#Local_News
Published-24 June 2023
ရန်ကုန်တိုင်းဒေသကြီးတွင် ကလေးငယ် ၄၀၀ ခန့် ဆီးချိုရောဂါဖြစ်ပွားနေပြီး လက်ရှိဆေးဝါးကုသမှုခံယူနေသည့် ကလေးငယ် ၂၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီးက သိရသည်။
ကလေးဆီးချိုရောဂါသည် လူသိနည်းသည့်ရောဂါအမျိုးအစားဖြစ်ပြီး ရန်ကုန်ကလေးဆေးရုံကြီးအနေဖြင့် ကလေးဟော်မုန်းနှင့် ဆီးချိုရောဂါကုသမှုဌာနကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ကာ ကုသပေးလျက်ရှိနေကြောင်း၊ ကုသပေးနေသော အမျိုးအစားကို ၂ မျိုးခွဲထားရာ (၁)ကလေးဆီးချို (၂) ကလေးဆီးချိုနှင့် မွေးကင်းစကလေးဆီးချိုတို့ ဖြစ်ကာ အမျိုးအစား (၁) ဖြစ်စသည့် ကလေးဆီးချိုရောဂါဖြစ်ပွားသူများပြားနေခြင်းဖြစ်ကြောင်း သိရသည်။
"အမျိုးအစား(၁) ကလေးဆီးချိုက ဘာကြောင့်ဖြစ်တာလဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ ပန်ခရိယက်စ်ကိုဖျက်တဲ့ Anti- body တွေ ပေါ်လာတဲ့အခြေအနေတွေရှိတယ်။ အဲဒါကြောင့် လိုအပ်တဲ့ အင်ဆူလင်မထုတ်နိုင်တော့ဘဲ သေးသွားတဲ့သဘောရှိတယ်။ အဲတော့ အင်ဆူလင်လိုအပ်တဲ့ပမာဏကိုမထုတ်လုပ်နိုင်တော့တဲ့အခြေအနေမှာ ကလေးဆီးချိုဖြစ်တဲ့သဘောရှိပါ တယ်။ အဲဒါကိုလည်း ဆင်ဆူလင်တစ်မျိုးနဲ့ပဲကုသနိုင်ပါတယ်။ အင်ဆူလင်ကသောက်ဆေးမရှိပါဘူး။ ထိုးဆေးပဲရှိပါတယ်။ အမျိုးအစား(၁) ကလေးဆီးချိုဟာ ဘယ်လောက်ကြာအောင်ဖြစ်မလဲဆိုရင်တော့ အခုထိလက်ခံထားတာကတစ်သက်လုံးဖြစ်မယ်ဆိုတဲ့အခြေအနေပါ။ ဒီကလေးဟာ အမျိုးအစား(၁) ကလေးဆီးချိုဖြစ်မယ်ဆိုရင် တစ်သက်လုံးအင်ဆူလင်ထိုးရမယ်ဆိုတဲ့ အခြေအနေမျိုးပါ။ ကလေးဆီးချိုလို့ပြောလိုက်ပေမဲ့ အမျိုးအစားလေးတွေ နည်းနည်းတော့ကွဲပါတယ်"ဟု ရန်ကုန်ကလေးဆေးရုံကြီး ကလေးအထူးကုဆရာဝန်ကြီးတစ်ဦး က ပြောသည်။
အမျိုးအစား(၂)ဆီးချိုရောဂါသည် ကလေး၏ ကလေး၏ lifestyle အပေါ်ပြောင်းလဲမှုလုပ်ခြင်း၊ အစားအသောက်အနေအထိုင်ပေါ်မူတည်၍ဖြစ်နိုင်ချေလျော့နည်းသွားစေသော်လည်း ဆီးချိုရောဂါမျိုးရိုးရှိသူ၊ အထိုင်များသူ၊ အချိုများသည့် အစားအသောက် များစားသုံးပါက အမျိုးအစား(၂) ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေများကြောင်း၊ အမျိုးအစား(၂)ဆီးချိုရောဂါ လကဏာအနေဖြင့် ဆီးသွားများခြင်း၊ ရေမကြာခဏငတ်နေခြင်း၊ ကလေးကတဖြည်းဖြည်းပိန်လာခြင်း၊ နုံးချည့်နေခြင်းစသည့်အခြေအနေများရှိလျှင် နီးစပ်ရာကလေးဆရာဝန်များနှင့်ပြသခြင်း၊ ဆီးချိုဖောက်စက်ဖြင့် ဖောက်ကြည့်၍ သကြားဓာတ်များနေလျှင် နီးစပ်ရာကလေးဝန် ဆရာဝန်နှင့်တိုင်ပင်၍ ကုသမှုခံယူရန် လိုအပ်ကြောင်းလည်း သိရသည်။
#Local_News #ကလေးငယ်၄၀၀ခန့်ဆီးချိုရောဂါဖြစ်ပွားနေ
#Yangon_Times/BM
ကြိမ်၊ဝါးထုတ်ကုန်များပြည်ပဈေးကွက်ရရန်လိုအပ်နေသေး
‘ကြိမ်၊ဝါးထုတ်ကုန်တွေက ပြည်ပဈေးကွက်မရှိသလောက်ဖြစ်နေပြီ။ အွန်လိုင်းကနေပဲ ဈေးကွက်ချဲ့ထွင်လို့မရဘူး ပြည်ပကိုသွားပြီး နိုင်ငံတကာပြပွဲတွေမှာ သွားပြမှရမှာ’(ဒေါ်စန္ဒာထွန်း၊ကြိမ်၊ဝါးလုပ်ငန်းရှင်)
#Local_News
#Published_ 24 June 2023
#Yangon_Times
အာနန္ဒာနှင့်ဓမ္မရံကြီးဘုရားတွင်ရေဝပ်ရသည့်အကြောင်းရင်းရှာတွေ့
အာနန္ဒာမှာကွန်ကရစ်ခင်းများကြောင့်ရေမစုပ်နိုင်ခြင်း၊ရေထွက်ပေါက်မရှိခြင်း၊မြေသားကြမ်းခင်းမြင့်
တက်နေခြင်းနဲ့ ဓမ္မရံကြီးမှာမြေအနေအထားမြင့်မောက်ခြင်း၊ဘုရားအတွင်းမြေစာပုံရှိခြင်း၊မဟာရံတံတိုင်းတွင်
မူလရေထွက်ပေါက်များမရှိလို့ရေဝပ်၊ရေလျှံခြင်းဖြစ်
(ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ))
#Local_News
#Published_ 24 June 2023
#Yangon_Times
မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသပြည်နယ်၌ ရေလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲရှိနေ
