Published_ 6 February 2024
မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား လူသားချင်းစာနာမှု အကူအညီ ပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid အား ဖေဖော်ဝါရီ ၅ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့စဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံစဉ် သွားရောက်ရန်ခက်ခဲတဲ့ နေရာဒေသများရှိ အကူအညီ လိုအပ်သည့် ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရေး ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆူဲဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် UNOCHA ရုံး၏ ဒုတိယအကြီးအကဲများဖြစ်တဲ့ Ms. Danielle Parry နှင့် Ms. Kyoko Ono တို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
Ymg_mnn
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published-6 February 2024
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမ၊ သင်္ဃန်းကျွန်းကြီးကျေးရွာတွင်ယနေ့နံနက်ပိုင်း၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦး(ေ-သဆုံး)ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ၆ရက်နေ့၊ နံနက် ၂ နာရီ၄၄မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမ၊ သင်္ဃန်းကျွန်းကြီးကျေးရွာတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့်မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါကျား(၁)ဉီး(ေ-သဆုံး)သွားရ ထာဝရအလင်းတန်း သူနာတင်ယာဥ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group

5 February 2024
'၂၀၂၄ ခုနှစ် ပျော်ရွှင်ဖွယ်တရုတ်နှစ်သစ်ကူးပွဲတော်သဘင်'ကို“ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါ ရီလ ၄ ရက်မှ ၆ ရက်အထိရန်ကုန်တရုတ်ယဉ်ကျေး မှုစင်တာ၌ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး မြန်မာအပါအဝင် မြောက်ကိုရီးယား၊ စင်ကာပူ၊ လာအို၊ ဗီယက်နမ်၊ ထိုင်းသံတမန်များပါတက်ရောက်ခဲ့ကြောင်း သိရသည်။
နဂါးနှစ် တရုတ်နွေဦး နှစ်သစ်ကူးပွဲတော် ကျရောက်လာတော့မည့်အခါသမယတွင် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့မှ ကြီးမှူးကျင်းပ၍ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနနှင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတို့မှ တာဝန်ခံကျင်းပသည့် ၂၀၂၄ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူးပွဲတော်သဘင်” ကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ဖွင့်လှစ်ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြောက်ကိုရီးယား၊ စင်ကာပူ၊ လာအို၊ ဗီယက်နမ်၊ ထိုင်းစသည့်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Pan Feng ၊ သံမှူး Mr. Yu Jinfeng ၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဌာနမှူး Mr. Xiang Jianbo နှင့် မြန်မာနိုင်ငံ ယဉ်ကျေးမှုနှင့် ပညာရေးနယ်ပယ်မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီနှင့် တရုတ်နွယ်ဖွား ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
အဆိုပါ ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး ပွဲတော်သဘင်ကို “ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့ထိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသွားမည်ဖြစ်ပြီး ယင်းသည်မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သော တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်အခမ်းအနားများ၏ အရေးကြီးအစိတ်အပိုင်းဖြစ်ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 5 February 2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရေဝင်ရပ်ရှိ နေအိမ်တွင် အိမ်သာကျင်းတူးရာ မှ အောက်စီဂျင် ပြတ်ပြီးအမျိုးသားတစ်ဦးေ-သဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖေဖေါ်ဝါရီလ ၅ရက် နေ့လည် ၂နာရီ ၂၂မိနစ်ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ် မှာ ရေဝင်ရပ်ရှိ နေအိမ်တွင် အမျိုးသား(၂)ဦး အိမ်သားကျင်းသစ်တူးဖော်နေစဉ် ကျင်းဟောင်းဘက်အောက်ခြေမှ မြေပေါက်မှုဖြစ်ပွားသောကြောင့် အပေါ်သို့မတတ်နိုင်ဘဲ အောက်စီဂျင်ပြတ်တောက်နေ၍ အပေါ်တွင်ရှိသော အမျိုးသား(၁)ဦးမှ ဆင်းကူဆယ်ရာ စုစုပေါင်း ကျား(၃)ဦး တွင်း အတွင်းနစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အထောက်အကူပြုယာဉ်(၁)စီး၊ လူမှုကူညီရေးယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ အမျိုးသား(၂)ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသား(၁)ဦး မှာေ-သဆုံးခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group

