ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရန်ကုန်တိုင်းအသင်း တံခွန်စိုက်ဒိုင်းဆု ရရှိ
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက တံခွန်စိုက်ဒိုင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့
Yangon_Time/my
#Local_News
#Published 24 July 2023
#YMG #Yangon_Times
‘ မြန်မာနဲ့ဘန်ကောက်နဲ့ကြားမှာ လေယာဉ်ကြောင်းလိုင်းပျံသန်းမှုတွေဟာ တစ်နေ့ကို (၇)ကြောင်း ၊(၈)ကြောင်းလောက်ရှိနေပြီး လေယာဉ်စရိတ်တွေကလည်းသင့်တင့်တဲ့အတွက် ပွင့်လင်းရာသီမှာ ထိုင်းခရီးသွားတွေ အများဆုံးလာရောက်နိုင်တယ်’ဦးနောင်းနောင်းဟန်၊(ဥက္ကဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း)
Yangon_Time/tthl
#Local_News
#Published 24 July 2023
#YMG #Yangon_Times
Published_24 July 2023
ရုပ်ရှင်ထဲတွင် အင်္ဂလိပ်အရာရှိကြီးအသွင်ဖြင့်မောင်မင်းလူကလေး ဟု သုံးနှုန်းရသူ သခင်ကြီး အဖြစ်သရုပ်ဆောင်သည့် ဇာတ်ပို့ ဦးစံမြင့် ယနေ့ ကွယ်လွန်ခဲ့ရှာပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာရိုးရာဝတ်စုံများကို မြတ်နိုးဝတ်ဆင်တတ်သော၊ခေတ်ဟောင်းတေး သီချင်းများ ကို ပင် သီဆိုနိုင်သူဖြစ်သော ဦးစံမြင့် သည် ယနေ့ ဇူလိုင်လ၂၄ ရက် မွန်းလွဲ ၁၂နာရီ၂၀ မိနစ် က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရှိ နေအိမ်တွင် ၉၆ ပါးသောရောဂါ ဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။
သူသည် ရုပ်ရှင်(ဘိုင်စကုပ်)ထဲတွင် အင်္ဂလိပ်အရာရှိကြီးအသွင်ဖြင့် လွန်ခဲ့သော ၁၉၈၇ ခုနှစ်ကပင် ဇတ်ပို့သရုပ်ဆောင်အဖြစ်အသက်မွေးလာခဲ့သူ ဖြစ်သည်။ ယင်းအပြင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှတိရစ္ဆာန် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ခဲ့သည်။
ယခုအခါရုပ်ရှင်နှင့်ဗွီဒီမောင်မင်းလူကလေးဟုခေါ်ကာသခင်ကြီးအဖြစ်သရုပ်ဆောင်သည့် ထင်ရှားသော ဇာတ်ပို့ သရုပ်ဆောင် ဦးစံမြင့် ကွယ်လွန်ရှာပြီ ဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ် အရွယ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
Yangon/Times/PP
#Local_News
#YMG #Yangon_Times
Published_ 24 July 2023
ငွေစက္ကူအသစ် နှစ်သောင်းကျပ်တန်ထုတ်ဝေမည်ကို အကြောင်းပြု၍ ကုန်စည်ဈေးနှုန်းများနှင့် နိုင်ငံခြာငွေလဲလှယ်နှုန်းမြင့်တက်ရန် ကြိုးစားနေသူများကို ဖော်ထုတ်ပြီး အရေးယူမှာဖြစ်တယ်လို့ ဗဟိုဘဏ်က သတိပေးပြောကြားလိုက်ပါတယ်။
ဟောင်းနွမ်းငွေစက္ကူများကို ဖျက်ဆီးမည့် စာရင်းနှင့် ဖျက်ဆီးမည့် ငွေစက္ကူလက်ကျန်အတွင်းသို့ ထည့်သွင်းပြီး ဖျက်ဆီးသွားမည် ဖြစ်သဖြင့် အထက်ပါ ကျပ်နှစ်သောင်းတန် ငွေစက္ကူများထုတ်ဝေခြင်းကြောင့် ငွေကြေးပမာဏ တိုးတက်ရန် လုံးဝအခြေအနေ မရှိဘူးလို့ ဗဟိုဘဏ်က ပြောပါတယ်။
အဲဒါကြောင့် ဤအခြေအနေတွင် အကြောင်းအမျိုးမျိုးဖော်ပြပြီး ကုန်စည်ဈေးနှုန်းများ ဆွဲတင်ရန်လှုံ့ဆော်နေသူများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ကြိုးစားနေသူတွေဟာ ပြည်သူအများ၏ အကျိုးစီးပွားကို ပျက်စီးရာပျက်စီးကြောင်း ဆောင်ရွက်နေသူများဖြစ်သဖြင့် ထိုသူတွေကို ဖော်ထုတ်ပြီး အရေးယူနိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိနေတယ်လို့ ဗဟိုဘဏ်က သတိပေးပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းသည် နိုင်ငံစီးပွားရေး စနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in Circulation – CIC) အတွင်းသို့ထည့်သွင်းခြင်းမဟုတ်ဘဲ ဟောင်းနွမ်းငွေစက္ကူ လာရောက်လဲလှယ်သူ တစ်ဦးလျှင် ဥပမာငွေစက္ကူ အဟောင်းကျပ် သိန်း ၁၀၀ လာရောက်လဲလှယ်သူအား ငွေစက္ကူအသစ် ကျပ်သိန်း ၁၀၀ ပြန်ပေးသည့်အခါတွင် အမှတ်တရအဖြစ် ကျပ် နှစ်သောင်းတန် ငွေစက္ကူ ၃ရွက် သာ ထည့်သွင်းလဲလှယ်ပေးရန် လျာထားဆောင်ရွက်နေတယ်လို့လည်း ဗဟိုဘဏ်ကဆက်လက်ပြောကြားပါတယ်။
