‘ဂျပန်၊ ကိုရီးယားနဲ့ အာဆီယံနိုင်ငံတွေမှာ မြန်မာ့ရွှေထည်၊ စိန်ထည်တွေဈေးကွက်ရပြီးသားပါ၊ ကိုဗစ်မှာ တင်ပို့ဖို့ပျက်သွားတာပါ။အခုအခွန်လျှော့ပေါ့ပေးလိုက်ချိန်မှာ ပြန်တင်ပို့သွားဖို့ရှိပါတယ်’ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းဥက္ကဌဦးမျိုးမြင့်
Published 21 July 2023
#Local_News
#မြန်မာ့ရွှေထည်၊ စိန်ထည်များပြန်တင်ပို့မည်
#tthl
#Yangon_Times
‘ပျောက်ဆုံးသွားတဲ့ သင်္ဘောသားတွေရဲ့ မိသားစုဝင်တွေကတော့ လတ်တလောဇူလိုင် ၂၁ ရက် မနက်ပိုင်းအထိတော့ MSF ကိုတော့ဆက်သွယ်အကူအညီတောင်းထားတာမျိုး မရှိသေးဘူး။ ဆက်သွယ်အကူအညီတောင်းခံလာရင် မြန်မာသင်္ဘောသားတွေရပိုင်ခွင့်၊ခံစားခွင့်တွေရရှိအောင်တောင်းဆိုပေးမယ်’
ဦးစိုးမင်းအောင်(မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲချုပ် (MSF)ဥက္ကဌ)
Published 21 July 2023
#Local_News
#မြန်မာသင်္ဘောသား(၄)ဦးပျောက်ဆုံး
#tthl
#Yangon_Times
ထိုင်းနိုင်ငံ နာမည်ကြီး ဘိလပ်မြေကုမ္ပဏီတစ်ခုဖြစ်တဲ့ Siam Cement Group (SCG) ကုမ္ပဏီ၊ ထိုင်းကြက်ခြေနီအသင်းနဲ့ ထိုင်းအယုဒ္ဓယဘဏ်တို့က ပူးပေါင်းထောက်ပံ့
Published 21 July 2023
#Local_News
#မိုခါမုန်တိုင်းသင့်ပြည်သူများထံသို့ထောက်ပံ့ပစ္စည်းများပေးအပ်
#Ymg/my
#Yangon_Times
#Local_News
Published 21 July 2023
တရုတ်တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များတွင် ကျောင်းသားဖလှယ်ရေးအစီအစဉ်ဖြင့် တရုတ်-မြန်မာကျောင်းသားစုစုပေါင်း(၇၀၀၀)ကျော် ပညာသင်ယူခွင့်ရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။
အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် H.E. Mr. SHI Zhongjun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေထည့်သွင်းပြောကြားချက်အရသိရခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် ဇွန်လမှတ်တမ်းများအရ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတက္ကသိုလ် များအကြား နားလည်မှုစာချွန်လွှာပေါင်း ၂၅ စောင် လက်မှတ်ရေးထိုးထားပြီး ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မြန်မာတက္ကသိုလ်ကျောင်းသားနှင့် ဆရာစုစုပေါင်း (၅၇၀၃) ဦး တရုတ်နိုင်ငံတက္ကသိုလ် များတွင် တက်ရောက်ပညာသင်ယူခွင့်ရရှိခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်မှစတင်ပြီး ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် တရုတ်ကျောင်းသား (၈၀၂) ဦးနှင့် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တွင် (၅၈၉)ဦး မြန်မာဘာသာစကားကို လာရောက်သင်ယူခဲ့ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာစာဧည့်ပါမောက္ခများကို တရုတ်နိုင်ငံ တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသားဖလှယ်ရေး၊ ဆရာဖလှယ်ရေး၊ သုတေသနပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အာဆီယံ-တရုတ်စင်တာညွှန်ကြားရေးမှူးချုပ် H.E. Mr. SHI Zhongjun က အာဆီယံ-တရုတ်စင်တာ သည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့်မီဒီယာကဏ္ဍ တို့တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံတက္ကသိုလ်များက ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်းပြောကြားခဲ့ကြောင်းသိရသည်။
#tthl #Local_News #ကျောင်းသား(၇၀၀၀)ကျော်ပညာသင်ယူခွင့်ရရှိခဲ့
#Yangon_Times
#Local_News
Published 21 July 2023
