#Daily_News
Published_ 12 July 2023
၁။ မှိုပေါသည့်မိုးရာသီတွင် အဆိပ်ရှိမှိုစားမိ၍ ဆေးရုံရောက်သူများရှိနေ
၂။ ဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့တွင် ရွှေဘုန်းပွင့်စေတီ၌ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ပြုလုပ်မည်
၃။ မန္တလေးမြို့တွင် ယနေ့ နံနက်ပိုင်းအချိန်အတွင်း မီးနှစ်ကြိမ် ဆက်တိုက်လောင်ကျွမ်းမှုဖြစ်ပွား
၄။ ဘရူနိုင်းနှင့်တရုတ်တောင်ဘက် ကမ်းရိုးတန်းဆိပ်ကမ်းတို့ကြား ချိတ်ဆက်ထားသော ကွန်တိန်နာသင်္ဘောလမ်းကြောင်းကြီး ဖွင့်လှစ်ပြေးဆွဲ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
ရခိုင်ဉီးဆောင်ပါတီအနေနဲ့ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးမှာ ရုံးခွဲတွေဖွင့်လှစ်သွားဖို စီစဉ်နေတယ်လို့ ပါတီ ဉက္ကဌ ဒေါက်တာအေးမောင်က Yangon Times ကို ပြောပါတယ်။
Yangon_Time/my
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
ယာဉ်မတော်တဆမှုကျဆင်းရန် ယာဉ်အသုံးပြုသူများက အဓိကကျနေ
ယခုနှစ် ပထမ ၆ လ ပတ်အတွင်း အမြန်လမ်းပေါ်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅၃ ဦး ရှိခဲ့
Yangon_Times/BM
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
မိုးရာသီတွင် အဆိပ်ရှိမှို မစားမိအောင် သတိပြုရန်လို
‘မှိုပွင့်အောက်မှာ အခွက်တွေပါရှိတာ၊ မှိုအရောင်အဆင်းတောက်တောက်ပပရှိတာတွေက အဆိပ်ရှိ မှိုတွေဖြစ်၊ မှိုအဆိပ်သင့်ရင် မိနစ်၂၀ မှ ၄၀အတွင်း မူးဝေအော့အန်တာ၊ ဗိုက်အောင့်ဗိုက်နာတာ၊ ဝမ်းလျှောတာနဲ့ ပြင်းထန်ပါက အသက်ဆုံးရှုးနိုင်တယ်’ ဒေါက်တာနန္ဒဝင်း၊( မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)
Yangon_Time/tthl
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
မန္တလေးမြို့တွင် ယနေ့ နံနက်ပိုင်းအချိန်အတွင်း မီးနှစ်ကြိမ်ဆက်တိုက် လောင်ကျွမ်းမှုဖြစ်ပွား
တောင်အင်းမြောက်အင်းအမှိုက်ပုံ မီးလောင်ကျွမ်းနေတာကြောင့် တိုင်းမီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ် ၁၅ စီး၊ ဘတ်ဟိုးနှစ်စီးနဲ့ မီးငြိမ်းသတ်ခဲ့ရ
Yangon_Time/my
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
ရွှေဘုန်းပွင့်စေတီတော်တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲပြုလုပ်မည်
‘ကျောင်းတိုက်(၆)တိုက်မှ သံဃာတော် ၃၀ပါးကျော်ကို ဝါဆိုသင်္ကန်းတွေဆက်ကပ်ဖိုရှိပါတယ်။ ဝါဆိုသင်္ကန်းတစ်စုံကို ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ပါတယ်” (ရွှေဘုန်းပွင့်စေတီတော်ဂေါပကအဖွဲမှတာဝန်ရှိသူ)
Yangon_Time/tthl
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
ဇူလိုင်-၁၂၊၂၀၂၃
ဒေါ်အောင်ဆန်းစုကြည်နှင့်သူ မြန်မာနိုင်ငံမှာ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာပြောကြားခဲ့တယ်လို့ တိုကျိုသတင်းဌာနက သတင်းရေးသားပါတယ်။
အကျပ်အတည်းအဆုံးသတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးမှုတွေပြန်လည်စတင်ဖို့ တောင်းဆိုခဲ့တယ်လို့ ဒွန်ကပြောကြောင်း ချယ်နယ်နယူးအေးရှားရဲ့ သတင်းတစ်ပုဒ်မှာဖော်ပြထားပါတယ်။
“ သူမဟာ တွေ့ဆုံဆွေးနွေးမှုကိုတိုက်တွန်းအားပေးခဲ့တယ်” လို့ ဒွန်ကပြောပါတယ်။
“ တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့တွေ့ဆုံမှုတစ်ခုဖြစ်ခဲ့တယ်” လို့လည်း ဒွန်ကပြောတယ်လို့ ချယ်နယ်နယူးအေးရှားက သတင်းဖော်ပြပါတယ်။
နေပြည်တော်က အာဏာပိုင်တွေနှင့် စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဖို့အတွက် သူက အကြံပေးခဲ့တယ်လို့လည်း ဒွန်က ပြောတဲ့အကြောင်း ချယ်နယ်နယူးအေးရှားသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရာ ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန် က ပြောတဲ့အကြောင်း အာဆီယံ သံတမန် သတင်းအရင်းအမြစ်ကို ကိုးကားပြီး တိုကျိုသတင်းဌာနက သတင်းဖော်ပြထားပါတယ်။
ဒါဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြင့်နိုင်ငံခြားရေးအရာရှိကြီးတစ်ဦးတို့ ပထမဆုံးတွေ့ဆုံတာဖြစ်တယ်လို့လည်း သတင်းကဆိုပါတယ်။
ဂျာကာတာမြို့တော်မှာ အင်္ဂါနေ့က စတင်ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ နှစ်ရက်တာအစည်းအဝေးတစ်ခု အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့တာကို အကျဉ်းချုပ်တင်ပြခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ဦးတွေ့ဆုံတာ (၂)နာရီနီးပါးကြာမြင့်ခဲ့တယ်လို့ ဒွန်ကပြောပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အကျဉ်းထောင်တစ်ခုအတွင်းတွေ့ဆုံခဲ့ပုံရတယ်လို့ တိုကျိုက သတင်းရေးသားပါတယ်။
Source kyodonews/ChannelNewsAsia/AFP
Page 1090 of 2113