#Local_News
Published-26 Oct 2023
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်ယာဉ်များအသုံးပြုရန် Telematics စနစ်အတွက် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြေညာချက်အရသိရသည်။
အဆိုပါ အမြန်လမ်းမကြီးတစ်လျှောက်တွင် မော်တော်ယာဉ်များ သွားလာနေမှုကို Command Centre မှ ထိန်းချုပ်သည့် (Telematics) စနစ်ကို အသုံးပြုသွားမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင် ပုဂ္ဂလိကကုမ္ပဏီများအား တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့တင်ဒါ ခေါ်ယူရခြင်းမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် သွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဓိကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အဓိကထိန်းချုပ်ရေး အချက်အလက်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်လည်းကောင်း၊ အမြန်လမ်းထိန်းချုပ်ရေးရုံးခန်းအား ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၀၁/၅ နှင့် ၂၀၁/၆) ကြားရှိ စီလမ်းဆုံတွင်လည်းကောင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင်တင်ဒါတင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ အမြန်လမ်းကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ နေပြည်တော်၊ စီလမ်းဆုံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း၊ တင်ဒါလျှောက်ထားမည့် ကုမ္မဏီများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ ကုမ္ပဏီ Profile၊ အသုံးပြုမည့် Telematics စနစ်၏ နိုင်ငံတကာဝန်ဆောင်မှုအတွေ့အကြုံ အနည်းဆုံး ၅ နှစ်နှင့်အထက်၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်၊ မြန်မာနိုင်ငံတွင် စမ်းသပ်ထားသော နမူနာမှတ်တမ်းများ၊ အသုံးပြုမည့်ပစ္စည်းနမူနာ၊ စနစ်၏ လုပ်ဆောင်မှုအသေးစိတ် (မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့်)၊ အလုံးစုံပါဝင်သည့် ဝန်ဆောင်မှုအဆိုပြုပုံစံ၊ ကုမ္ပဏီမှတပ်ဆင်သုံးစွဲမည့် ကိရိယာ (Devices) များ၏ ထုတ်လုပ်သည့် မူရင်းနိုင်ငံ (Country Origin)၊ ဈေးနှုန်းအဆိုပြုလွှာ (မြန်မာကျပ်ငွေဖြင့်) စသည့်အချက်များကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
#Local_News #Telematicsစနစ် #တင်ဒါခေါ်ယူ #YMG/ NN #Yangon_Times
အသီးသက်တမ်းနုသေးတာ၊ ဆေးသုံးမှုနည်းပါးပြီး မိရိုးဖလာနည်းတွေနဲ့သာ အစိုက်များတာကြောင့် လက်ရှိအချိန်အထိ အချဉ်ဖက်လုတဲ့ အသီးတွေသာထွက်ရှိနေသေး
#Local_News
Published_ 26 October 2023
#လိမ္မော်သီး #မိရိုးဖလာနည်း
#YMG/ NN #Yangon_Times
ပြည်ပနိုင်ငံတွေက ဝယ်လိုအား နည်းနေပေမယ့် ဒေါ်လာငွေ ပြင်ပလဲလှယ်နှုန်းထားဟာ အစိုးရသတ်မှတ်တဲ့ နှုန်းထား နဲ့ကွာဟမှုနည်းလာတဲ့အတွက် ပြောင်းဆံဈေးနှုန်း ပိုရလာတယ်လို့ မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေးအသင်းထံက သိရပါတယ်။
#Local_News
Published_ 26 October 2023
#ပြောင်းဈေးပိုရလာ #ဝယ်လိုအားနည်း
#YMG/LW #Yangon_Times
#Local_News
Published_ 26 October 2023
