#Local_News
Plublished- 23-7-2023
မြန်မာနိုင်ငံသားလေးဦးပါဝင်သည့် MV Tung Sung အမည်ရှိ သင်္ဘောနစ်မြုပ်မှု၌ ရုပ်အလောင်းလေးခုအား Malaysia Maritime Enforcement Agency (MM EA) က ယမန်နေ့ ဇူလိုင် (၂၂)ရက်တွင်ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။
အဆိုပါ အလောင်း လေးလောင်းကို ယင်းနေ့ တစ်ရက်တည်းတွင်ပင် အချိန်အနည်းစီကွာ၍ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ သဘော်တိမ်းမှောက်မှုသည် ပြီးခဲ့သည့် ဇူလိုင် (၁၉)ရက် ည ၁၁ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ နောက်တစ်ရက် နံနက် ၉ နာရီအချိန်တွင် ရေကြောင်း အာဏာပိုင်များက သင်္ဘော နစ်မြုပ်မှု သတင်းကို ရရှိခဲ့ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
နစ်မြှပ်ခဲ့သည့် MV Tung Sung သည် Kuching မှ Sarikei သို့ ကျောက်စရစ်တွေတင်ဆောင်လာစဥ်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နစ်မြုပ်မှုတွင်ပါသွားသည့် မြန်မာသင်္ဘောသားလေးဦးမှာ ကိုသက်မင်း ဇူလိုင် အသက် ၂၃ နှစ် (Deck Rating) ၊ ကိုရဲလင်းထက် ၂၁ နှစ် အသက် (Deck Rating) ၊ ကိုလှဝင်းထွန်း အသက် ၂၄နှစ် (Engine Rating)၊ကိုထွန်းလင်းဦး အသက်၂၀နှစ် (Engine Rating)တို့ဖြစ်ကြောင်းသိရသည်။
မြန်မာသဘ်ောသာများသေဆုံးမှုအတွက် မြန်မာနိုင်ငံပင်လယ်ကူးသဘော်သား အလုပ်သမားများအဖွဲ့ချုပ် မိသားစုဝင်များဘက်က လာရောက်အကူအညီတောင်းခံပါက ရပိုင်ခွင့်များအတွက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
#YMG/my #Local_News #မြန်မာနိုင်ငံသားလေးဦးပါဝင်သည့် MV Tung Sung အမည်ရှိသင်္ဘောနစ်မြုပ်
#Yangon_Times
‘ပုဂံပုထိုးသားများဘုရားမှာ လင်းနို့တွေဝင်ရောက်မှု၊ ကုတ်ခြစ်မှုတွေကြောင့်နံရံပန်းချီတွေ ထိခိုက်ပျက်စီးမှုမရှိအောင် သံဇကာတွေတပ်ဆင်နေတယ်၊၊ ရှေးလက်ရာတွေမပျက်စေဖို့ သံတွေမရိုက်သွင်းဘဲ ရာဘာတွေ အသုံးပြုကာသံဇကာတပ်ဆင်’ကိုနိုင်( Heritage TRUST Team-Baganအဖွဲ့)
Published 23 July 2023
#Local_News
#ဘုရားတွင်လင်းနို့မဝင်အောင်ဆောင်ရွက်နေ
#tthl #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၂၃ခုနှစ် ဇူလိုင်(၃၁)ရက်နေ့တွင် စတင်ထုတ်ဝေသွားမယ်လို ယနေ့ဇူလိုင် ၂၃ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ပါတယ်။
ယင်းငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် လှည့်လည်သုံးစွဲနေသောငွေစက္ကူများအနက် ဟောင်းနွမ်းပြီးလှည့်လည်သုံးစွဲရန် မသင့်သော ငွေစက္ကူအမျိုးအစား အသီးသီးတို့နှင့် “ တန်ဖိုးတူလဲလှယ်ပေးခြင်း ဖြင့်သာဖြန့်ဝေ သွားမည်ဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published-23-7-2023
နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများအနေဖြင့် ကိုယ်ရေးရာဇဝင်အချက် အလက်အပြည့်အစုံဖြင့် နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာထည့်သွင်းပြီးနောက် ာက်လအကြာမှသာ ပြန်လည်လျောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန် သည်။
ထို့အပြင် ကြော်ညာထည့်သွင်းရာတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထောက်ခံစာ၊ သက်ဆိုင်ရာ ရဲ စခန်း ထောက်ခံစာအပါအဝင် ပျောက် ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်အမှတ်တို့ကို ပြည့်စုံစွာထည့်သွင်းရမည်ဖြစ် ကြောင်း သိရသည်။
ပြန်လည်လျောက်ထားရာတွင်လည်း သတင်းစာကြော်ငြာမူရင်းနှင့်အတူ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ ကိုယ်တိုင်သွားရောက်ကာ ပျောက်ဆုံးကြောင်း ခံဝန်လက်မှတ်ရေးထိုးရမည်ဖြစ်သည်။
