#Daily_News
Published_ 20 October 2023
၁။ မူပိုင်ခွင့်ချိုးဖောက်သူများကို ‘စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ' ဖြင့် တရားစွဲဆိုအရေးယူနိုင်ပြီဟုဆို
၂။ ယခုနှစ် မျှင်ဖမ်းရာသီအတွက် ကုန်ကျစရိတ် ယခင်ထက်နှစ်ဆကျော် ပိုများလာ
၃။ မြန်မာ့ရွှေဈေးကွက်တစ်ခု ဖော်ဆောင်နိုင်ပါက လေပတ်ကားဈေးကွက် ပပျောက်နိုင်
၄။ (၄၃)ကြိမ်မြောက် ပင်လယ်ကွေ့အိုင်တီပြပွဲကြီးအား ဒူဘိုင်းတွင်(၅)ရက်တာ ခင်းကျင်းပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 20 October 2023
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ မြတ်မော်တင်စွန်းစေတီတော်မြတ်၌ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ၂၉ရက်နေ့တွင် ဆီမီးကိုးထောင်၊ ပန်းကိုးထောင်၊ ကပ်လှုပူဇော်မည်ဖြစ်ပြီး မီးပုံးပျံလွှတ်ပွဲလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း မြတ်မော်တင်စွန်းဆရာတော်၏ မိန့်ကြားချက်အရသိရသည်။
အဆိုပါ မြတ်မော်တင်စွန်းစေတီတော်တွင် မဟာမြိုင်တောရနှင့် သဲဖြူဓမ္မရိပ်သာဆရာတော်ကြီးနှင့် တပည့်ဒါယကာများက ၁၃၈၅ သီတင်းကျွတ်လဆန်း ၁၄ရက်နေ့ အောက်တိုဘာလ၂၈ရက်နေ့ညတွင် ဘုရားရင်ပြင်တော်ပေါ်၌ အလှုတော်ငွေပေးအပ်ပွဲကို ကျင်းပမည်ဖြစ်ပြီး အလှုရှင်များကို တရားချီးမြှင့်သွားမည်ဖြစ် ကြောင်းသိရသည်။
သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၂၉ရက်နေ့ နံနက်၆နာရီတွင် မော်တင်စွန်းဘုရားအနီးဝန်းကျင်ရှိ
ကျေးရွာများမှ ကျောင်းပေါင်း၅၀မှ သံဃာအပါးပေါင်း ၁၆၀ကို ဆွမ်းသဃ်န်းနှင့် အလှုရှင်များမှ နဝကမ္မအလှုငွေများ
ဆက်ကပ်လှုဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သီတင်းကျွတ်လပြည့်နေ့ညတွင် ဘုရားရင်ပြင်တော်ပေါ်၌ ဆီးမီးကိုးထောင် ပန်းကိုးထောင်ကို ကပ်လှုပြီး မီးပုံးပျံလွှတ်မည်ဖြစ်ကြောင်း၊ သီတင်းကျွတ်လပြည့်ကျော်၁ရက်နေ့ အောက်တိုဘာလ၃၀ရက်နေ့တွင် မြတ်မော်တင်ဘုရား၏ မူလဘုရားဒါယကာဇေယျသေန နဂါးမင်းနှင့် နဂါးမျိုးနွယ်များအား နဂါးစာကျွေး မွေးလှုဒါန်းပွဲကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group

လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်ဖြစ်ပြီး ရခိုင်မြောက်ပိုင်းသို့ ရွေ့လျားနိုင်
‘လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်ဖြစ်ပြီး အဲဒီ့မုန်တိုင်းငယ်ဟာ ရခိုင်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ဘက်သို့ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်းတိုက်ခတ်တာ၊ မြန်မာနိုင်ငံအနောက်ဘက်ခြမ်းဒေသတွေမှာ မိုးရွာသွန်းတာမိုးများတာတွေ ဖြစ်ပေါ်နိုင်တယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးမှုဌာနမှ ညွှန်ကြားရေးမှူးဦးလှထွန်း
Yangon_Times/tthl
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group
အိန္ဒိယဝယ်လိုအားနှင့်အတူ မြန်မာ့မတ်ပဲဈေးနှုန်းများ လိုက်ပါမြင့်တက်နေ
' တဖက်က ဝယ်လိုအားကောင်းလို့ ဈေးတက်လာတာရယ်၊ အိန္ဒိယရာသီဥတုကြောင့် အထွက်နှုန်းနဲ့ အရည်အသွေးကျတာကြောင့် ပိုဝယ်လာတာရယ်ကြောင့် ဒီဘက်မှာ ဈေးတက်လာတာပါ ' မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ၊ဧရာကုန်သွယ်မှုဗဟိုဌာနမှ တာဝန်ခံဦးနေဝင်းစိုး
Yangon_Times/NN
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group
မြန်မာ့ရွှေဈေးကွက်တစ်ခု ဖော်ဆောင်နိုင်ပါက လေပတ်ကားဈေးကွက် ပပျောက်နိုင်
' အပြင်မှာ တရားမဝင်လုပ်သလိုမျိုး လျော်စရာရှိရင် မလျော်တာတို့ ရစရာမရှိရင် မရတာတို့ အဲ့ဒီပြသနာမျိုးမဖြစ်ဘူး ။အဲ့ဒီလိုမဖြစ်အောင် အစိုးရသက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်ကနေပြီးတော့ ကြီးကြပ်ပြီးmyanmar gold market တစ်ခုကို စည်းတွေမျဉ်းတွေ နည်းဥပဒေတွေထုတ်ပြီးတော့ ဝန်းရံပေးဖို့လိုပါတယ် ' မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က တွဲဖက်အတွင်းရေးမှူးဦးကြည်စိန်
Yangon_Times/NN
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group
ယခုနှစ် မျှင်ဖမ်းရာသီအတွက် ကုန်ကျစရိတ် ယခင်ထက် နှစ်ဆကျော် ပိုများလာ
မျှင်ငါးပိပြုလုပ်တဲ့ မျှင်ကောင်များဖမ်းတဲ့ ရာသီချိန်အတွက် ကုန်ကျစရိတ်မှာ ယခင်နှစ်တွေထက် နှစ်ဆကျော်များလာတယ်လို့ ရေလုပ်ငန်းရှင်များထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group
‘စာပေနှင့် အနုပညာမူပိုင်ခွင့်’ အာဏာတည်ပြီဖြစ်၍ မူပိုင်ခွင့်ချိုးဖောက်သူများကို တရားစွဲနိုင်ပြီ
‘စာပေနှင့် အနုပညာမူပိုင်ခွင့်မှာ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ဓာတ်ပြား၊ ဓာတ်ပုံ၊ ရိုးရာဓလေ့ အမွေအနှစ်ဖော်ပြချက်တွေ၊ ပုံပြင်တွေ၊ ဖျော်ဖြေတင်ဆက်တဲ့ ကိစ္စရပ်တွေ၊ သီချင်းMTVတွေ စတာတွေ ပါဝင်တယ်။ ပြစ်ဒဏ်အနေနဲ့ ၃နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်၁၀သိန်းထပ်မပိုတဲ့ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်နိုင်မှာဖြစ်တယ်’ တရားလွှတ်တော်ရှေ့နေဒါရိုက်တာဦးအောင်စိုးဦး
Yangon_Times/tthl
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 1085 of 2282