နွေရာသီမှာထွက်ရှိတဲ့ စပျစ်တွေကတော့ အရည်အသွေးအကောင်းဆုံးဖြစ်တယ်လို့သိရ
ရမည်းသင်းမြို့နယ်မှာဈေးကွက် ဝယ်လိုအားများတဲ့ စပျစ်မျိုးတွေကို ပြောင်းလဲစိုက်ပျိုးလာတယ်လို့ စပျစ်စိုက်ပျိုးသူတွေဆီက သိရပါတယ်။ လတ်တလောမှာ အရည်အသွေးကောင်းစပျစ်တွေ ထွက်ရှိမယ့် ဧပြီလအတွက် အသီးဖမ်းကာလဖြစ်ပြီးစပျစ်အကိုင်းဖြတ်ချိန်ဖြစ်ပြီးပြည်တွင်း စိုက်စပျစ်တွေဟာ ရာသီမရွေးထွက်ရှိပေမယ့်လည်း မိုးရာသီမှာထွက်တဲ့စပျစ်တွေက အရည်အသွေးပိုင်းဆိုင်ရာအားနည်းချက်များရှိပါတယ် ။
Yangon_Times/NN
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
ရေလိုအပ်နေသည့် ပဲခူးသို့ ရေဘောက်ဆာကားများဖြင့် ရေဂါလံသောင်းချီလှူဒါန်းပေးနေရ
‘ပြည့်စုံတဲ့သူတွေမှာ ရေသန့်ဝယ်ပြီး ချက်ပြုတ်ဖို့အဆင်ပြေပေမယ့် အခြေခံလူတန်းစားတွေအတွက်တော့ သောက်သုံးရေတွေ လိုအပ်နေတဲ့အတွက် သွားရောက်လှူဒါန်းပေးနေတာဖြစ်တယ်။ ဂါလံ၃၂၀၀ဆံ့တဲ့ ရေဘောက်ဆာကား(၃)စီးနဲ့ တစ်ရက်ကို ခုနှစ်ခေါက်စီ နေ့စဉ်သွားရောက်လှူဒါန်းပေးနေပြီး တစ်ရက်ကို ဂါလံ(၅၀၀၀၀)မှ(၆၀၀၀၀)ခန့်အထိလှူဒါန်းပေးနေတယ်’ ရှင်သန်ရေးကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
Published_ 17 October 2023
မြန်မာနိုင်ငံ၌ အယ်နီညို သက်ရောက်မှုနည်းမည် ဖြစ်သည့်အတွက် စိုက်ပျိုးရေး ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအခွင့်အရေးရှိကြောင်းကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းကပြောသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လပတ် ပို့ကုန်တိုးမြှင့်ရေး အတွက်၂၀၂၃ခုနှစ် အောက်
တိုဘာလ ၁၆ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် ၊ မင်္ဂလာခန်းမ၌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပို့ကုန်လုပ်ငန်းရှင် များ ညှိနှိုင်းအစည်းအဝေး၌ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
" ပို့ကုန်တိုးမြှင့်ရေးတွင် ဝန်ကြီးဌာန၊ ဆက်စပ်ဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပထမ (၆)လတာ ကာလတွင် ပို့ကုန်တင်ပို့မှု ၄၆% သာ တင်ပို့ထားနိုင်မှုအတွက် နောက်ပိုင်းကာလများတွင် ယခုထက် ပိုမိုတင်ပို့သွားနိုင်ရန် နည်းလမ်းရှာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံတွင် အယ်နီညို သက်ရောက်မှုနည်းမည် ဖြစ်သည့်အတွက် စိုက်ပျိုးရေးထွက်ကုန်များကို အထူးသဖြင့် ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ ရာဘာအပါအဝင် ပို့ကုန်များကို ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအခွင့်အရေးရှိပါကြောင်း၊ အလားအလာရှိသည့် ပို့ကုန်အမယ်သစ်များကို ရှာဖွေရန် အသင်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအကြား မျှတသော အကျိုးစီးပွားဖော်ဆောင်ရန် လိုအပ်ပါကြောင်း ၊ အသင်းချုပ်နှင့် ညီနောင် အသင်းအဖွဲ့များ အနေဖြင့် ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်ရာတွင် အမှန်တကယ် အလုပ်ဖြစ်နိုင်မည့် လက်တွေ့ကျသော ချဉ်းကပ်မှုများဖြင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ” ပြောကြားခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ(၆)လပတ် (ဧပြီလမှ စက်တင်ဘာလအထိ) ပို့ကုန်တင်ပို့မှု ၄၆% ၊ သွင်းကုန်တင်သွင်းမှု ၅၃% ရှိခဲ့ပြီး ပို့ကုန်သည် သွင်းကုန်ထက် အနည်းငယ်လျော့နည်းလျက်ရှိပြီး၊ ယခင်ဘဏ္ဍာနှစ် ပထမ(၆)လပတ်ထက် နှိုင်းယှဉ်ကြည့်လျှင်လည်းအမေရိကန်ဒေါ်လာ (၁) ဘီလီယံခန့် လျော့နည်းလျက် ရှိကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံ၊ ရာဘာ၊ ချုပ်ပြီးအထည်တို့မှာ ပို့ကုန်တင်ပို့မှု အနည်းငယ်လျော့နည်းခဲ့ခြင်းမှာ ပြည်ပဝယ်လက်များ၏ မှာယူမှုနည်းခြင်း၊ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းနှင့် တရားမဝင် ကုန်သွယ်မှုတို့ကြောင့်လည်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ(၆)လပတ် အတွက် ပို့ကုန် အမေရိကန်ဒေါ်လာ (၁၆.၅) ဘီလီယံ၊ သွင်းကုန် (၁၆) ဘီလီယံ ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၃၂.၅)ဘီလီယံ လျာထားကြောင်းသိရသည် ။
