#Health_Matters
Published_ 3 June 2023
- ရာသီပြောင်းကာလတွေမှာ ဘာဖြစ်လို့ ကျန်းမာရေးသတိရှိဖို့လိုတာလဲ...??
#Health_Matters #ရာသီပြောင်းနှင့်ကျန်းမာရေးသတိ
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 3 June 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ စစ်တွေကမ်းနားလမ်း မြစ်ပြင်ထဲဆင်းသွား၍ပျောက်ဆုံးနေသည့် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ရေထဲဆင်း၍ မိမိကိုယ်ကိုယ် သတ်သေကြောင်း ယူဆရ၍ ရှာဖွေမှုမှုများလုပ်ဆောင်နေကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းကသိရသည်။
အသက် ၄၅ နှစ်အရွယ်စစ်တွေနည်းပညာအထက်တန်းကျောင်းမှကျောင်းအုပ်ကြီး ဦးသိန်းနိုင်သည် ဇွန်လ ၂ရက် မွန်းလွဲ၁၂နာရီခွဲကျော်အချိန်တွင် ကမ်းနားလမ်းရှိ တြိဂံလမ်းဆုံနှင့်စစ်တွေဖောင်တော်ဟောင်းလမ်းကြားရှိကျောက်တန်းရှိသည့်နေရာ မြစ်ပြင်သို့ တစ်ဦးတည်းဆင်းသွားရာမှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
"ရေထဲဆင်းသွားချိန်မှာ ကမ်းနားလမ်းက အလုပ်သမားတွေကမြင်လိုက်တယ်။ သူနဲ့အတူပါလာတဲ့ ပစ္စည်းတွေကို ကမ်းနားမှာချထားခဲ့တယ်။လောလောဆယ်မှာ ရှာဖွေနေကြောင်း"အဆိုပါပရဟိအအသင်းကသိရသည်။
ပျောက်ဆုံးနေသူဆရာကြီးအား မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအရေးပေါ်လူမှုကူညီရေးနှင့်သွီးလှူရှင်များအ သင်းက ကမ်းနားလမ်းတစ်လျှောက် ပွိုင့်ကမ်းခြေတို့တွင်ရှာဖွေနေကြကြောင်းသိရသည်။
ပျောက်ဆုံးနေသူကျောင်းအုပ်ဆရာကြီးမှာ စစ်တွေတွင်တာဝန်ထမ်းဆောင်နေသော ဗမာတိုင်းရင်းသားတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။
#ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 2 june 2023
ရွှေတိဂုံစေတီတော်ကြီးမှာ ဇွန်လ(၂)ရက်နယုန်လပြည့်နေ့မှာ မဟာသမယအခါတော်နေ့ အခမ်းအနားကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးခေါင်းလောင်းတွေ တစ်ပြိုက်နက်တီးခတ်ပူဇော်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲထံမှ သိရပါတယ်၊၊
#Local_News #ရွှေတိဂုံစေတီတော် #နယုန်လပြည့် #ငြိမ်းချမ်းရေးခေါင်းလောင်း
#YMG #Yangon_Media_Group
#Local_News
Published_ 2 june 2023
ဇွန်လဆန်းပိုင်းရောက်ပြီဖြစ်လို့ နောက်နှစ်ရက်အတွင်း နေပြည်တော် ၊မန္တလေး ၊မကွေးစတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မုတ်သုန်လေ စဝင်တော့မှာဖြစ်ပြီး မုတ်သုန်မိုးတွေရွာနိုင်ခြေရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ #မုတ်သုန်မိုးရတော့မည် #မိုးသက်လေပြင်းတိုက်နိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 2 JUN 2023
ရန်ကုန်တိုင်း၊ လှည်းကူးမြိုနယ်ရှိ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇/၆ အနီး ရတနာအောင်မြေ ကျောင်းတိုက်မှာ လာမယ့် ဇွန်လ ၂ရက် ယနေ့မှာ ဒူးရင်းသီးစတုဒိသာ ပွဲတော်ပြုလုပ်နေပါတယ်။
#Local_News #ရန်ကုန် # ဒူးရင်းသီးစတုဒိသာပွဲပြုလုပ်
#YMG #Yangon_Media_Group
#Local_News
Published_ 2 june 2023
ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမယ့် မြောက်ဦးအမွေအနှစ်ဒေသဟာ မုန်တိုင်းသက်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ပြီး ယူနက်စကိုရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ပြုပြင်ထိန်းသိမ်းသွားဖို့ ရှိတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News ##ကမ္ဘာ့အမွေအနှစ် #မြောက်ဦးဒေသ #ယူနက်စကိုလမ်းညွှန်ချက်များ
#YMG #Yangon_Media_Group
#Daily_News
Published_ 2 June 2023
၁။ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမည့် မြောက်ဦးဒေသ ထိခိုက်ပျက်စီးမှုများကို ယူနက်စကို လမ်းညွှန်ချက်များနှင့်အညီ ရှေးမူမပျက်ပြုပြင်မည်
၂။ ရန်ကုန်မှာ ဒူးရင်းသီး စတုဒိသာပွဲပြုလုပ်နေ
၃။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ မုတ်သုန်မိုးရတော့မည် ၊မိုးတိမ်တောင်ကြောင့် ဒေသအချို့၌ မိုးသက်လေပြင်းတိုက်နိုင်
၄။ တရုတ်နယ်စပ် ဖြတ်သန်းသွားလာခွင့်ပြုပြီးနောက် အခွန်လွတ်ဈေးများ ရောင်းအားပြန်တက်လာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1077 of 2048