#Local_News
Published_ 2 October 2023
အာရှအားကစားပြိုင်ပွဲတွင် အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပွဲစဉ်၌မြန်မာအသင်းက ဗီယက်နမ်အသင်းကိုအနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရသည်။
မြန်မာ( လေးယောက်တွဲ ) အမျိုးသားပိုက်ကျော်ခြင်းအသင်းသည်အုပ်စုအတွင်းမှာ အင်ဒိုနီးရှားတစ်သင်းကိုသာရှုံးနိမ့်ထားပြီး လာအိုအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို အနိုင်ရရှိခဲ့ခြင်းကြောင့် အောက်တိုဘာလ ( ၃ ) ရက်နေ့လည် ( ၁၂ ) နာရီခွဲအချိန်တွင် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည် အုပ်စုဒုတိယနေရာမှထိုက်ထိုက်တန်တန် အုပ်စုတက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
#Local_News #မြန်မာပိုက်ကျော်အသင်း #ဆီမီးဖိုင်နယ်တက်ပြီ #tthl #Yangon_Times
လာမယ့် ကြံကြိတ်ခွဲရာသီအတွက် မြန်မာ့သကြားဝယ်ယူဖို ကို ပြည်ပနိုင်ငံတွေက ကမ်းလှမ်းမှုတွေ များနေပေမယ့်ပြည်တွင်းစားသုံးမှုဖူလုံပြီး ပိုလျှံတဲ့သကြားတွေကိုသာ တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းထံက သိရပါတယ်။
Published_ 2 October 2023
#Local_News
#မြန်မာ့သကြား #ကြံထွက်ပစ္စည်း
#YMG/NN #Yangon_Times
‘စားအုန်းဆီတွေကို အခုချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စည်ပင်တွေကနေစီစဉ်ပြီးတော့ လိုက်လံရောင်းချပေးနေတဲ့အတွက် အရင်ကထက်စာရင်တော့ကျယ်ကျယ်ပြန့်ပြန့်လေးတော့ရရှိသွားမှာဖြစ်တယ်’ ဘုရင့်နောင်စားအုန်းဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Published_ 2 October 2023
#Local_News
#စားအုန်းဆီ #လိုက်လံရောင်းချပေး
#tthl #Yangon_Times
စက်တင်ဘာလနှောင်းပိုင်းက စတင်ကျဆင်းလာတဲ့ ပြည်တွင်းစားဆန်ဈေးနှုန်းတွေဟာ အခုအပတ်မှာ ဆက်လက်ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းက သိရပါတယ်။
Published_ 2 October 2023
#Local_News
#မိုးစပါးပေါ်ချိန် #မြန်မာနိုင်ငံဆန်စပါး
#YMG/LW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ ဒညင်းကုန်းလက်ကားဈေးကြီးမှာ အခြေခံ စားသောက်ကုန်တွေကို လက်ကားသီးသန့်ရောင်းချနိုင်မယ့် ဈေးရုံကြီးတစ်ခုကို ယခုနှစ်ကုန်ပိုင်းမှာ ထပ်မံဖွင့်လှစ်ဖို့စီစဉ်နေတယ်လို့ ဒညင်းကုန်းလက်ကားဈေးကြီး လုပ်ငန်းရေးရာဌာနက သိရပါတယ်။
Published_ 2 October 2023
#Local_News
#ဒညင်းကုန်း #အခြေခံစားသောက်ကုန် #အင်းစိန်မြို့နယ်
#YMG/LW #Yangon_Times
‘၂၀၂၃ ခုနှစ်အောက်တိုဘာမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ မင်္ဂလာခန်းမငှားရမ်းမှုတွေ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အရင်နှစ်တွေက အောက်တိုဘာလလယ်ပိုင်းမှာ ဝါကျွတ်ပြီဖြစ်ပေမယ့် အခုနှစ်ဟာနှစ်ဝါထပ်နေပြီး ဝါကျွတ်ချိန် နောက်ကျတဲ့အတွက် အောက်တိုဘာလ၂၉ ရက်ဝါကျွတ်ချိန်ကစလို့ မင်္ဂလာဧည့်ခံပွဲတွေကျင်းပနိုင်မှာဖြစ်တယ်’ မင်းကွန်းတိပိဋကကျောင်း၊ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး
Published_ 2 October 2023
#Local_News
#မင်္ဂလာအခမ်းအနား #ဝါကျွတ်ချိန်
#tthl #Yangon_Times
#Local_News
Published_ 2 October 2023
၂၀၂၃ ခုနှစ်အောက်တိုဘာ(၁)ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ(၅၆.၂)သန်းရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သူ(၉)သန်းအထိရှိလာကြောင်း သိရသည်။
အဆိုပါလူဦးရေစာရင်းကို၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁) ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေစာရင်းထုတ်ပြန်ချက်အရသိရခြင်းဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးခန့်မှန်းလူဦးရေ (၅၆.၂)သန်းရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ(၉)သန်းဖြင့်လူဦးရေ အထူထပ်ဆုံးဒေသဖြစ်နေသလို မန္တလေးတိုင်းတွင် လူဦးရေ(၆.၈)သန်း၊ရှမ်းပြည်နယ်တွင် လူဦးရေ(၆.၈)သန်းဖြင့် ဒုတိယလူဦးရေအထူထပ်ဆုံးမြို့များဖြစ်ကာ ဧရာဝတီတိုင်းတွင် လူဦးရေ(၆.၂)သန်းဖြင့်တတိယလူဦးရေ အများဆုံးဒေသဖြစ်နေကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့်လေးနှစ်တာ၂၀၁၉ခုနှစ်တုန်းကလူဦးရေ(၅)ဒသမ(၆)သန်းကျော်သာရှိခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်အောက်တိုဘာလ၁ရက်တွင် ခန့်မှန်းလူဦးရေ(၉)သန်းအထိများလာခြင်းဖြစ်သည်။
ကယားပြည်နယ်နှင့်ချင်းပြည်နယ်သည် လူဦးရေအနည်းဆုံးနေထိုင်သည့်ဒေသများဖြစ်ပြီး ကယားပြည်နယ်တွင် ခန့်မှန်းလူဦးရေ(၀.၄)သန်း၊ချင်းပြည်နယ်တွင် ခန့်မှန်းလူဦးရေ(၀.၅)သန်းသာရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းကို နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
#Local_News #မြန်မာ့ခန့်မှန်းလူဦးရေ(၅၆.၂)သန်း #ရန်ကုန်တိုင်း
#tthl #Yangon_Times
Page 805 of 1972