လာရောက်လျောက်ထားသူများ အနေ ဖြင့် စာအုပ်အသစ်လျောက်ထားငွေ ကျပ် ၃၅,၀၀၀ နှင့်အတူ ဒဏ်ကြေးငွေ ၅၆,၀၀၀ ကျပ် စုစုပေါင်း ကျပ် ၉၁,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော နိုင်ငံသားများ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး ၊ ပျက်ဆီးပါက သက်ဆိုင်ရာသံရုံးများတွင် စာအုပ်တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာ၊ ပျောက်ဆုံးဒဏ်ကြေး ၁၀၅ ဒေါ်လာ၊ စုစုပေါင်း ဒေါ်လာ၁၄၀ အား သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးတန်ဖိုးအတိုင်း ပေးသွင်း၍ လျောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
#Local_News #ပတ်စပို့စ်ပျောက်ဆုံးသူများ
#YMG/my
#Yangon _Times
#Local_News
Published 23 July 2023
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်တည်ထားရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြသည့်ဆရာတော်ကြီးများနှင့်လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်များချီးမြှင့်လိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများ နှင့် နိုင်ငံ တော်တည်ဆောက်ရာတွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော အောက်ဖော်ပြပါ ဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့ များ၊ ဂုဏ်ထူးဆောင် တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
ယင်းတွင်ဆရာတော်ကြီးများဖြစ်ကြသော ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များအဖြစ် သရေစည်သူဘွဲ့ကို ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ (နိုင်ငံတော်ဩဝါဒါ စရိယ၊ ရွှေကျင် နိကာယ ဥက္ကဋ္ဌ ၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ် (စစ်ကိုင်း)၊ဘဒ္ဒန္တသဒ္ဓိယ ရွှေသုဝဏ်ဆရာတော်ကြီး(ပုညနိမ္မိတာရာမရွှေသုဝဏ်ကျောင်းတိုက်၊ ဆရာတော်ကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး)၊ဒေါက်တာ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ-ပါမောက္ခချုပ် ဆရာတော် (ငြိမ်း)၊(အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်တိုင်း ဒေသကြီး)၊ဘဒ္ဒန္တဝိမလဗုဒ္ဓိပါဠိဆရာတော်(ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိ စာသင်တိုက်၊ ပျဉ်းမနားမြို့ နယ်၊ နေပြည်တော်) နှင့် လူပုဂ္ဂိုလ်များ ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ညိုစော(နစက အကြံပေးပုဂ္ဂိုလ်)၊ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ၊ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ဗိုလ်ချုပ် ကိုကိုလွင် နှင့် အင်ဂျင်နီယာကောင်စီ မှဒေါက်တာ ညီလှငယ်တို့အား ချီးမြှင့်ကြောင်း သိရသည်။
ယင်းအပြင် စည်သူဘွဲ့ကို ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ(ပါမောက္ခချုပ်ဆရာတော်- အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်တိုင်း ဒေသကြီး)၊ဘဒ္ဒန္တခေမာနန္ဒ - ပဓာနနာယက (ရန်ကင်းဆရာတော်- အဘိဝိနယာစရိယစာသင်တိုက်၊ ရန်အောင်မြင် တောရကျောင်း (မြို့တော်ဝန်ကျောင်း)၊ ဒက္ခိဏ သီရိမြို့နယ်၊ နေပြည်တော်)၊ပြည်ထောင်စုဝန်ကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးမျိုးသန့် အင်ဂျင် နီယာကောင်စီမှ Structure ပညာရှင် ဒေါက်တာတိုးတိုးဝင်း တို့အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထားဆောင်ဘွဲ့များအဖြစ် သူရဘွဲ့ကိုကာကွယ်ရေးဝန်ကြီးဌာ နမှဗိုလ်မှူးသော်ဇင်(လေ)နှင့် တပ်ကြပ်ကြီး ဝင်းမြင့်သူတို့အား ချီးမြှင့်ကြောင်း သိရသည်။
