Published_ 18 October 2023
ရွှေတိဂုံအင်္ဂါထောင့်ရှိ ဗုဒ္ဓခြေတော်ရာနှစ်ဆူအား ကြေးသွန်းလက်ရာခြေရာတော်များအဖြစ် အစားထိုးသွန်း လုပ်ပူဇော်ခဲ့ပြီး ရွှေပလ္လင်ဌာနတိုက်အတွင်းသို့ ဌာပနာပစ္စည်းများထည့်သွင်းပူဇော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ဖော်ပြချက်အရသိရသည်။
နဝလောဟ ရတနာပါဒစေတီ ဗုဒ္ဓခြေတော်ရာ (၂)ဆူအား သွန်းလုပ်ပြီးစီး၍ အောက်တိုဘာလ၁၄ရက်တွင် မန္တလေးမြို့မှ ပင့်ဆောင်လာကာ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ကျိုက်က္ကလော့ဘုရား၌ ကရဝိတ်ပန်းကားယာဉ် ပေါ်သို့ ပြောင်းလဲပင့်ဆောင်၍ လမ်းတစ်လျှောက်၌ အပူဇော်ခံ ပင့်ဆောင်ခဲ့ပြီး ရွှေတိဂုံစေတီတော်ရှေးဟောင်း ရုပ်ပွားတော်များတန်ဆောင်း၌ ယာယီကိန်းဝပ်စံတော်မူခဲ့သည်။
ရွှေတိဂုံစေတီ ရင်ပြင်တော် အင်္ဂါထောင့်တွင် တည်ထားကိုးကွယ်သော ဗုဒ္ဓခြေတော်ရာ (၂)ဆူအား အစားထိုးသွန်း လုပ်ခြင်းအား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)က ဦးဆောင်၍ မန္တလေးမြို့ ကြေးသွန်းပညာရှင်တမ္ပဝတီ ဦးဝင်းမောင် ထံ အပ်နှံခဲ့သည်ဟုဆိုသည်။
အောက်တိုဘာ ၁၇ ရက်တွင် ရွှေတိဂုံစေတီတော်၌ နဝလောဟရတနာပါဒစေတီ ဗုဒ္ဓခြေတော်ရာ(၂)ဆူထားရှိမည့် ဗောဓိမဏ္ဍိုင် တန်ဆောင်း၊ ရွှေပလ္လင်ဌာနတိုက်အတွင်းသို့ ဌာပနာပစ္စည်းများ ထည့်သွင်းပူဇော်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်းနှင့် သတ္တဌာန ပစ္စည်းများ ထည့်သွင်းခြင်း၊ ရတနာပစ္စည်းများ ထည့်သွင်းခြင်း၊ ဌာပနာပစ္စည်းများကို အမွှေနံ့သာများဖြင့် ပက်ဖြန်းခြင်းများ ပြုလုပ်ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group

Published 18 October 2023
အောက်တိုဘာ ၁၆ ရက်က ထွက်ရှိတဲ့ ထိုင်းထီ ပထမ အမြင့်ဆုံးဆုကို ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအလုပ်သမား လူငယ်လေးတစ်ဦး ဆွတ်ခူး ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားအရေးကူညီ ဆောင်ရွက်ပေးသူထံ က သိရသည်။
ထိုင်းထီ မှာ တစ်လ လျှင် နှစ်ကြိမ် ထွက်ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁ရက် က ထွက်ရှိသည့် ထိုင်းထီ ပထမဆု ဘတ်ခြောက်သန်း ကို လည်း ထိုင်း-လာအို နယ်စပ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ဇနီးမောင်နှံ တို့ ရရှိခဲ့ ကြောင်း သိရသည်။
''အခု အကြိမ် လည်း မြန်မာလူမျိုး ပဲ ပေါက်တာ အသက် ၂၆နှစ်ပဲ ရှိသေးတယ် ကောင်လေး က မဟာချိုင် မှာရှိတဲ့ အချိုရည် စက်ရုံ မှာအလုပ်လုပ်နေတဲ့ အလုပ်သမား တစ်ဦးပါ ''ဟု ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
ယခုအကြိမ် ထိုင်းထီ ပထမ ဆု ဘတ်ခြောက်သန်း ရရှိသည့် မြန်မာနိုင်ငံသား မှာ ပဲခူးတိုင်းဇာတိ ဖြစ်ပြီး မိဘများ ကို လုပ်ကျွေးနေသူ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပထမ ဆု ဆွတ်ခူး ရရှိသည့် မြန်မာအလုပ်သမား မှ ဆုငွေ ထုတ် ယူရန် အတွက် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက် ပေးသူများက လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group

