‘မျက်စိလူနာတွေအနေနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနမှာ လွှဲစာယူပြီး မော်လမြိုင်ဆေးရုံကြီးမှာ တနင်္လာနေ့နဲ့ဗုဒ္ဓဟူးနေ့တွေ မှာလာရောက်ပြသနိုင်တယ်’ ဒေါက်တာနန္ဒဝင်း(မွန်ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)
Published_ 17 July 2023
#tthl #မျက်စိလူနာ(၃၃)ဦးအခမဲ့ခွဲစိတ်ကုသ
#Yangon _Times
ကလေးငယ် စွန့်ပစ်ခံရတဲ့အကြောင်း အသင်းတာဝန်ရှိသူတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်မှာရေးသားဖော်ပြခဲ့ရာက တစ်ဆင့် အဖွားတော်စပ်သူက သိရှိကာ လာရောက်ခေါ်ယူသွားတာဖြစ်
Published_ 17 July 2023
#Ymg/my # နှစ်လသားကလေးငယ်ပိုင်ရှင်ပြန်တွေ့
#Yangon _Times
#Local_News
Published_ 17 July 2023
နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် အာဇာနည်နေ့အထူးပြပွဲအနေဖြင့် ဓာတ်ပုံများ၊ ဆောင်းပါးများပါဝင်သည့် ဘေဘုတ်(၂၉)ခု ပြသသွားမည်ဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မကွေး)မှသိရသည်။
နေအိမ်ပြခန်းများကတော့ ပုံမှန်ပြသထားပြီး ယခုအာဇာနည်နေ့အထိမ်းအမှတ်အထူးပြပွဲအဖြစ် ခြံထဲတွင် ဗီနိုင်းများဖြင့် အာဇာနည်ကိုးဦး၏ပုံများ၊ ဆောင်းပါးများကို ပြသထားမည်ဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မကွေးတာဝန်ခံ)ဒုတိယညွှန်ကြားရေးမှူးဒေါ်ညိုညိုသန်းက YMGကိုပြောသည်။
အထူးပြပွဲတွင်ပြသထားမည့် ဓာတ်ပုံ၊ ဆောင်းပါးများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝအကြောင်း၊ တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးလောကထဲဝင်ရောက်လာပုံနှင့် မိသားစုဘဝများကိုပြသထားမည်ဟုဆိုသည်။
အာဇာနည်နေ့အထူးပြပွဲအနေဖြင့် ဓာတ်ပုံများ၊ဆောင်းပါးများပါဝင်သည့်ဘေဘုတ်အသေး(၉)ခုဘေဘုတ် အကြီး(၂၀)ပြသထားမည်ဖြစ်ကြောင်းနှင့် ဇူလိုင်လ၁၉ရက်အာဇာနည်နေ့တစ်ရက်သာ အထူးပြပွဲပြသသွားမည် ဖြစ်ကြောင်းသိရသည်။
#tthl #Local_News #ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌အာဇာနည်နေ့အထူးပြပွဲ
#Yangon_Times
နောက် (၁၂)နာရီအတွင်း တိုင်ဖွန်းမုန်တိုင်း“တာလင်း” (Talim)အဖြစ်နဲ့ ပိုမိုအားကောင်းလာနိုင်တယ်လို့ ဆိုပါတယ်
Published 17 July 2023
#Local_News #မြန်မာ့ပင်လယ်ပြင်မှာလှိုင်းကြီး
#YMG/my #Yangon_Times
#Local_News
Published 17 July 2023
ချင်းတွင်းမြစ်ရေတက်နေသောကြောင့် စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်နှင့်ဟုမ္မလင်းမြို့နယ်တွင် မြစ်ရေကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ(၁၆)ရက်ညနေပိုင်းတွင် သတိပေးချက်ထုတ်ပြန်ထားသည်။
အဆိုပါမြစ်ရေသည် ဇူလိုင်၁၆ရက်ညနေပိုင်းတွင်ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်အောက်(၂)ပေခန့်တွင် ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။
ဇူလိုင် ၁၆ ရက်ညနေပိုင်းတွင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေအမှတ်အောက်(၃) ပေခန့်တွင်ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနိုင်သည် ဟုဆိုသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နယ်နှင့်ဟုမ္မလင်းမြို့နယ်တွင် အခုရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်ရောက်ဖြစ်၍ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်အကြံပြု သတိပေးထားကြောင်း သိရသည်။
#tthl #Local_News #ခန္တီးမြို့နယ်နှင့်ဟုမ္မလင်းမြို့နယ်၌ မြစ်ရေကြီးနိုင်
#Yangon_Time
#Local_News
Published-17 July2023
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် လှိုင်းပေါက်ကျေးရွာမှ မြစ်ရေဆိပ်တွင်ရေဆင်းချိုးရင်း ရေနစ်သေဆုံးသွားသူ ယောင်္ကျားလေး ၁ဦး၏ရုပ်အလောင်းကို ဇူလိုင်လ ၁၇ ရက်(ယနေ့) သဂြိုလ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၁၆ ရက် ညနေ ၃ နာရီ ၃၈ မိနစ်အချိန်ခန့်က ကလေးငယ် ၃ ဦး ဆင်ရွာကျေးရွာတောင်ဘက် မြစ်ရေဆိပ် ရေဆင်းချိုးကြစဉ် အသက်၁၄နှစ်အရွယ်မောင်ဝဿန်မှာ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လူမှုကူညီရေးအသင်းကို ဖုန်းဆက်အကူအညီတောင်းလာသဖြင့် ချက်ချင်းသွားရောက်၍ ဝိုင်းဝန်းရှာဖွေကြရာ ရှာဖွေချိန် ၅ မိနစ်ခန့်အကြာတွင် ပျောက်ဆုံးနေရာနှင့် ၁၀ ပေအကွာ ရေအနက်ခန့်မှန်း ၁၃ ပေအကွာ ၌ မှောက်လျှက်အနေအထား ပြန်လည်တွေ့ရှိခဲ့ကြောင်း Ambulance Free Services Group ကသိရသည်။
"ရေမြုပ်နေတာ၊ အသင်းကိုခေါ်တာနဲ့ ရေအောက်ကြာချိန် ခန့်မှန်း ၃၅ မိနစ်လောက်ကြာတယ်လို့ ခန့်မှန်းရတယ်။ဆေးရုံပို့ချိန်မှာ သေဆုံးနေပြီ"ဟု အဆိုပါ အသင်းက သိရသည်။
ယင်းယောင်္ကျားလေး၏ နောက်ဆုံးခရီးကို ယနေ့ညနေ ၃ နာရီတွင် လှိုင်းပေါက်ကျေးရွာ သုသာန်၌သင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။
#Local_News #ရေနစ်သေဆုံးသူရုပ်အလောင်းကိုယနေ့သဂြိုလ်
#Yangon-Times/BM
‘လပြည့်နေ့မှာ မနက်မှာ အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းတာ၊ သီလခံယူပွဲနဲ့ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကျင်းပသွားဖို့ရှိသလိုဝါဆိုရွှေကြာသင်္ကန်းကပ်လှူသွားဖို့ရှိတယ်’ ဦးဘိုးသင်း၊ (ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်)
Published 17 July 2023
#Local_News #ရွှေတိဂုံစေတီတွင် ဓမ္မစကြာအခါတော်နေ့
#tthl #Yangon_Time
Page 1082 of 2114