Published_26 June 2023
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုး နိုင်ရန်အတွက်မျိုးစပါးများအား ဇွန်လ ၂၄ရက်နေ့တွင် ပထမဆုံးအကြိမ်ပို့ဆောင်ခဲ့ကြောင်း ပြန်ကြားရေး၀န်ကြီးဌာနမှသိရသည်။
အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့်မျိုးစပါးများကို တင်ပို့ပေးနိုင်ရန် စီမံဆောင်ရွက်နေကြောင်း လည်းသိရသည်။
အဆိုပါမျိုးစပါးများအား ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှ ဝယ်ယူခဲ့ပြီး ပေါ်ဆန်းရင် မျိုးစပါး ၁၄၀၀၀ တင်း၊နေပြည်တော် ကောင်စီနယ်မြေမှ ဝယ်ယူခဲ့ သည့် GW-11 မျိုးစပါး ၉၂၅၃ တင်း၊မကွေးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်မှ ဝယ်ယူခဲ့သည့် နှံကောက်မျိုးစပါး ၄၃၃၀ တင်းတို့အား သွားရောက်ပို့ဆောင်နေကြောင်းသိရသည်။
ymg/ynzw
Yangon_Time
#Local_News #YMG #Yangon_Media_Group
City Taxi အသင်းရဲ့ အသင်းသားတွေက ဆွေးနွေးအဆိုပြုထားတာဖြစ်လိုသင့်တင့်မျှတ
"ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ Taxi ယာဉ်မောင်းတွေဟာ ဈေးနှုန်းတွေကို တောင်းချင်သလောက် တောင်းယူနေတယ်လိုပြောဆိုတာတွေရှိနေတဲ့ အတွက် အငှားယာဉ်စီးသူတွေအဆင်ပြေစေဖိုရည်ရွယ်ပြီး သတ်မှတ်ပေးတာဖြစ်တယ်"ဦးလျန်ကျင့်မန် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပိုဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး
#Local_News
#Published_ 25 June 2023
#Yangon_Times
Posted 24 June 2023
တပ်မတော်သား အားကစားသမားများအနေဖြင့် ကာကွယ်ရေးနှင့်ဆိုင်သည့် ကိုယ်ခံပညာရပ်များတွင် ဆုအသီးသီးရရှိခဲ့ကြသကဲ့သို့ ရိုးရာအားကစားနည်း ပြိုင်ပွဲများတွင်လည်း ယဉ်ကျေးမှုအမွေကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်အောင် ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ် ဆွတ်ခူးနိုင်သည်အထိ စွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့ကြတယ်လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားပါတယ်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ ၂၄ရက် ကနေပြည်တော်တွင် ကျင်းပခဲ့ရာ နစကဥက္ကဋ္ဌ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နိုင်ငံ့သားကောင်း၊ တပ်မတော်သားကောင်းဟူသည့် စိတ်ဓာတ်ခံယူချက်များဖြင့် အမိနိုင်ငံတော်၏အလံကို တင့်တယ်ဝင့်ထည်စွာ လွှင့်ထူနိုင်အောင် ကြိုးပမ်းခဲ့ကြခြင်းအားဖြင့် မြန်မာပီသသည့်စိတ်ကို ပြသခဲ့ကြသည့် တပ်မတော်သားအားကစားသမားများနှင့်တကွ အားကစားသမား တစ်ဦးတစ်ယောက်ချင်းစီကို ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း လည်း ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်ဝှေ့၊ ဂျူဒို၊ အလေးမ၊တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း စသည့် အားကစားနည်းများမှ ကိုယ်ကာယကြံ့ခိုင်မှု အပြင်နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြရသည့် တပ်မတော်သားများအတွက် တိုက်ပွဲဝင်အသင့်ဖြစ်စေသည့် ကာကွယ်ရေးစွမ်းအားများကိုပါ ရရှိစေမည်ဖြစ်ကြောင်းလည်းဗိုလ်ချူပ်မှူးကြီးက ပြောဆိုခဲ့တယ်လို့သိရပါတယ်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ စစ်ရေးချုပ်နှင့် စစ်ထောက်ချုပ်တို့က ဆုရရှိခဲ့ကြသည့် နိုင်ငံဂုဏ်ဆောင်အားကစားသမားများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။
အဲဒီနောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက်အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများကိုယ်စား တပ်ကြပ်ကြီး စိုးပေက ကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။
#Health_Matters
Published_ 24 June 2023
- ဉာဏ်ရည်တုက မျိုးဆက် Z ရဲ့ ဆေးပညာလုပ်ငန်းမှာ အံ့မခန်းဖြစ်စရာတွေ ဆောင်ယူနိုင်မလားဆရာ ...??
