#Local_News
Published_ 22 July 2023
Naypyidaw State Acedamy မှ ကျောင်းသား၊ကျောင်းသူ(၁၁၂)ဦး Paukphaw Scholarship ပညာသင်ဆုရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD) မှပေးသည့် Paukphaw Scholarship ပညာသင်ဆုရရှိခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူတစ်ဦးကို ကျပ်(၅)သိန်းနှုန်းဖြင့် ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။
ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာသင်ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ပြီးNaypyidaw State Acedamyမှ ဘာသာရပ်(၁၂)ခုမှ ကိုယ်စားပြုကျောင်းသားကျောင်းသူများကပညာသင်ဆုများလက်ခံရ ယူခဲ့သလို CFRDမှ ပရိုဂမ်မန်နေဂျာကို ဒုတိယဝန်ကြီးကဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD)သည်၂၀၁၆ ခုနှစ်မှ ယနေ့ချိန်အထိ မြန်မာနိုင်ငံရှိတက္ကသိုလ်(၁၄)ခုမှ ကျောင်းသား၊ ကျောင်းသူ(၁၁၄၈)ဦးကို ပညာသင်ဆုပေးအပ်ခဲ့ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွင်း တက္ကသိုလ်(၆) ခုမှ ကျောင်းသား၊ ကျောင်းသူ(၈၀၀)ကျော်ကို ပညာသင်ဆု ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#tthl #Local_News #Naypyidaw State Acedamy
#Yangon_Times
‘လျှပ်စစ်သုံးမော်တော်ယာဉ်EVကားတွေကို ကုမ္ပဏီအချိုမှတင်သွင်းလာကြပြီးလုပ်ထုံးလုပ်နည်းနဲ့အညီ ထုတ်ယူခွင့်ပြုကာ အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတယ်’အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ
Published 22 July 2023
#Local_News
#EV ကား(၄၅)စီးရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ
#Ymg/my #Yangon_Times
အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် ဇုန်(၂)ခုခွဲပြီး ကစားသမားတွေကို ရွေးချယ်ခဲ့
Published 22 July 2023
#Local_News
#U-12 Junior Soccer World Challenge 2023
#Ymg/my #Yangon_Times
‘သဘင်လောကသားအများစုဟာ အိမ်ခြေရာခြေမရှိတဲ့အတွက် အခုလို သဘင်အိမ်ယာနဲ့ သဘင်ရွာ သဘင်လောကသားတွေအတွက်အကျိုးသက်ရောက်မှုများနိုင်တယ်’ ဦးပေါ်လေး၊ သဘင်ပညာရှင်တစ်ဦး
Published 22 July 2023
#Local_News
#သဘင်အိမ်ယာနှင့်သဘင်ရွာ
#tthl #Yangon_Times
#Local_News
Published 22-7-2023
အိန္ဒိယ -မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးတွင် တိုက်ရိုက်ငွေပေးချေနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် ဗဟိုဘဏ် ဉက္ကဌ တို့ ဆွေးနွေးခဲ့ကြောင်း ယင်းဘဏ်က ယနေ့တွင် ထုတ်ပြန်ထားသည်။
တိုက်ရိုက်ငွေပေးချေရေးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ Punjub National Bank တွင်ဖွင့် လှစ်ထားရှိမည့် မြန်မာဘဏ်များတွင် အထူးဖွင့်လှစ်ထားရှိသော ငွေစာရင်း၌ မည်သည့်နည်းလမ်းဖြင့်မဆိုရရှိသည့် အိန္ဒိယငွေများအား ထည့်ခွင့်ပြုသွားရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် နှစ်နိုင်ငံသဘောတူညီချက်ပါ အချက်များအနက် ဆက်လက်ဆောင်ရွက်ရန်နှင့် အိန္ဒိယနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ပြည်တွင်းသို့ လွှဲပို့ငွေကို အထူးဖွင့်လှစ်ထားရှိသော ငွေစာရင်း၌ လက်ခံထည့်သွင်းရန်လည်း ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် နှစ်နိုင်ငံအကြား ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စများကို အထောက်အကူပြုရန်နှင့် နည်းပညာဆိုင်ရာအကူအညီများပေးရန်လည်း ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
