#Local_News
Published_ 10 April 2023
ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေသည့် နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးကို ထိုင်းနိုင်ငံမှ သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်က လာရောက်၍ ကျန်းမာရေးအခြအနေမေးမြန်း ဂါရဝပြု ကန်တော့ခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံ သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဝပ်ဖိုလ်ကျောင်း ဆရာတော်နှင့် မဟာချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံခြားရေးရာဌာနဥက္ကဋ္ဌဟောင်း ဝပ်အရုဏ်း ကျောင်းဆရာတော်တို့က ဗန်းမော်ဆရာတော်ကြီးထံ ဧပြီ ၉ ရက်တွင် လာရောက်၍ ကျန်းမာရေးအခြေအနေမေးမြန်းကာ ဂါရဝပြုကန်တော့ခဲ့တာ ဖြစ်ပါတယ်။
ထို့နောက် ဗန်းမော်ဆရာတော်ကြီးထံ WAKI မိသားစုကလှူဒါန်းသော ရွှေသားထီးတော်ဖြင့် ပြုလုပ်ထားသည့် ဓာတုစေတီတော်ကို ဆရာတော်ကြီးက ထိုင်းနိုင်ငံမှ ဆရာတော်ထံ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ဗန်းမော်ဆရာတော်ကြီးမှာ ဘန်ကောက်ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူ နေခြင်းဖြစ်ကာ ဆရာဝန်များ၏ ညွန်ကြားချက်အရ အစာပျော့ပျော့ကိုသာ ဘုဉ်းပေးတော်မူနေရကာ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ အသည်း၊ လည်ချောင်း နှင့် ပန်ကရိယတို့၌ တွေ့ရသောအဖြေကို အတိအကျသိနိုင်ရန် အဖြေရှာနေသော အခြေအနေဖြစ်ကြောင်း သိရပါတယ်။
ygm_mnn
#Local_News #ထိုင်းနိုင်ငံ #ဗန်းမော်ဆရာတော်ကြီး #ထိုင်းနိုင်ငံသံဃမဟာနာယကဒုဥက္ကဋ္ဌဆရာတော် #ဂါရဝပြု #YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
သင်္ကြန်ပိတ်ရက်အပြီး ဧပြီလ ၂၄ ရက် တွင် တောင်ကိုရီးယားနိုင်ငံသို့် မြန်မာလုပ်သား ၁၅၀ နီးပါး စေလွှတ်သွားမည်ဟု အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ (POEA)က ကြေညာထားသည်။
ယင်းကဲ့သို့ စေလွှတ်မည့်အလုပ်သမားများတွင် လုပ်သားအသစ် ၁၀၅ဦးနှင့် လုပ်သားဟောင်း(Re-entry) ၄၃ဦးဖြစ်ကြောင်း ပါရှိသည်။
သွားရောက်လုပ်ကိုင်ခွင့် ရမည့်အလုပ်သမားများ၏ အမည်စာရင်းကိုလည်း ထုတ်ပြန်ထားပြီးအဆိုပါအလုပ်သမားများအနေဖြင့် လိုအပ်သည့် ပြင်ဆင်မှုများဆောင်ရွက်ရန် ဧပြီလ ၁၈ ရက်နှင့် ၂၀ ရက်တို့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ပင်လုံခန်းမဆီလာရောက်ကြရန်လည်း အသိပေးထားသည်။
ယင်းကဲ့သို့လာရောက်သည့်နေ့တွင် အာမခံကြေး ၊ဝန်ဆောင်ခနဲ့ လေယာဉ်စရိတ်ပေးသွင်းကြရမှာဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Local_News #သင်္ကြန်ပိတ်ရက် # မြန်မာလုပ်သား
#YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
ယနေ့မနက်၁၁:၃၀ အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၂၅/၆)နှင့် (၃၂၅/၇)ကြားတွင် Honda Civic အမျိုးအစားယာဉ်(၁)စီးသည် လမ်းဘေးရှိ ဘယ်ရီယာတုံးအား ဝင်ရောက်တိုက်မိပြီး မီးလောင်မှုဖြစ်ပွါးကြောင်းမီးသတ်တပ်ဖွဲ့မှသိရသည်။
“ကားတိုက်မှုဖြစ်ပြီးချင်းမီးထလောင်တယ်လို့သိရတယ်။ ကားပေါ်လိုက်လာသူတွေမီးလောင်တဲ့အထဲပိတ်မိသွားတယ်။ “ဟုမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ပြင်စည်အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁:၄၀ အချိန် မီးငြိမ်းပါသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး မှာသေဆုံးသွားပြီး ရုပ်အလောင်းတို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နွားထိုးကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ymg/ppk
