြစ်တယ်((((သခင်မြပန်းခြံ Charging Station တာ၀န်ခံ ၊ ချမ်းမင်းကို ))))
#Local_News
#Published_ 22 June 2023
#ymg/ynzw #EVကားများCharging Stationတွင်အားသွင်းနိုင်
#Yangon_Time
#Daily_News
Published_ 22 June 2023
၁။ EV ကားများအားသွင်းလိုရင် Charging Station များကို ကြိုတင်အကြောင်းကြားရမည်ဆိုသည်မှာ ကောလလဟာသာဖြစ်ဟုဆို
၂။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနိုင်
၃။ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းအတွင်း စစ်ရှောင်ဉီးရေ ၅၀၀၀ ခန့်အထိရှိနေ၊ ယခင်နှစ်ထက် စစ်ရှောင်ဉီးရေ လျော့နည်းလာ
၄။ ဗြိတိန်တွင် ပါကစ္စတန် ဘာတီစားသောက်ဆိုင်များ ရှင်သန်ရန်ကြိုးပမ်းနေရ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#Local_News
Published- 22 June 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ကျောင်းကွေ့မီးပွိုင့်မှတ်တိုင်တွင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးအား ကားတစ်စီးမှ တိုက်သွားကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းက သိရသည်။
ဇွန်လ၂၂ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ ကျောင်းကွေ့မှတ်တိုင်အနီးတွင် အသက်၇၀ ဝန်းကျင်အမျိုးသမီး၁ဦးကို ကားတစ်စီးမှ တိုက်သွားခြင်းဖြစ်သည်။
အဆိုပါ ကားတိုက်မှုဖြစ်စဥ်ကြောင့် သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့သို့ပြည်သူများမှ အကြောင်းကြားလာ၍ အချိန်နှင့် တစ်ပြေးညီထွက်ခွာပြီး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးအား လူမှုစေတနာလူမှုကူညီရေးအသင်း လူနာတင်ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ကျောင်းကွေ့မီးပွိုင့်မှတ်တိုင်တွင်အမျိုးသမီး၁ဦးကားတိုက်ခံရ
#Yangon_Times/BM
#Local_News
Published 21 June 2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့အနီးရှိအင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၇၀၀ နဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။
ပြည်တွင်းခရီးသွားများအထောက်အကူပြုစေရန်နှင့် အင်းလေးကန်ကို ရေရှည်တည်တံ့စေရန်ရည်ရွယ်၍ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်လျက်ရှိပြီး ယခုဘဏ္ဍာနှစ်တွင်လည်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းဆောင်ရွက်ရာတွင် အင်းလေးကန်အတွင်းကို စီးဝင်သည့် ချောင်းသုံးခုမှ နုန်းဖမ်းဆည်ငယ်များ တည်ဆောက်ခြင်း၊ အင်းလေးကန်အတွင်း ကျွန်းမျောတွေ ရှင်းလင်းခြင်းနှင့် သဲနုန်းတူးဖော်သည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုကဲ့လို့ဆောင်ရွက်ခြင်းသည် ရေစီးကြောင့် ချောက်ကမ်းပါးတွေပြိုကျပြီး သဲနုန်းပို့ချမှုများ လျော့နည်းသွားကာ ကန်အတွင်း ရေနည်းတဲ့ ရာသီတွင်လည်း လှေများသွားလာရန် ပိုမိုအဆင်ပြေ ချောမွေ့သွားမည်ဖြစ်ကြောင်း ဆိုသည်။
#Local_News #အင်းလေးကန်ထိန်းသိမ်းရန်သန်း၇၀၀အသုံးပြု
#Yangon_Times/BM
#Local_News
Published_22 June 2023
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သိရသည်။
အဆိုပါမီးလောင်မှုကိုငြှိမ်းသတ်ရန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိကြောင်း ရွှေရုပ်လွှာ ပရဟိတအသင်း တာ၀န်ခံ ကိုရွှေမိုးအောင်ကပြောသည်။
အရင် ၂၀၁၈ ခုနှစ်ကလောင်ခဲ့ဖူးတဲ့နေရာမှာပဲ ထပ်မံလောင်ကျွမ်းတာဖြစ်တယ်လို့ ကိုရွှေမိုးအောင်က YMG ကိုပြောသည်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလ တုန်းကလည်း အဆိုပါထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းခဲ့ဖူးပြီး လနဲ့ချီမီးငြှိမ်းသတ်ခဲ့ဖူးသည်။
#ymg/ynzw #လှိုင်သာယာထိန်ပင်အမှိုက်ပုံမီးထပ်မံလောင်ကျွမ်း
#Yangon_Time
#Local_News
Published-22 June2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ် လုပ်သားသစ် (၁၄၇) ဦးကို ဇွန်လ ၂၁ ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
အဆိုပါ အလုပ်သမားများရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် ဇွန်လ၂၀ရက်ကလည်း ကုန်ထုတ်လုပ်သားသစ် (၁၁၄) ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားသစ် (၃၁) ဦးကိုစေလွှတ်ခဲ့ကြောင်း၊ဇွန်လ၁၃ရက်ကလည်း EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၄၆) ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။
.
ယင်းအပြင် ဇွန်လ၇ရက်ကလည်း EPS စနစ်ဖြင့်ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၉)ဦး၊ စုစုပေါင်း (၁၅၀) ဦး ကိုးရီးယားနိုင်ငံသို့ မြန်မာလုပ်သားများစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးမှထုတ်ပြန်ထားသည်။
#Local_News #မြန်မာလုပ်သား ၁၄၇ ဦးကို EPSစနစ်ဖြင့်စေလွှတ်
#Yangon-Times/BM
Page 1115 of 2114