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ တရားမဝင် Online စောင့်ကြည့်ရေးအဖွဲ့မှ Online Media မှ အစားအသောက်များ ကြော်ငြာရောင်းချနေမှုများကို စိစစ်ခဲ့ရာ မြန်မာနိုင်ငံတွင် သွင်းကုန်ထောက်ခံချက် ရရှိထားခြင်းမရှိသော အစားအသောက်များကို ရောင်းချနေသည် တွေ့ရှိခဲ့ရပါသည်။
စိစစ်ချက်အရ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်အတုများပြုလုပ်၍ ကြော်ငြာရောင်းချခြင်း၊ ရောင်းချသည့် Online Page တွင် လိပ်စာအပြည့်အစုံဖော်ပြထားမှု မရှိခြင်းတို့အပြင် နာမည်ကြီး လူသိများ၊ ထင်ရှားကျော်ကြားသော အတတ်ပညာရှင်၊ အသိပညာရှင်များ၏ ရုပ်ပုံများ၊ ဗီဒီယိုများကို အသုံးပြု၍ မိမိ၏ ကုန်ပစ္စည်းအမှတ်တံဆိပ်များ ထည့်သွင်းကာ လိမ်လည်ကြောငြာရောင်းချခြင်း၊ ရောဂါရှာဖွေ၊ ကုသ၊ ပျောက်ကင်း၊ သက်သာ၊ ကာကွယ်စေရန်အတွက် မဟုတ်သည့် ဓာတ်စာ၊ ဖြည့်စွက်စာများကို "ရောဂါကုသပျောက်ကင်းနိုင်သည်" ဟူသော စာသားဖြင့် အလွန်အကျွံကြော်ငြာခြင်းများဖြင့် ရောင်းချနေကြတာဖြစ်သည်။
စားသုံးသူများအနေဖြင့် အဆိုပါ အချက်များဖြင့် ကြော်ငြာရောင်းချနေသော သွင်းကုန်ထောက်ခံချက် မှတ်ပုံတင်ထားခြင်း မရှိသော အစားအသောက်များကို ဝယ်ယူသုံးစွဲခြင်းမပြုဘဲ ဆင်ခြင်သုံးစွဲရန်အတွက် ကုန်ပစ္စည်းများကို https://esubmission.fda.gov.mm/search-product တွင် တိုက်ဆိုင်ကြည့်ရှုစစ်ဆေး နိုင်ပါသည်။
သုံးစွဲနေသော အစားအသောက်နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာတွေ့ရှိပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော်သို့ ရုံးချိန်အတွင်း သတင်းပေးပို့အကြောင်းကြားနိုင်ကြောင်း သိရသည်။
#Local_News #FDA #သတင်းပေးပို့အကြောင်းကြားနိုင် #Yangon_Times/PP
လက်ရှိဈေးကွက်အခြေအနေကတော့ ကုန်ကြမ်းဝယ်ရတဲ့ ဈေးကတက်နေတော့ အချောထုတ်တဲ့ဈေးတွေတအားလိုက်မြင့်နေတော့ အဆင်မပြေဖြစ်နေတယ်။ ထိန်းလုပ်နေရတာပေါ့
#Local_News
Published_ 26 October 2023
#ပုသိမ်ထီးကုန်ကြမ်းဈေးမြင့်တက် #ကုန်ချောဈေးပုံမှန်အတိုင်းရှိနေ
#YMG/ NN #Yangon_Times
ကိုဗစ်ကာလနောက်ပိုင်း လူကုန်ကူးမှုဖြစ်စဉ်နည်းသွားခဲ့တဲ့ မူဆယ်မြို့နယ်မှာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လာတဲ့အတွက် လူကုန်ကူးရန်အစပျိုးတဲ့ အနေအထားရှိနေတာကြောင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်ပေးနေတယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲထံက သိရပါတယ်။
#Local_News
Published_ 26 October 2023
#မူဆယ်မြို့နယ် #လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး
#YMG/LW #Yangon_Times
‘မကွေးမှနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်(၃၄)ဦးကို အောက်တိုဘာလ ၃၀ ရက်မှာ နေပြည်တော်ကို ကားနဲ့စီစဉ်ပို့ဆောင်ပြီး မကွေးတိုင်းကဆရာဝန်(၅)ဦးနဲ့အတူ ကိုရီးယား-မြန်မာဆရာဝန်တွေနဲ့ အခမဲ့ခွဲစိတ် ကုသစေမှာဖြစ်တယ်။ ကျန်ကလေး(၁၂၁)ဦးကိုမကွေးသိုအပတ်စဉ်၊လစဉ်လာရောက်အခမဲ့ခွဲစိတ်ပေးမယ်’
ဒေါက်တာနန္ဒဝင်း မကွေးတိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
#Local_News
Published_ 26 October 2023
#နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ #အခမဲ့ခွဲစိတ်ကုသပေး
#tthl #Yangon_Times
Page 1076 of 2282