#Local_News #အမြန်လမ်းယာဉ်တိုက်မှု #ကားမီးလောင်လူသုံးဦးသေဆုံ
#YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
၂၀၂၃ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် Fashion Award ဆုကိုပါ ထည့်သွင်း ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း ပြန်ကြားရေး၀န်ကြီးဌာန မှသိရသည်။
ထူးချွှန်ဆုများ ချီးမြှင့်ရာတွင် အကဲဖြတ်ဒိုင်များအနေဖြင့် မှန်မှန်ကန်ကန်စိစစ်ရွေးချယ်ပေးဖို့ လိုအပ်ကြောင်း ပြန်ကြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမောင်မောင်အုန်းက ဧပြီလ ၉ရက်နေ့က ရန်ကုန်မြို့ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရုံးမှာ ကျင်းပခဲ့သည့် ရုပ်ရှင်ထူးချွန်နှင့် ပတ်သက်သည့် အစည်းအဝေးမှ ပြောကြားခဲ့သည်။
ယခုနှစ် ပေးအပ်မည့် ထူးချွန်ဆုများသည် ပြန်ကြားရေး၀န်ကြီးဌာနက စိစစ်ရွေးချယ်တာမဟုတ်ဘဲ ရုပ်ရှင်အတတ်ပညာရှင်၊ အနုပညာရှင်များကိုယ်တိုင် စိစစ်ရွေးချယ်ထားသည့် ဆုများဖြစ်ကြောင်း သိရသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ဆုပေးပွဲကို လာမည့် မေလ ၆ရက်နေ့တွင် ကျင်းပရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တရားဝင် ကြေငြာထားသည်။
၂၀၁၉၊၂၀၂၀၊၂၀၂၂ တို့ပေါင်း ၃ နှစ်စာကို နှစ်အလိုက် ဆုများမြှင့်မှာဖြစ်ပြီး ၂၀၂၁ခုနှစ် တစ်နှစ်ပတ်လုံး ဇာတ်ကားများ မရှိသည့်အတွက် မပါဝင်ပေ။
အဆိုပါ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်တွင်ကျင်းပရန်လျာထားကြောင်းသိရသည်။
ယခုနှစ်ကျင်းပမည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ရုပ်ရှင်နဲ့ပတ်သက်သည့် ထူးချွန်ဆုများအပြင် Soung Design ၊ကလေးသရုပ်ဆောင်၊stylist၊ Animation ၊မိတ်ကပ် စည့် အထူးဆု ၅ ဆုလည်း ပါ၀င်ကြောင်း ပြန်ကြားရေး၀န်ကြီးဌာနမှသိရသည်။
ymg/ynzw
#Local_News #မြန်မာ့ရုပ်ရှင်ဆုပေးပွဲ # Fashion Awardဆုချီးမြှင့်
#YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၆/ဝ)တွင် ဧပြီလ ၉ ရက် ည ၁၁ နာရီ မိနစ် ၂၀ ခန့်က DYNA အမျိုးအစားယာဉ်ကို ရွှေရည်ဖူးပွင့်ခရီးသည်တင်ယာဉ်သည် နောက်မှဝင်တိုက်မိမှု ဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယင်းကြောင့် သီးကုန်းအမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြရာ အဆိုပါဖြစ်စဉ်ကြောင့် မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
ရွှေရည်ဖူးပွင့် ခရီးသည်တင်ယာဉ်ပေါ်တွင် အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၈ ဦး၊စုစုပေါင်း ၁၅ ဦး လိုက်ပါလာကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Local_News ##DYNA ယာဉ် #ရွှေရည်ဖူးပွင့်ခရီးသည်တင်ယာဉ် #နောက်မှဝင်တိုက် #YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အိုက်ကော(ခ)လောက်အယ် ၏နေအိမ်ကို ဧပြီလ ၅ ရက်က သတင်းအရရှာဖွေရာ ဂွမ်းမိုင်(ခ)မာဂွမ်း၊ အဆာဖ နှင့် ဇော်လတ် တို့ ၃ ဦးအား M 21 ရိုင်ဖယ်(၁၃)လက်၊ ပါရီအမျိုး အစား 81 ရိုင်ဖယ်ဒင်ခေါက်(၁)လက်၊ .22 Sniper ပါ(၁)လက်၊ ၁၂ ဗို့ ၁ လုံးထိုးပြောင်းချောသေနတ်(၁)လက်၊ လက်လုပ်သေနတ်ဒင်ခေါက်(၁)လက်၊ ၇.