အောက်ခြေရေလုပ်သားတွေရဲ့ အသက်မွေးကြောင်းပစ္စည်းတွေမျောပါသွားတာတွေ၊ ပစ္စည်းဆုံးရှုံးတာတွေကိုပြန်လည်ဝယ်ယူဖို့ ငွေကြေးမတတ်နိုင်သေးတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ စားဝတ်နေရေး အခက်အခဲရှိနေတာပါ ((((ကိုလင်းလင်း မေတ္တာရောင်ချည်ပရဟိတ အသင်းတာဝန်ခံ)))))
#Local_News
#Published_ 23 June 2023
#ymg/ynzw
#Yangon_Times
#Daily_News
Published_ 24 June 2023
၁။ မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြည်နယ်၌ ရေလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းလည်ပတ်ဖို့အခက်အခဲရှိနေ
၂။ အာနန္ဒာဘုရားနှင့်ဓမ္မရံကြီးဘုရားတွင်ရေဝပ် ၊ရေလျှံရသည့် အကြောင်းရင်းများသိရပြီဖြစ်
၃။ ကြိမ်၊ ဝါးထုတ်ကုန်များ ပြည်ပဈေးကွက်ပြန်ရရှိရန် လိုအပ်နေသေး
၄။ တရုတ်ပြည် စီချွမ်ပြည်နယ်မှ ကမ္ဘာ့အကြီးဆုံးရေနှင့်ဆိုလာဓာတ်အားပေးစခန်းကြီးအား ဇွန်လ(၂၅)ရက်နေ့တွင် စတင်လည်ပတ်ရန်မျှော်မှန်း.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#Local_News
Published_ 24 June 2023
ကွန်တိန်နာတင်သင်္ဘော SITC Zhaoming သည် ဇွန် ၂၂ ရက်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ပြီး အဆိုပါသင်္ဘောသည်၂၀၂၂ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော သင်္ဘောအသစ်ဖြစ်ကာ အရှည်(LOA)၁၈၆မီတာနှင့် အကျယ်၃၅မီတာရှိပြီးကွန်တိန်နာတင်ဆောင်နိုင်စွမ်း၂၆၀၀TEU ရှိတာကြောင့် ရန်ကုန်မြို့တွင်းဆိပ်ကမ်းများတွင် ဆိုက်ကပ်ခဲ့သောသင်္ဘောမျာအနက် အကြီးဆုံးသင်္ဘောဖြစ်တယ်လို့ သိရပါတယ်။
SITC International Holding Co.,Ltd ဟာ ဟောင်ကောင်အခြေစိုက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်တဲ့ သင်္ဘောကုမ္ပဏီတစ်ခု ဖြစ်ပြီး အာရှဒေသတွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရေကြောင်းကုန်စည်ပို့ဆောင်ရေးကို ယခင်ကထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသည့် သမိုင်းတစ်လျှောက် အကြီးမားဆုံး ရေယာဉ်မှာ SITC Zhaoming ဖြစ်တယ်လို့ SITC ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
#ymg_mnn #Local_News #ကွန်တိန်နာတင်သင်္ဘော SITC Zhaoming ဆိုက်ကပ်
#Yangon_Times
#Local_News
Published-24 June 2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်က္ခမီလမ်းမကြီးတွင် ဆိုင်ကယ်၂ စီးအရှိန်ဖြင့်ဝင်တိုက်မိ၍ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သိရသည်။
မော်လမြိုင်မြို့၊ ကျိုက်က္ခမီလမ်းမကြီး၊ ဒေါင်ဇရပ်ရတနာပုံတည်းခိုခန်းအနီးတွင် ဇွန်လ ၂၃ ရက်၊ ည ၈ နာရီအချိန်ခန့်က အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်းကြောင့် အမျိုးသား ၃ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အမျိုးသား၁ ဦးမှာထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သူအမျိုးသားအား အဆိုပါ လူမှုကူညီရေးအသင်းမှ လိုအပ်သည်များပြုစုပေး၍ မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
"ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား ၃ ဦးကတော့ စိုးရိမ်စရာမရှိပါဘူး။ ၁ ယောက်ကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံပို့ပြီး ခဏအကြာမှာ သေဆုံးသွားပါတယ်"ဟု အဆိုပါ လူမှုကူညီရေးအသင်းက သိရသည်။
#Local_News #ဆိုင်ကယ်နှစ်စီး အရှိန်ဖြင့်ဝင်တိုက်မိ #အမျိုးသားတစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ
#Yangon_Times/BM
Page 1112 of 2114