အလားတူ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များတွင် သီရိပျံချီဘွဲ့ကို ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်)အပါအဝင် ဆရာတော်ကြီး အပါး ၂၀ နှင့် လူပုဂ္ဂိုလ် ၃ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၂ ဦး၊သိပ္ပကျော်စွာဘွဲ့ ၄ ဦး၊တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် (သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ် ၂ ဦး၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရ်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များ(ရဲသူရတံဆိပ်) ၉ ဦး၊ရဲဗလ တံဆိပ် ၃၆ ဦး၊စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ(စီမံထူးချွန်တံဆိပ် ပထမအဆင့်) ၁၄ ဦး၊ (စီမံထူးချွန်တံဆိပ် ဒုတိယအဆင့်) ၂၈ ဦး၊း(စီမံထူးချွန်တံဆိပ် တတိယအဆင့်) ၁၆ ဦး စသည်တို့အား အသီးသီး ချီးမြှင့်ကြောင်း သိရသည်။
#Local_News #ဂုဏ်ထူးဆောင် တံဆိပ်များချီးမြှင့်
#Yangon Times/PP
#Local_News
Published-23-7-2023
ယခု ရက်ပိုင်းအတွင်း တရုတ်ဘက်က ပဲတီးစိမ်း အဝယ်လိုက်လာသဖြင့် ဈေးကောင်းရလာသည်ဟု ဈေးကွက်အတွင်းက စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် လအနည်းငယ်က ပဲတီစိမ်းအား တရုတ်နိုင်ငံဘက်က အဝယ်ရပ်လိုက်ခြင်းကြောင့် ဈေးများထိုးကျခဲ့ရသည်။
ပဲတီစိမ်း ဈေးကျသည့်ကာလအတွင်း ထိပ်စတစ်အိတ်လျှင် ၁၇၁,၀၀၀ ကျပ်နှင့် အနိမ့်စတစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ်အထိ ဈေးနှုန်းများ ကျဆင်းသွားကြောင်း သိရသည်။
လက်ရှိတွင် မန္တလေး ပဲတီစိမ်းဈေး ကွက်၌ ပဲတီစိမ်း တစ်အိတ်လျှင် ၁၇၃,၀၀၀ ကျပ်နှင့် အနိမ့်စတစ်အိတ်လျှင် ၁၄၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိလာ ကြောင်း သိရသည်။
မန္တလေးဈေးကွက် ပဲကုန်စည်ဒိုင်များတွင် ပဲတီစိမ်း သုံးတင်းဝင် တစ်အိတ်လျှင် ၁၅၅,၀၀၀ ကျပ်မှ ၁၇၄,၀၀၀ ကျပ်၊ ပဲတီစိမ်းအခွံ သုံးတင်းဝင် တစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ်မှ ၁၄၀,၀၀၀ ကျပ် ရှိလာကြောင်း သိရသည်။
ပဲတီစိမ်း ဈေးကွက်ရလာသဖြင့် အထက်ပိုင်းဒေသရှိ မြို့နယ်များသာမက ဧရာ
ဝတီတိုင်းဒေသမှ ပဲတီစိမ်းများပါ တင်ပို့ရောင်းချမှုများ ရှိနေကြောင်း သိရသည်။
#Ymg/my
#Yangon_ Times
#Local_News
Published -23-7-2023
စနစ်သစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ်များကို လုံခြုံရေးစနစ် မြှင့်တင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန က သိရသည်။
အောင်လက်မှတ်ကတ်ပြားများကို ၂၀၂၄ ခုနှစ်တွင်ထုတ်ပေးနိုင်ရန်စီစဉ်နေပြီး၊ ယခင်ထုတ်ပေးသည့် ပုံစံမျိုးမဟုတ်ဘဲ၊ ကတ်ပြားပေါ်တွင်ပါသည့် ဓာတ်ပုံတွင် တံဆိပ်ခေါင်းကပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လုံခြုံရေးစနစ်အတွက် မည်သို့ဆောင်ရွက်မည်ကို အသေးစိတ်မသိရှိရသေးဘဲ၊ ယင်းအတွက် Yangon Times သတင်းဌာနအနေဖြင့်ဆက်လက်စုံစမ်းနေသည်။
၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်အောင် လက်မှတ်များကို ယခု ဇူလိုင်လ (၁၀) ရက်မှစတင်၍ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နေပြည်တော်နှင့် ရန်ကုန်တို့တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောင်းသား တစ်သိန်းကျော် အောင်မြင်ခဲ့ပြီး၊ လက်ရှိအချိန်ထိ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်များတွင် အောင်လက်မှတ် လာရောက်ထုတ်ယူသူ လေးသောင်းကျော် ရှိကြောင်း သိရသည်။
ယခုနှစ်မှစတင်၍ စနစ်သစ်ဒွါဒဿမတန်း(Grade-12) ကို သင်ကြားခြင်းဖြစ်ပြီး၊ စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခြင်းမရှိသူများ၊ ကျရှုံးသူများအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအား ပြင်ပဖြေအနေဖြင့် ဖြေဆိုခွင့်ရှိကြောင်း ဇူလိုင် ၁၁ ရက်တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။
#YMG/my
#Yangon _Times
Page 1071 of 2114