၆၂ x ၃၉ကျည်(၈၉)တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး(၁)လုံး၊ ကျည်အိမ် မျိုးစုံ (၁၅)ခု၊ လက်နက်ပြုပြင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းမိသူများကို စစ်ဆေးဖော်ထုတ်ချက် အရ ယင်းနေ့တွင်ပင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အိုက်ကော(ခ)လောက်အယ် ပိုင်ဆိုင်သည့်နေအိမ်ကို ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၅၀ ပြား၊ ကက်တမင်း ၈ ဂရမ်၊ စိတ်ပြောင်းဆေးဝါး Happy Water ၉၉ ဂရမ်၊ ကျည်မျိုးစုံ ၂၉ တောင့်နှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ မူးယစ်ဗဟို အနေဖြင့် ဖမ်းဆီးမိသူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်နေကြောင်း သိရသည်။
ymg/mt
#Local_News #မူဆယ်မြို့ #သေနတ်များ၊လက်ပစ်ဗုံး၊ကျည်မျိုးစုံနှင့်မူးယစ်ဆေးဝါးများ #YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
ရခိုင်ပြည်နယ်ဂွမြို့နယ် ကျိန္တလီဒေ ကမ်းနီးငါးလုပ်ငန်းစီမံခန့်ခွဲမှု ဧရိယာအတွင်း၌ရှိသော ပင်လယ်လိပ်ထိန်းသိမ်းရေးအသင်းမှ ကမ်းခြေများတွင် ထိန်းသိမ်းစောင့်ရှောက်ထားသော ပင်လယ်လိပ် လိပ်သားပေါက် ၁၄၅ ကောင်ကို ဧပြီလ ၈ ရက်နံနက်က ပင်လယ်ရေထဲသို့ လွှတ်ပေးခဲ့ကြောင်း ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲရေးအဖွဲ့က သိရသည်။
ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ကျေးရွာများအတွင်း ပင်လယ်လိပ်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းပေးထားပြီး ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်အတွင်း စောင့်ရှာထားသည့် လိပ်ကျင်း ၁၁ ခုထဲမှ နှစ်ကျင်းကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲရေးအဖွဲ့ မှ ကိုသားကြီးက ပြောသည်။
" အခု ကျနော်တို့ စောင့်ရှောက်ထားတဲ့ နေရာ ၁၁ နေရာထဲက ၂ နေရာဖြစ်တဲ့ လိပ်နှစ်ကျင်းက သားပေါက်တွေကို လွှတ်ပေးခဲ့တယ်။
ကျန် လိပ်ကျင်း ၉ ကျင်းက သင်္ကြန်ကာလနဲ့ မေလအတွင်းမှာ လိပ်များသားပေါက်ကြမယ်။
အဲဒီ လိပ်သားပေါက်တွေကို ပင်လယ်ထဲကို ထပ်လွှတ်ပေးအုံးမယ်" ဟု ပြောသည်။
ကျိန္တလီပင်လယ် လိပ်ထိန်းသိမ်းရေးအသင်း က လွန်ခဲ့သော၂၀၁၆ ခုနှစ်က စတင်ကာ ပင်လယ်လိပ်များကို ထိန်းသိမ်းစောင့်ရှောက်၍ နှစ်စဉ် လိပ်သားပေါက် များကို ပင်လယ်ရေထဲ ပြန်လွှတ်ပေးလေ့ရှိကြောင်း၊ ပင်လယ်လိပ်ထိန်းသိမ်းရန်အတွက် ကင်းစောင့် ၁၀ ဦးကျော်ကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တာဝန်ပေးထားပြီး ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန် ၃ ခုရှိကြောင်းလည်း သိရသည်။
လိပ်ဥကျင်းများကို GPS စနစ်ဖြင့် သတ်မှတ်ထားပြီး စိတ်ချရသည့်နေရာများမှ လိပ်ကျင်းများကို သဘာဝအတိုင်းပေါက်ဖွားနိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် လူရောက်သည့်နေရာ ဒီရေရောက်သည့်နေရာများမှ လိပ်ကျင်းများကို စိတ်ချရသည့်နေရာသို့ ပြောင်းရွှေ့စနစ်ဖြင့် သားဖောက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
Photo-Thar Gyi
#ymg/mt #Local_News #ကျိန္တလီကမ်းခြေ #လိပ်သားပေါက် #ပင်လယ်ထဲသို့ လွှတ်ခဲ့ #YMG #Yangon-Media-Group
Page 1106 of 1973