#Health_Matters #မျိုးဆက် Z က ဉာဏ်ရည်တု
#Dr.KML #YMG #Yangon_Media_Group
#Health_Matters
Published_ 24 June 2023
- ဉာဏ်ရည်တုက ဆရာဝန်တွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်သွားစေနိုင်သလား၊ ဘာကွာသွားမလဲ ဆရာ ...??
#Health_Matters #မျိုးဆက် Z က ဉာဏ်ရည်တု
#Dr.KML #YMG #Yangon_Media_Group
#Health_Matters
Published_ 24 June 2023
- မျိုးဆက် Z ဟာ ဉာဏ်ရည်တုမျိုးဆက်ဖြစ်လို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ သမားရိုးကျကနေ ဘယ်လိုခွဲထွက်လာမလဲဆရာ ...??
#Health_Matters #မျိုးဆက် Z က ဉာဏ်ရည်တု
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_24 June 2023
လှပါတယ်မေရယ်´ ...သီချင်း၊ အနားမှာနေပါကွယ်´ စံပယ်လို နှင်းဆီလိုလို´ ပန်ပေးပါရစေ စံပယ်ကုန်း´စသည့်သီချင်းများရေးသားဖန်တီးသူ စန္ဒယားငွေစိုးကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးမှ သိရသည်။
စန္ဒယားငွေစိုးကွယ်လွန်သွားတယ်ဆိုတာ ဟုတ်ပါတယ် သူ့အိမ်ကို ဂီတအစည်းအရုံးဥက္ကဌဦးလွင်မြင့်ကိုယ်တိုင်သွားနေပါတယ်။ တနင်္လာနေ့ကျရင်နာရေးပို့ဖို့ အစီအစဥ်တွေဆောင်ရွက်နေပါတယ်´ဟု မြန်မာနိုင်ငံဂီတ အစည်းအရုံးမှပြန်ကြားရေးမှူးက ပြောသည်။
`စန္ဒယားငွေစိုးဟာ ငယ်ငယ်ကတည်းက သူငယ်ချင်းပါ။ သူဟာ သူ့ရဲ့ထူးခြားချက်အနေနဲ့ ကမ္ဘာဂီတကိုလည်း တီးခတ်နိုင်တယ်။ ဂီတလောကအတွက်ဆုံးရှုံးမှုတစ်ခုပေါ့။ တော်တော်စိတ်ထဲမကောင်းဘူး။ တွံတေးသိန်းတန် သီချင်းတွေအားလုံးဟာ သူတီးခတ်ပေးတာများပါတယ်´ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌဦးလွင်မြင့်က ပြောသည်။
ဇွန်လ ၂၄ ရက် မနက် ၁ နာရီတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ၂၆ ရက်မနက် ၁၁ နာရီတွင် ရေဝေး၌သဂြိုဟ်သွားမည်ဖြစ်ကြောင်းသိရသည်။
#Local_News #သီချင်းရေးသားဖန်တီးသူ စန္ဒယားငွေစိုးကွယ်လွန်
#ymg/tthl #Yangon_Time
Page 1111 of 2114