#Ymg/my #Local_News #နှစ်နိုင်ငံကုန်သွယ်ရေးတွင် တိုက်ရိုက်ငွေပေးချေရေးဆွေးနွေး
#Yangon _Times
#Local_News
Published- 22 July 2023
ရှမ်းပြည်နယ်(တောင်ပိုင်း)ဟိုပုံးမြို့နယ်တွင် ပထမဦးဆုံးတည်ဆောက်နေသည့် ထောပတ်သီးသန့်စင်ထုပ်ပိုးသည့်စက်ရုံကို ကုန်ကျငွေကျပ်သိန်းပေါင်း (၃၀၀၀၀)ကျော် အကုန်ကျခံ၍ တည်ဆောက်လျက်ရှိကြောင်း ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
မြန်မာနိုင်ငံတွင် ထောပတ်သီး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လာမည့်ထောပတ်သီးရာသီအမီ ကြိုးစားတည်ဆောက်လျက်ရှိပြီး လက်ရှိတွင် (၆၀)ရာခိုင်နှုန်းတည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စက်ရုံတည်ဆောက်ပြီးပါက ခူးဆွတ်အသီးများကို သန့်စင်ခြင်း၊ အရွယ်အစား Size ခွဲခြင်း၊ ပါကင်လုပ်ခြင်း စသည့်စနစ်ပိုင်းများဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ပနိုင်ငံများက တောင်းဆိုသည့် KG ပုံးများအတိုင်း ထုပ်ပိုးကာ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လာမည့် ထောပတ်သီးရာသီ၌ အိန္ဒိယနိုင်ငံမှ ထောပတ်သီးတန်ချိန် (၁၀၀၀)ဝယ်ယူရန် ကမ်းလှမ်းထားပြီး မြန်မာကုန်ထွက် ထောပတ်သီးရာသီချိန်ဖြစ်သော နိုဝင်ဘာလမှဖေဖော်ဝါ ရီလအတွင်း လာမည့် ၂၀၂၃-၂၀၂၄ခု နှစ်တွင် အိန္ဒိယနိုင်ငံသစ်သီးကုန်သည်အဖွဲ့အစည်းမှဝယ်ယူရန်ကမ်းလှမ်းထားသော တန်ချိန်(၁၀၀၀) ကိုလည်း တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ပထမဦးဆုံးထောပတ်သီးသန့်စင်ထုတ်ပိုးသည့်စက်ရုံကိုဟိုပုံးမြို့နယ်တွင်တည်ဆောက်နေ
#Yangon_Times/BM
Published_ 21 July 2023
ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို ရဲချုပ်အသစ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ယနေ့ ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ထုတ်ပြန်ချက်အရသိရပါတယ်။
နစကရဲ့ ၂၀၂၃ခုနှစ် ဇူလိုင် ၂၁ရက် နေ့စွဲဖြင့် အမိန့်အမှတ် ၄၅/၂၀၂၃၊ ၄၆/၂၀၂၃ နှင့် ၄၇/၂၀၂၃ တို့ဖြင့် အမိန့်များအသီးသီးထုတ်ပြန်ပြီး ခန့်အပ်မှုများနှင့်ပြောင်းရွှေ့တာဝန်ပေးမှုတွေကို ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ပြီး ရဲချုပ်တာဝန်ကိုပူးတွဲတာဝန် ပေးအပ်လိုက်တာဖြစ်ပါတယ်။
လက်ရှိရဲချုပ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ဇင်မင်းထက်ကို အရပ်ဖက်ရွှေ့ပြောင်းလိုက်ပြီး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနသို့ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်တယ်လို့လည်း အခြားအမိန့်ကြေညာစာတစ်ခုမှာဖော်ပြထားပါတယ်။
ဦးဇင်မင်းထက် ပြောင်းရွှေ့တာဝန်ယူလိုက်တဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနေရာကို လက်ရှိတာဝန်ယူထားတဲ့ ဒေါက်တာစိုးဝင်းကိုတော့ နစကဥက္ကဋ္ဌရုံး ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်လိုက်တယ်လို့လည်း အမိန့်ထုတ်ပြန်ချက် နောက်တစ်ခုမှာဖော်ပြထားပါတယ်။
-ymg/knl
#MyanmarPolitics
#YMG #Yangon_Times
Page 1073 of 2114