Published 5 February 2024
အမေရိကန်ဒေါ်လာ ၁၁ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ဗဟိုဘဏ် ယနေ့ထုတ်ရောင်းပေးခဲ့ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဇန်နဝါရီ ၁ ရက်နေ့တွင် ဒေါ်လာ ၁၂.၉၃ သန်း၊ ၅ ရက်နေ့တွင် ဒေါ်လာ ၁၆ သန်း၊ ၁၅ ရက်နေ့တွင် ဒေါ်လာ ၁၅ သန်း၊ ၁၉ ရက်နေ့တွင် ဘတ်သန်း ၅၀၊ ၂၅ ရက်နေ့တွင် ဒေါ်လာ ၉ သန်းနှင့် ဘတ်သန်း ၂၀၀၊ ၂၆ ရက်နေ့တွင် ဒေါ်လာ ၅ သန်းနှင့် ဘတ်သန်း ၅၀ အသီးသီး ထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၂၉ ရက်တွင် နှစ်ကြိမ်တိုင် ထုတ်ရောင်းပေးခဲ့ပြီး မနက်ပိုင်းတွင် ဒေါ်လာ ၉ သန်းနှင့် နေ့လည်ပိုင်းတွင် ဒေါ်လာ ၁.၄ သန်း၊ တရုတ်ယွမ် ၄.၂ သန်းနှင့် ထိုင်းဘတ် ၁၃.၅ သန်းတို့ကို လူသုံးကုန်နှင့် ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်ဆိုင်ရာ ကဏ္ဍများ အတွက် ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်အနေဖြင့် ငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေ ထုတ်ရောင်းပေးခြင်းကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပြန်လည်ဆောင်ရွက်လာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်မှာ ဒေါ်လာ ၉.၇၂ သန်းနှင့် ၂၁ ရက်နေ့တွင် ဒေါ်လာ ၁၂.၄၃ သန်းတို့ကို စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွက် ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထို့အပြင် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာငွေလဲနှုန်း မြင့်တက်မှုကို ထိန်းချုပ်လိုခြင်းကြောင့် ကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေများကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးနေခြင်းဖြစ်ကြောင်း ၊လက်ရှိ ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၄၈၀ - ၃၅၃၀ ကျပ် ဈေးရှိနေပြီး နိုင်ငံခြားငွေထုတ်ရောင်းသည့်အတွက် ဒေါ်လာဈေး ကျဆင်းလာတာမျိုးမရှိသော်လည်းဈေးအတက်အကျ တည်ငြိမ်နေကြောင်း ငွေလဲကောင်တာများနှင့်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည် ။
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 5 February 2024
၁။ နွေစပါးစိုက်ဧက ၆၀,၀၀၀ ခန့်အတွက် ကာလတိုချေးငွေများ ယခုရက်ပိုင်းအတွင်း ချထားပေးမည်
၂။ ရွှေတိဂုံစေတီတွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပပြီး ဘုရားဖူးများကို ထမနဲလှူဒါန်းမည်ဟုဆို
၃။ ပဲတီစိမ်းဈေးမြင့်ရရှိပေမယ့် အဘက်ဘက်က ကုန်ကျစရိတ် မြင့်လာခြင်းကြောင့် တောင်သူများအတွက် အကျိုးမြတ်ရရှိမှု ယခင်နှစ်ထက် ကွာဟမှု မရှိနိုင်ဟုဆို
၄။ အမေရိကန်ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးအမှု များပြားလွန်း၍ သန်းနှင့်ချီအလုပ် အကြွေးတင်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 5 February 2024
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမား ၁၃ ဦး နှင့်ယာဉ်မောင်းသူ ထိုင်းအမျိုးသား ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ ညက ထိုင်းနိုင်ငံ နခေါ(န်)စဝမ်ခရိုင် သာခလီမြို့ စွယ့်ထော(င်)ကျေးရွာအနီး တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများ ကို ချင်ရိုင်ခရိုင် မယ့်ဆိုင်မြို့ မှ တင်ဆောင်လာပြီး ပို့ဆောင်ခ ၂၀၀၀ ဘတ်ရရှိကြောင်းယာဉ်မောင်း ဖြစ်သူ၏ ထွက်ဆိုချက်အရသိရသည်။
ထို့ပြင် မြန်မာ အလုပ်သမား များက ပွဲစားခ အဖြစ် ထိုင်း ဘတ်ငွေ တစ်ဦး ကိုဘတ် ၁၀၀၀၀ ပေးရေကြာင်း ထွက်ဆိုခဲ့တယ်လို့ သိရသည်။
ဖမ်းဆီးရမိသူများ အားလုံးကို ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ရန် သာခလီရဲစခန်းကို ပို့ဆောင်ထားကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group

Page 804 of 2196