Published-6 November 2023
ယခုတစ်ပါတ်အတွက် ထုတ်ပြန်ထားသည့် စက်သုံးဆီဈေးနှုန်းများတစ်လီတာလျှင်ကျပ်(၃၀)ဝန်းကျင်ဖြင့် အနည်းငယ်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။
ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း ယခုတစ်ပတ်အတွင်းရောင်းချရန် ယနေ့ နိုဝင်ဘာ (၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၀၆၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၂၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အပါတ် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၈၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၄၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၃၅၀ ကျပ်ဖြစ်ရာတစ်လီတာလျှင်ကျပ်၂၀မှ၃၀ကျပ်အတွင်းကျဆင်းလာခြင်းဖြစ်သည်။
ယခင်က စက်သုံးဆီဈေးနှုန်းများကို တစ်နေ့တစ်ကြိမ်ပြောင်းလဲ သတ်မှတ်ပေးသော်လည်း အောက်တိုဘာလအတွင်းမှစတင်ကာ ပြည်တွင်း၌ ရောင်းချရမည့် စက်သုံးဆီဈေး နှုန်းကို တစ်ပါတ်တစ်ကြိမ်တွင်သာ သတ်မှတ်ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။
ပြည်တွင်း၌သုံးစွဲမည့်စက်သုံးဆီများကိုစင်က်ာပူနိုင်ငံမှအဓိကတင်သွင်းလေ့ရှိတာကြောင့် တင်သွင်းသည့်နိုင်ငံ၏ ဈေးနှုန်းအခြေအနေနှင့် ပြည်တွင်းငွေလဲနှုန်းအခြေအနေပေါ် လိုက်၍လည်း ဈေးနှုန်းအတက်အကျရှိတတ်ကြောင်း သိရသည်။
ထို့အပြင် ကမ္ဘာ့ရေနံဈေးနှင့်လည်း တစ်စိတ်တစ်ပိုင်းဆက်စပ်နေပြီး ယနေ့တွင် ကမ္ဘာ့ရေနံစိမ်းဈေးတစ်စည်လျှင် ကန်ဒေါ်လာ ၈၀ ဒသမ ၈၈ အထိရှိပြီး ပြီးခဲ့သည့်အပတ်နှင့် နှိုင်းယှဉ်ပါက တစ်စည်ကို ကန်ဒေါ်လာသုံးဒေါ်လာဝန်းကျင်အထိ ကျဆင်းနေတယ်လို့ စက်သုံးဆီဈေးကွက်တွင်းကသိရသည်။
Yangon Time/NN
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
စီးတီးတက်စီများ အဝါရောင် ဘေးစတစ်ကာတပ်ဆင်မှု စီးရေလေးသောင်းကျော်အထိ ရှိလာ
' ဘေးစတစ်ကာကတော့ ကျွန်တော်ထင်တယ် ၁၀စီးမှာ ၇စီးလောက်က ပြီးသွားပါပြီ၊ ကိုယ့်ဖာသာလည်း လုပ်ကြတယ်၊ခြောက်သောင်းလောက်မှာ လေးသောင်းကျော်လောက် ကပ်ပြီးသွားပြီ။
'(YRTC)တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်
Yangon Time/NN
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရွှေဘိုသနပ်ခါးတုံးများ ဝယ်လိုအားတက်၊ နွေရာသီဈေးထိုးတက်ရန် မရှိဟုဆို
‘ရွှေဘိုသနပ်ခါးတုံးတွေကို အပွေးအခေါက် အရည်အသွေးပေါ်မူတည်ပြီး လက်တစ်ထွာသာသာ ၄လက်မကျော် အရွယ်အစားရှိတဲ့ သနပ်ခါးတုံးတွေကို လက်ကားဈေး အနည်းဆုံးကျပ်၂၀၀မှ အရည်အသွေး အကောင်းဆုံးအတုံးကြီးတွေကို အများဆုံးကျပ် ၃၅၀၀နဲ့သာ ရောင်းချပေးနေတယ်’ ရွှေဘိုမြို့ သနပ်ခါးပင်ရင်းဒိုင်မှ တာဝန်ရှိသူတစ်ဦး
Yangon Time/tthl
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရှင်လောင်းချိန်ဆိုလည်း မှာကြတယ်၊နယ်တွေကတော့ ပုံမှန်ရှင်ပြုတွေရှိနေတာ ဆိုတော့လေ
'အခုချိန်က အရမ်းပူတော့ ဖျာနဲ့ပဲအဆင်ပြေကြတယ်၊ အရောင်းသွက်တယ်၊ ကထိန်ဆိုလည်းအော်ဒါလှမ်းမှာကြတယ်၊'ရန်ကုန်မြို့က ဖျာလက်ကားရောင်းချသူ ဒေါ်မြင့်စန္ဒာ
#Yangon_Times/NN
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
(၃)နှစ်တာ အကျဉ်းရုံးကျင်းပခဲ့သည့် လှည်းကူးတန်ဆောင်တိုင်ပွဲတော် ယခုနှစ်တွင် စည်ကားစွာကျင်းပမည်
‘အခုနှစ်မှာထူးခြားချက်အနေနဲ့ လှည်းကူးမြို့နယ်အပြင် တိုက်ကြီးမြို့နယ်ဘက်ကိုလည်း လှည်းကူး တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူဘုရားတွေ လှည့်လည်အပူဇော်ခံတာတွေဆောင်ရွက်သွားဖို့ ရှိပါတယ်’ လှည်းကူးတန်ဆောင်တိုင် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းမြောက်တိုက်ပွဲကြောင့် လောက်ကိုင်တွင် အနယ်နယ်အရပ်ရပ်မှ ပြည်သူ သောင်းနှင့်ချီ ပိတ်မိနေဟုဆို
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာ အနယ်နယ် အရပ်ရပ်မှ ပြည်သူသောင်းနဲ့ချီ ပိတ်မိနေတယ်လို့ လူမှုကူညီရေးအသင်းတွေထံ ကသိရပါတယ်
#Yangon_Times/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 6 November 2023
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် Michael Feichtenbeiner သည် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းလူစာရင်းအား ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြည်တွင်းပြည်ပ ကလပ်အသင်းများမှ ကစားသမား ၂၉ ဦးပါဝင်သည့် အဆိုပါ စာရင်းတွင် ဒဏ်ရာကြောင့် နောက်တန်းလူ စိုးမိုးကျော် (ဖနွမ်းပင်ခရောင်း၊ ကမ္ဘောဒီးယား)နှင့် ကစားသမားအချို့ပါဝင်နိုင်ခြင်း မရှိပေ။
လက်ရှိရွေးချယ်ထားသော ကစားသမားများ အနေဖြင့် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်း(၁)တို့တွင် ယနေ့ နိုဝင်ဘာ ၆ ရက်မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
လေ့ကျင့်မှုများ ပြီးဆုံးသည်နှင့် အပြီးသတ် ကစားသမားစာရင်း ဆက်လက် ရွေးချယ်ကာ နိုဝင်ဘာ ၁၃ ရက်တွင် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ ပွဲစဉ်များအနက် ပထမဆုံး ပွဲစဉ်ဖြစ်သည့် ဂျပန်နှင့်မြန်မာ ပွဲစဉ်အား ယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ထွက်ခွာမှာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အသင်းသည် ဂျပန်နှင့်ပွဲစဉ်အား ယှဉ်ပြိုင်ကစားပြီးနောက် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဒုတိယမြောက်ပွဲစဉ်အဖြစ် မြောက်ကိုရီးယား အသင်းနှင့် ရန်ကုန်မြို့တွင် ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 1093 of 2319