‘အောက်တိုဘာလ ၂၃ ရက်က စားအုန်းဆီတစ်ပိဿာ ကျပ်၄၃၉၆ ကျပ် သတ်မှတ်ထားရာမှ အောက်တိုဘာ ၂၄ရက်မှာ ကျပ် ၄၇၂၅ ကျပ်သတ်မှတ်လိုက်တာဖြစ်ပြီး တစ်ရက်အတွင်း ရည်ညွှန်းဈေး ကျပ် ၃၃၀ ထပ်တက်သွားတာဖြစ်ပါတယ်’
#Local_News
Published_ 24 October 2023
#စားအုန်းဆီ
#tthl #Yangon_Times
'ဝယ်ရောင်းတွေ ပိုက်မိနေတာအမြင့်ကားတွေပေါ့။ အမြင့်ကားတွေက အဝယ်မရှိတော့အကျဘက်ပါတယ်။ အနိမ့်ကားတွေကတော့ အဝယ်နဲနဲလိုက်လာတော့ဈေးလေးပြန်လိုက်လာတဲ့ သဘောမှာရှိတယ် 'မော်တော်
ကားရောင်းဝယ်ရေးအသင်းဗဟို(ရန်ကုန်) ကဥက္ကဌဉီးအောင်သန်းဝင်း
#Local_News
Published_ 24 October 2023
#ကားဝယ်ရောင်း #မော်ဒယ်နိမ့်ကားများ
#YMG/ NN #Yangon_Times
#Local_News
Published_ 24 October 2023
မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”(HAMOON)၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်ပါသဖြင့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”(HAMOON)၏ သက်ရောက်မှုကို ခံစားရနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှအောက်တိုဘာလ(၂၄) ညနေပိုင်း၌ သတိပေးချက်အသစ်ထုတ်ပြန်လိုက်သည်။
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”(HAMOON)၏ အရှိန်ကြောင့် အောက်တိုဘာလ၂၄ရက် မွန်းလွဲမှ (၂၆)ရက်အတွင်း စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း နှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိပေးထားသည်။
ရန်ကုန်တိုင်းတွင်လည်း နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး အောက်တိုဘာလကုန်အထိ ဒေသအနှံတွင် မိုးရွာသွန်းခြင်း၊မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သေးဟု ဆိုသည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်း သိရသည်။
ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
#Local_News #မုန်တိုင်း‘ဟမွန်း’ #မိုးသက်လေပြင်းများတိုက်ခတ်နိုင် #tthl #Yangon_Times
#Local_News
Published_24 Oct 2023
ညောင်နှစ်ပင်စိုက်ပျိုးရေးမွေးမြူရေးဇုန်မှ ဟင်းသီးဟင်းရွက်တန် ၇၀ ကျော်အား စည်ပင်ဈေး ၄၈ ဈေးသို့ နေ့စဉ်တင်ပို့ရောင်းချနေကြောင်း ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့တင်ပို့ရောင်းချရာတွင်ညောင်နှစ်ပင်စိုက်ပျိုးရေးမွေးမြူရေးဇုန်မှ လက်ရှိတွင် တစ်ရက်လျှင်ဟင်းသီးဟင်းရွက်တန်ချိန်၇၇ ဒသမ ၆၇ တန် အထိ ထွက်ရှိလျှက်ရှိရာ ဒညင်းကုန်းကုန်စိမ်းလက်ကားဈေးသစ်ကြီး အပါအဝင် စည်ပင်ဈေးများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
