#Local_News
Published-11 April 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၅၀ဦးကို ဧပြီလ ၁၁ရက်(ယနေ့) ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ စေလွှတ်ခဲ့သည့် မြန်မာလုပ်သားများတွင် Re-entry ကုန်ထုတ်လုပ်သား (၈၈) ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေးလုပ်သား (၁၉) ဦး၊ ကုန်ထုတ်လုပ်သားသစ် (၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၂) ဦးပါဝင်ကြောင်းသိရသည်။
အဆိုပါလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
#ymg/mt
#Local_News #EPSစနစ် # မြန်မာလုပ်သား၁၅၀ #ထပ်မံစေလွှတ်
#YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
သင်္ကြန်ကာလတွေမှာ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသအချိုမှာမြေငလျင် လှုပ်ခတ်နိုင်ခြေရှိတဲ့အတွက် သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနနှင့်ဇလဗေဒညွှန်ကြားမှု၊မြေငလျင်ဌာနခွဲမှ သိရပါတယ်၊၊
#Local_News #သင်္ကြန်ကာလ #မြေငလျင်ငယ်လှုပ်ခတ်နိုင်ခြေရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
သင်္ကြန်ကာလ ဧပြီလ(၁၃)ရက်မှ (၁၆)ရက်အထိ ယာဉ်မောင်းတွေ သတိပြုလိုက်နာရမယ့် အချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဧပြီလ(၁၀)ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
#Local_News #သင်္ကြန်ကာလ #ယာဉ်မောင်းများသတိပြုရန်အချက်များ #CCTVဖြင့်စောင့်ကြည့် #YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
မြန်မာနှစ်သစ်ကူးကာလ ဖြစ်တာကြောင့် ပြည်တွင်းရွှေစျေးကွက်ထဲမှာ ကြီးကြီးမားမား အရောင်း၀ယ် မဖြစ်ပေမယ့် ရွှေတိုရွှေစ အနည်းငယ်လောက်သာအရောင်းအဝယ် ရှိနေတာကြောင့် စျေးနူန်းတည်ငြိမ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။
#Local_News #ပြင်ပရွှေစျေး #စျေးငြိမ်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
သင်္ကြန်တွင်း အချို့ရက်တွေမှာ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို လာရောက်တည်းခိုဖို့ ဘိုကင်တင်ထားတဲ့သူတွေနဲ့ ပြည့်နေတယ်လို့ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှ သိရပါတယ်၊၊
#Local_News #ရွှေစက်တော်ဆင်စခန်း #လာရောက်တည်းခိုမည့်သူများ
#YMG #Yangon_Media_Group
#Daily_News
Published_ 10 April 2023
၁။သင်္ကြန်အကြိုနေ့နှင့် အကျနေ့များတွင် ရွှေစက်တော်ဆင်စခန်း၌ လာရောက်တည်းခိုမည့်သူများဖြင့် ပြည့်နေ
၂။ပြင်ရွှေစျေး ၂၉သိန်း ၆သောင်းကျော် ပေါက်စျေးရှိနေပြီးစျေးငြိမ်နေ
၃။သင်္ကြန်ကာလ ယာဉ်မောင်းများ သတိပြုရန်အချက်များ ထုတ်ပြန်၊ စည်းကမ်းမဲ့သူများကို CCTVဖြင့် စောင့်ကြည့်ပြီး အရေးယူမည်ဟုဆို
၄။နျူကလီးယားရေဆိုးများကို ပင်လယ်ထဲသို့ စွန့်ပစ်နေသည့် ဂျပန်၏လုပ်ရပ်ကြောင့် ပြည်သူများနှင့်နိုင်ငံတကာအသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 10 April 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီး MOEE ဝန်းအရှေ့မှာ ဧပြီလ ၉ရက်နေ့ ည၉နာရီခွဲခန့်က လမ်းဖြတ်ကူးတဲ့ အသက်(၆၀)ဝန်းကျင်ခန့် အမျိုးသားတစ်ဦး ကားတိုက်မူ ဖြစ်ပွားခဲ့တယ်လို့ သာကေတမြို့နယ် လူမူကူညီရေးအသင်းမှ သိရသည်။
#Local_News #အသက်၆၀အမျိုးသားတစ်ဦး #လမ်းဖြတ်ကူးစဉ်ကားတိုက်ခံရ
#YMG #Yangon_Media_Group
Page 1105 of 1973