ဂျပန်နိုင်ငံ ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြလုပ်မည့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ၌ သွားရောက်ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား (၄၀)ဦး ထွက်ပေါ်လာသည်။
ယူ၁၂ ကစားသမား ရွေးချယ်ရေးအဖွဲ့နှင့် ယူ၁၂ နည်းပြအဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင် ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များက အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်(၂)ခုခွဲ၍ ကစားသမား ရွေးချယ်ပွဲများ ပြုလုပ်ခဲ့ပြီး ပဏာမစာရင်းကို ကနဦး စိစစ်၍ ဇူလိုင်လ ၂၀ ရက်တွင် အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ပဏာမစာရင်းတွင် ပြင်ပမှ လာရောက်ရွေးချယ်ခံသူ ၂၃ ဦး၊ အကယ်ဒမီများမှ ၁၇ ဦး၊ စုစုပေါင်း (၄၀)ဦးရွေး ချယ်ခံခဲ့ရပြီး အဆိုပါ ကစားသမားများအား မြန်မာ့လက်ရွေးစင် အသင်းများအဆောင်တွင် စခန်းဝင် လေ့ကျင့်စေပြီးနောက် ကစားသမား(၂၅)ဦးအား ထပ်မံရွေးထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၅ ဦးလူစာရင်းအတိုင်း လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ပြီး ဩဂုတ်လ ဒုတိယအပတ်အတွင်း အပြီးသတ် ကစားသမား (၁၈)ဦးကို ရွေးချယ်ထုတ်ပြန်ကာ ဂျပန်နိုင်ငံသို့ U12 Junior Soccer World Challenge 2023 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းနှင့် မြန်မာ ယူ၁၂ အသင်း၏ ဂျပန်ခရီးစဉ်ကို AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
#Local_News #ပဏာမမြန်မာ့လက်ရွေးစင်ယူ၁၂ကစားသမား (၄၀)ဦးထွက်ပေါ်
#Yangon_Times/PP
#Daily_News
Published_ 20 July 2023
၁။ ကံပိုက်တည်ကုန်သွယ်ရေးစခန်းမှ ယခုလအတွက်ရည်မှန်းလျာထားသည့် ကုန်သွယ်မှုပမာဏပြည့်တော့မည်
၂။ ယခုဘဏ္ဍာနှစ် ပထမသုံးလတာကာလအတွင်း ပြည်ပသို့ ပျားရည်တန်ချိန် ၅၀၀ ကျော်တင်ပို့နိုင်ခဲ့
၃။ အသည်းနှင့်ကျောက်ကပ်လူနာ(၃)ဦးအား အောင်မြင်စွာ အစားထိုးကုသပေးနိုင်ခဲ့
၄။ တရုတ်ပြည်မှ ပထမဆုံးသောပြည်တွင်းဆောက်လုပ် အပျော်စီးသင်္ဘောကြီး၏ စမ်းသပ်ခရီးစဉ် တနင်္လာနေ့ကစတင်ထွက်ခွာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published-20 July 2023
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ လမ်းဘေးတွင် တောင်းရမ်းသော အမျိုးသား ၁ဦးနှင့်အမျိုးသမီး ၁ ဦးကို ကားတစ်စီးကဝင်တိုက် မိ၍နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက သိရသည်။
ဇူလိုင်လ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်က တာချီလိတ်မြို့အထွက် ဗျူဟာကုန်းအဆင်းတွင် လမ်းဘေးတွင်တောင်းရမ်းစားသောက်နေသူ ၃ဦးကို မော်တော်ယာဥ်တစ်စီးက အရှိန်လွန်၍ ဝင်တိုက်၍ ၂ဦးမှာ နေရာ၌ပင်ပွဲချင်းပြီးသေဆုံး၍ ၁ဦးထိခိုက် များဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
"၂ဦးက ပွဲချင်းပြီးသေဆုံးသွားတာ။ ၁ဦးကတော့ ဒဏ်ရာရရှိခဲ့တယ်။ တိုက်ပြေးသွားတဲ့ယာဥ်မောင်းကို မဖမ်းမိသေးပါဘူး"ဟု ယင်းအသင်းကသိရသည်။
ယာဥ်တိုက် မှုကြောင့်သေဆုံးသွားသူ ၂ဦး၏ရုပ်အလောင်းကို ဦးလှမိုးတာချီလိတ် လူမှုကူညီရေးအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံကြီး မော်ကြူရီထဲသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။.
#Yangon_Times/BM #Local_News #တောင်းရမ်းသောအမျိုးသား၁ဦးနှင့်အမျိုးသမီး၁ဦးကိုကားတစ်စီးကတိုက်ပြေး
Page 1075 of 2114