"ထောက်ကြန့် ရတနာသီရိ ကုန်စိမ်းဈေးသစ်နဲ့ တညင်းကုန်းကုန်စိမ်းလက်ကားဈေး အပါအဝင်ရန်ကုန်မြို့တော်စည်ပင်သာယာဈေး(၄၈)ကိုမှာ ရောင်းချပေးနေတာပါ။ အရင်နှစ်ကထက်အထွက်နှုန်းတိုးလာပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လတ်တလောတွင် စုစုပေါင်းစိုက်ပျိုးသူ ဦးရေ ၆၀၁ ဦးမှ ဟင်းသီးဟင်းရွက်စိုက်ဧက ၃၀၀၃ ဒသမ ၅ ဧက စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ချဉ်ပေါင်၊ ကန်စွန်း၊ မုန်ညှင်း၊ မုံလာ၊ ဟင်းနုနွယ်၊ ဆလပ်၊ ဗူး၊ ရုံပတီသီး၊ ပဲညွှန့်၊ ဂွေးတောက်၊ကိုက်လန်၊ ဒန့်သလွန် ၊ခဝဲ၊ ဗုံလုံ၊ ကြက်ဟင်းခါးသီးစသည်ဖြင့် ဟင်းသီးဟင်းရွက်အမျိုးအစားပေါင်း ၄၀ ခန့်အထိစိုက်ပျိုးထုတ်လုပ်နေကြောင်း သိရသည်။
#Local_News #ဟင်းသီးဟင်းရွက် #နေ့စဉ်တင်ပို့ရောင်းချနေ
#YMG/ NN #Yangon_Times
သီတင်းကျွတ်ကာလနီးလာပေမယ့် ရန်ကုန်သစ်သီးဈေးကွက် အရောင်းဝယ်အေးနေသေးတယ်လို့ သီရိမင်္ဂလာဈေးရှိ သစ်သီးပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 24 October 2023
#ရန်ကုန်သစ်သီးဈေးကွက် #အရောင်းဝယ်အေးနေသေး
#YMG/LW #Yangon_Times
‘‘ဆင်ကြီးမိုမိုအတွက် မွေးနေ့ကိတ်ခွဲတဲ့ အစီအစဉ်၊ မိုမိုနဲ့ အတူဓာတ်ပုံရိုက်တဲ့အစီအစဉ်၊ တိရစ္ဆာန်လေးတွေရဲ့ဖျော်ဖြေရေးအစီအစဉ် Animal Presentation၊ မျက်လှည့် Show၊ ချစ်စရာတိရစ္ဆာန် လိမ္မာတွေနဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းအစီအစဉ်တွေ ပါဝင်တယ်။ အောက်တိုဘာလ ၂၉ ရက်မှာ မိုမိုအတွက်ကိတ်ခွဲဖို့ရှိပါတယ်’’Yangon Zoo
#Local_News
Published_ 24 October 2023
#ဆင်ကြီးမိုမို #အသက်(၇၀)ပြည့်မွေးနေ့
#tthl #Yangon_Times
#Local_News
Published-24 October 2023
ရန်ကုန်တိုင်းအစိုးရ၏ညွှန်ကြားမှုဖြင့် ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်မည့် သီတင်ကျွတ်ကာလအတွင်း ခရီးသွားပြည်သူများသွားလာရေးအဆင်ပြေစေရန် YBS ယာဥ်လိုင်း ၇လိုင်းမှ ညပိုင်းတွင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။
ပြေးဆွဲပေးမည့် YBS ယာဥ်လိုင်း ၇ ခုမှာ YBS-21 ယာဉ်လိုင်း၊ YBS 61 ယာဥ်လိုင်း၊BS- 37 ယာဉ်လိုင်း၊ YBS - 116 ယာဉ်လိုင်း၊ YBS-62 ယာဉ်လိုင်း၊ YBS- 7 ယာဉ်လိုင်း ၊YBS- 4 ယာဥ်လိုင်းတို ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲတွင် ခရီးသည်များ သွားလာရေး လွယ်ကူစေရန် ပြေးဆွဲပေးခြင်းဖြစ်ပြီး ခရီးသည်အခြေအနေအပေါ်မူတည်၍ လိုအပ်သလိုပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #YBSယာဥ်လိုင်း၇လိုင်း #ညပိုင်းအထိပြေးဆွဲမည် #Yangon_Times /PP
Page 1080 of 2282