Published 18 October 2023
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် (အရှေ့ပိုင်း) ကစင်ကျေးရွာ အနီး လှိုင်မြစ် အတွင်းရေဆင်းကူးရာမှ လူငယ်တစ်ဦး ရေနစ်သေဆုံမှု ဖြစ်ပွားခဲ့ကြောင်း မေတ္တာပါရမီအသင်း(လှိုင်သာယာ) ထံ မှ သိရသည်။
အောက်တိုဘာ ၁၆ ရက် နေ့လည် ပိုင်း ကစင်ကျေးရွာ ၊ကစင် ဘုန်းတော်ကြီးကျောင်း အနီး လှိုင်မြစ် ကမ်း တွင် လူငယ် သုံးဦး ရေဆင်း ကူးရာမှ တစ်ဦးမှာ ရေနစ်ပျောက်ဆုံး သွားတာကြောင့် လူမှုကူညီရေး အသင်းများ ထံ အကူ ညီတောင်းလာ သဖြင့် ရှာဖွေပေးခဲ့ရာ အောက်တိုဘာ ၁၇ ရက် ညနေ ၄နာရီ တွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။
'' ၁၅နှစ် ၁၆ နှစ် ဝန်းကျင် ရှိတဲ့ ကလေးသုံးယောက် လှိုင်မြစ် ထဲ ရေဆင်းကူးကျတာ တစ်ယောက်ကရေနစ် သွားလို့ဆို ပြီး ကျွန်တော်တို့ အသင်း ကို ၁၆ရက်နေ့ ညနေ ၄နာရီ လောက် အကူညီတောင်း လာတယ် အဲ့နေ့ ညနေ ကတည်း က ရှာတာ မတွေ့ဘူး ၁၇ ရက် နေ့ ညနေ ပိုင်းလောက်မှာ ယခင် ကမ်း ပျိုပြီး စေတီ ပါသွားတဲ့ နေရာမှာအလောင်း ပြန်တွေ့တယ် ''ဟုမေတ္တာပါရမီအသင်း(လှိုင်သာယာ) မှ ကိုအောင်ခိုင် က ပြောသည်။
ရေနစ်သေဆုံးခဲ့သည့် လူငယ်မှာ အသက် ၁၆ နှစ် ရှိပြီ ဖြစ်ပြီး လှိုင်သာယာ အရှေ့ပိုင်း မြို့နယ်ကစင်ကျေးရွာ တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group

Published_ 18 October 2023
ပြီးခဲ့သည့်(၂၄)နာရီအတွင်း ဒေသ(၁၁)ခု၌မိုးရေချိန်များခဲ့ပြီး အောက်တိုဘာလ(၁၉)ရက်အပါအဝင်လာမည့် ရက်များတွင်ဒေသအချို့မှာတော့ မိုးထစ်ချုန်းရွာနိုင်သေးကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှသိရသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဓနုဖြူမြို့တွင် (၂.၈၀)လက်မ၊ အင်္ဂပူမြို့တွင် (၁.၇၄)လက်မ၊ လေးမျက်နှာ မြို့တွင် (၁.၆၀)လက်မ၊ ဖြူးမြို့တွင် (၁.၅၇)လက်မ၊ ရန်ကုန်(မင်္ဂလာဒုံမြို့နယ်)တွင် (၁.၅၃) လက်မ၊ နမ့်စန်မြို့တွင် (၁.၄၂)လက်မ၊ ဟင်္သာတမြို့နှင့် ကျောင်းကုန်းမြို့တို့တွင် (၁.၂၆)လက်မစီ၊ သာပေါင်းမြို့တွင် (၁.၂၀)လက်မ၊ ဂွမြို့နှင့် ထားဝယ် မြို့တို့တွင် (၁.၁၄)လက်မစီတို့ရှိခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ(၁၉)ရက်တွက် တနင်္သာရီတိုင်း၌ နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်ဖြစ်သည်ဟုဆိုသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်အဖြစ် ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group
လက်ဖက်အထွက်နှုန်း ကျဆင်းခြင်းကြောင့် လက်ဖက်ခြောက်ဈေးနှုန်း ထက်ဝက်ကျော်အထိ မြင့်တက်
' အခုနှစ်နွေရာသီက ပုံမှန်ထက်နေပူရှိန်ပြင်းတာနဲ့ အခုနှစ်မိုးရာသီမှာ ပုံမှန်ထက်နေပူရက်နဲပါးပြီး လက်ဖက်ပင်အစာချက်လုပ်ဖို့ နေရောင်ခြည်လုံလုံလောက်လောက် မရရှိဘဲအညွန့် ကောင်းကောင်းမထွက်နိုင်လို့ အထွက်နှုန်းကျဆင်းတာ။ ' ပင်းတယမြို့နယ်ကလက်ဖက်လုပ်ငန်းလုပ်ကိုင်သူ ဦးခန်းချောဝင်း
Yangon_Times/NN
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group
ဘီလူးချောင်းရေကြီး၍ နေအိမ်အချို့ရေဝင်၊ချောင်းဘေးရှိ ကျေးရွာ၊ရပ်ကွက်နေထိုင်သူများ ကြိုပြောင်းသင့်
‘ ဘီလူးချောင်းဘေးရှိ အနိမ့်ပိုင်းနေအိမ်တွေကို အိမ်ထဲရေဝင်တာတွေရှိပြီး သက်ကြီးရွယ်နဲ့ သွားလာရတဲ့ ခက်ခဲသူအချို့ကို ရွှေ့ပြောင်းပေးထားပြီး ချောင်းဘေးနေအိမ်တွေ ပြောင်းရွှေ့ဖို့ အသင့်ပြင်ဆင်ထားသင့်တယ်။ မိုးဗြဲဆည်အပေါ်မူတည်တယ်’ ရွှေလွိင်ကော်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group
ရွှေကုန်ကြမ်း ပေါများချိန်ဖြစ်သောကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း အတက်အကျနည်းပါးပါက မြန်မာ့ရွှေဈေး ဆက်လက်ကျဆင်းနိုင်
' ကမ္ဘာ့ရွှေဈေးက တခြားဘာအနှောင့်အယှက်မှ မရှိရင် သီတင်းကျွတ်တန်ဆောင်တိုင်မှာ မြန်မာ့ရွှေဈေး အကျဆုံးအခြေအနေရောက်ပြီး တည်ငြိမ်တဲ့ရွှေဈေးနဲ့ ဆက်သွားမယ် ' မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း မှတွဲဖက်အတွင်း
ရေးမှူး ဦးကြည်စိန်
Yangon_Times/NN
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 1089 of 2282