ဥရာပ ၊ဂျပန် ၊ကိုရီးယားနိုင်ငံတွေက စပါယ်ရှယ်ကော်ဖီနဲ့ တရုတ် ၊ထိုင်းကတော့ကာ်မာရှယ်ကော်ဖီ အရာင်းအဝယ်ဖြစ်တယ်၊ တစ်ချို့လည်း မထွက်ခင်ကထဲက အဆက်အစပ်ရှိတဲ့သူတွေက စထဲက ကမ်းလှမ်ကြတာပေါ့နော်၊ တစ်ချို့လည်း အခုမှလိုက်ပြီးတော့ စုံစမ်းဝယ်ယူနေတာပေါ့
Yangon-Times/NN
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 18 December 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သလ္လာဝတီရပ်ကွက်၊ သလ္လာဝတီဇာတ်ဆိပ်တွင် ကုန်တင်အမြန်ရေယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၁၈ ရက် နေ့လည် ၁နာရီ ၆မိနစ် အချိန် ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ကုန်တင်အမြန်ရေယာဉ်၏ အင်ဂျင်ခန်း မီးလောင်မှုဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုံရွာခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃) စီး၊ ရေသယ်ယာဉ်(၃)စီး၊ ကမ်းနားမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လည်၁နာရီ ၃၀ မိနစ်အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်သည့်အကြောင်းရာနှင့် ထိခိုက်ဒဏ်ရာရရှိသူ အခြေနေများကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကာ သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
အယ်နီညိုသက်ရောက်မှုကြောင့် မတ်လမတိုင်မီ တစ်လစောပြီး ဖေဖော်ဝါရီလမှာ စပြီးပူမှာဖြစ်တယ်။ ပုံမှန်ထက်ပိုစောပြီး ပူမှာဖြစ်တဲ့အတွက် နှစ်စဉ်ကြုံတွေ့နေကျဖြစ်တဲ့ သောက်သုံးရေနဲ့ စိုက်ပျိုးရေ ရှားပါးမှုပြဿနာတွေ ကြုံတွေ့နိုင်တယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
Yangon-Times/tthl
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
စားဖို့အတွက် ဆန်အဓိကလိုအပ်တာမို့ တတ်နိုင်ရင်ဆန် လှူဒါန်းပေးစေချင်ပါတယ်
ရှမ်းပြည်နယ် မူဆယ် ၁၀၅ မိုင်အနီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် နမ့်ခမ် စစ်ရှောင်စခန်းကို ဘေးကင်းတဲ့ နေရာဖြစ်တဲ့ မူဆယ်မြို့အနီး လွယ်တိန်ခမ်း တောင်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့နေရတယ်လို့ စစ်ရှောင်စခန်း တာဝန်ခံစီက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လွန်ခဲ့တဲ့ တစ်လစပါးထွက်ချိန်မှာ တင်း၁၀၀ကို ၁၆သိန်းကနေ လက်ရှိမှာ ၁၈သိန်းခွဲ၊ ၁၉သိန်းလောက် ဖြစ်လာတယ်၊တောင်သူ၁၀မှာ နှစ်ယောက်သုံးယောက်လောက်ပဲ လက်ကျန်ရှိတော့တယ်။ တစ်လအတွင်းမှာဈေးကတင်း၁၀၀ကို နှစ်သိန်းကျော်လောက်ကွာသွားတယ်။
Yangon-Times/NN
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
"မနှစ်က ရွှေစက်တော်ဘုရားပွဲတော်ကို အကျဉ်းသာလုပ်ခဲ့ပြီး အခုနှစ်မှာတော့ သဲသောင်ပြင်တစ်ခုလုံး သဲကြောင်းတစ်ခုလုံးလေလံပစ်ဖိုရှိလို့ တည်းခိုဆောင်တွေ ပိုများလာနိုင်တယ်" မန်းရွှေစက်တော်ရတနာတည်းခိုဆောင်မှတာဝန်ရှိသူတစ်ဦး
Yangon-Times/tthl
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 18 December 2023
ရန်ကုန်တိုင်းအတွင်း ရှိ မြို့နယ် များ တွင် တရားမ၀င် လျှပ်စစ်ဓါတ်အားသုံးစွဲမှု မရှိစေရန် အတွက် စီမံချက် ဖြင့် တာဝန်ရှိသူများ က မြို့နယ် အလိုက် စစ်ဆေးမှု များ ပြုလုပ်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း ထံ မှ သိရသည်။
ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း အနေဖြင့် မြို့နယ်များ တွင် ဓါတ်အားပျောက်ဆုံးမှုလျော့နည်းကဆင်းရေး၊တရားမ၀င်ဓါတ်အားသုံးစွဲမှု များ မရှိစေရေး၊ဓါတ်အားခကြွေးကျန် များလျော့နည်း ကျဆင်းရန် အတွက် မြို့နယ် လျှပ်စစ်မန်နေဂျာရုံး၏ ကြီးကြပ်မှု ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ တွင် စီမံချက် ဖြင့် မြို့နယ် အတွင်း အဖွဲ့ခုနှစ်ဖွဲ့ ဖွဲ့စည်းပြီး အဖွဲ့အလိုက် နယ်မြေများ သတ်မှတ် ကာ ခရိုင် လျှပ်စစ်မန်နေဂျာ၊လျှပ်စစ်အင်ဂျင်နီယာ တို့ က ဦးဆောင်ပြီး တရားမ၀င် ဓါတ်အားသုံးစွဲမှု မရှိစေရန် ရပ်ကွက် အလိုက် လမ်းအလိုက် ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း အနေဖြင့် ရန်ကုန်တိုင်းအတွင်း စဉ်ဆက်မပြတ် ဓါတ်အားပေးရေးနိုင်ရေးနှင့် ဓါတ်အားခွဲရုံများ ကြံခိုင်ကောင်းမွန်ရေး၊ထရန်စဖော်မာများမီးလောင်ကျွှမ်းမှု မရှိစေရန် ကိုလည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 803 of 2110