Yangon_Times/NN
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
Published 17 October 2023
နိုင်ငံကူးလက်မှတ် Pjနှင့်Ps ကိုင်ဆောင်ထားသူများ စာအုပ် သက်တမ်းကုန်ပါက အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြ နိုင်မှသာ ဆက်လက်သက်တမ်း တိုး ပေးမည် ဖြစ်ကြောင်း
ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ထံသိရသည်။
Passport For Jop (PJ)နှင့်Passport For Seaman နိုင်ငံကူးလက်မှတ် အမျိုးစားများ အတွက် သက်တမ်းတိုး လာရောက် လျှောက်ထားသည့် အခါ တွင် စီ်မံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန မှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာ သက်တမ်းတိုးပေး ခြင်း လုပ်ငန်း ကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းကိုအောက်တိုဘာ ၁၆ ရက် က ထုတ်ပြန်ထားသည်။
''မနေ့က ပဲခူး ပတ်စပို့ရုံးမှာ စာ အုပ် သက်တမ်းတိုး သွားလုပ်တာ လုပ်မရခဲ့ ဘူး ကိုယ်နေတဲ့ မြိုနယ်မှာ ရှိတဲ့ အကောက်ခွန်ဌာနမှာ အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် ယူခိုင်းတယ်၊ဒီနေ့ အခွန် ဦးစီးဌာနကို သွားတော့ လုပ်ငန်းဆိုင်ရာတွေ လုပ်ရအုံးမှာမို့ လကုန်မှ လာခဲ့ပါဆိုပြီး ပြောတယ်''ဟု နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလုပ်မည့် သူတစ်ဦးက ပြောသည်။
ထို့ကြောင့် Pjနှင့်Ps ကိုင်ဆောင်ထားသူများ အနေဖြင့် စာအုပ် သက်တမ်းတိုး မြင့်ရန် လာရောက်ပါက ပြည်တွင်း အခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် တပါ တည်း ယူဆောင်လာရန် ကြိုတင် အသိပေးထားကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times

ဧရာဝတီတိုင်းက ပြည်သူလူထုအခြေပြု ကျန်းမာရေးပညာပေးလုပ်ငန်းပိုင်းလော့ ပရောဂျက်ကာလအတွင်း ကျန်းမာရေးအသိများတိုးတက်လာ
'အရန်သားဖွားဆရာမ သင်တန်းပေးပြီးသား အမျိုးသမီးတွေကို ကျေးရွာခေါင်းဆောင်အနေနဲ့ရွေးချယ်ပြီး စေတနာ့ဝန်ထမ်း ငါးယောက်ကို ကျန်းမာဖွံဖြိုးမှုလုပ်သားတွေအဖြစ် ရွေးချယ်တယ် 'ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဦးသန်းစိန်
Yangon_Times/NN
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးတိုင်းအတွင်းရှိ ငါးကန်ဧက ၂၂၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ဟုဆို
ပဲခူးမြိုနယ်အတွင်း စံချိန်တင် ရေကြီနစ်မြုပ်ခဲ့တာကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးငါးကန် ဧက ပေါင်း ၂၂၀၀ကျော် ပျက်စီး ဆုံးရှုံးခဲ့တယ် ငါးလုပ်ငန်းဦးစီးဌာနထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
သီတင်းကျွတ်တွင် ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ဗုဒ္ဓဂါယာသွားမည့်သူ များလာ
‘ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့စင်ကာပူကို အသွားများပြီး လာမယ့်သီတင်းကျွတ်ပိတ်ရက်မှာတော့ ထိုင်း၊စင်ကာပူ အပြင် ကမ္ဘောဒီးယား၊ဗီယက်နမ်တို့ကို ဆက်သွားမယ့်သူတွေရှိနေတယ်။သီတင်းကျွတ်ပိတ်ရက်မှာ ပြည်ပကိုခရီးသွားမယ့်သူတွေ မြင့်တက်လာပေမယ့် ငွေလဲနှုန်းကြောင့် ခရီးသွားတွေ မနှစ်ကထက်မပိုနိုင်ဘူး’ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ဥက္ကဌဦးနောင်းနောင်းဟန်
Yangon_Times/tthl
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
Page 1091 of 2282