အဆိုပါသတိပေးပြောကြားမှုနှင့်အတူ ရွှေဈေးကွက်နှင့် နိုင်ငံခြားငွေကြေး ဈေးကွက်မှ အရောင်းအဝယ်လုပ်သူအချို့ကို ခေါ်ယူမေးမြန်းမှုအချို့ရှိနေတယ်လို့လည်း သတင်းများထွက်ပေါ်နေပါတယ်။
-ymg/knl
#Local_News
#YMG #Yangon_Times
Published_ 24 July 2023
ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းမှာ အထိမ်းအမှတ်၊ အမှတ်တရအနေဖြင့်လည်းကောင်း၊ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍လည်းကောင်း၊ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြောကြားပါတယ်။
နိုင်ငံ၏စီးပွားရေးစနစ်အတွင်းရှိ စုစုပေါင်း ငွေကြေး ပမာဏကို စဉ်ဆက်မပြတ်စောင့်ကြည့် စိစစ်လျက်ရှိပြီး၊ ရည်မှန်းချက် ပမာဏအတွင်း တွင်သာ ရှိစေရန် ယင်းပမာဏကို နှုတ်သိမ်းခြင်း၊ ထည့်သွင်းခြင်းတို့ကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် လျက်ရှိတဲ့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အတန်အသင့် တင်းကြပ်သောငွေကြေးမူဝါဒကို ကျင့်သုံးလျက် ရှိတာဖြစ်တယ်လို့လည်း ဗဟိုဘဏ်ရဲ့ရှင်းလင်းချက်ထဲမှာဖော်ပြထားပါတယ်။
စီးပွားရေးလုပ်ငန်းများကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်နိုင်ရန် အတိုးနှုန်း မြှင့်တင်ခြင်းထက်စီးပွားရေးစနစ်အတွင်း ထားရှိသင့်သည့် သီးသန့်ငွေကြေးပမာဏအား အတိုး/ အလျော့ပြုလုပ်နိုင်သည့် ဘဏ်များက ဗဟိုဘဏ်တွင် ထားရှိရမည့် သီးသန့်ငွေကြေး ပမာဏအချိုး(Reserve Requirement Ratio) မြှင့်တင်ခြင်း/ လျော့ချခြင်းဖြင့် ဆောင်ရွက်လျက်တာဖြစ်တယ်လို့လည်း ဗဟိုဘဏ်ကပြောပါတယ်။
နိုင်ငံစီးပွားရေး စနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in Circulation - CIC) များ လျော့နည်းကျဆင်းခဲ့ကြောင်း၊ CICတိုးတက်မှုနှုန်းသည် ၂၀၂၁ ခုနှစ်တွင် ၄၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၂၉ရာခိုင်နှုန်း သို့လည်းကောင်း ၂၀၂၃ ခုနှစ် မေလတွင် ၁၁ ရာခိုင်နှုန်းသို့ လည်းကောင်းကျဆင်းခဲ့တယ်လို့လည်း ဗဟိုဘဏ်က ဆက်လက်ပြောဆိုပါတယ်။
ဗဟိုဘဏ်ဟာ နေ့စဉ် နိုင်ငံခြားငွေ စီးဝင်မှု/ စီးထွက်မှုအား နီးကပ်စွာ စောင့်ကြည့်စိစစ်လျက်ရှိပြီး ဈေးကွက်အတွင်း နိုင်ငံခြားငွေ လိုအပ်ချက်များရှိလာပါက Financing ပေးခြင်း၊ ရောင်းချပေးခြင်းနှင့် နိုင်ငံခြားငွေဝယ်ယူ ထိန်းသိမ်းထားသည့် ဘဏ်များအား နိုင်ငံခြားငွေလိုအပ်သော သွင်းကုန် တင်သွင်းသူများနှင့်စီးပွားရေးလုပ်ငန်းများထံသို့ ရောင်းချစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိတယ်လို့လည်းသိရပါတယ်။
ယခုအခြေအနေအရ နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျ မကြမ်းဘဲ တည်ငြိမ်နေကြောင်း၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးစီး ဆောင်ရွက်လျက်ရှိသည့် ဘဏ်များအကြား Onlineနိုင်ငံခြားငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသည့် Exchange Rate ကို ကြည့်နိုင်ပါကြောင်းနှင့် Online နိုင်ငံခြားငွေကြေးဈေးကွက်တွင် သွင်းကုန်တင်သွင်းသူများ အတွက်လိုအပ်သည့် နိုင်ငံခြားငွေအားရယူနိုင်လျက်ရှိသဖြင့် စီးပွားရေးလုပ်ငန်းများ အတွက်လိုအပ်သော သွင်းအားစုများနှင့် ဈေးကွက်အတွင်း လိုအပ်သော သွင်းကုန်များကို တင်သွင်းနိုင်လျက်ရှိကြောင်းနှင့်ယခုထုတ်ဝေသည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းသည် အထက်ပါ နိုင်ငံခြားငွေကြေးဈေးကွက်၏ နေ့စဉ် အရောင်းအဝယ်များအား သက်ရောက်မှု မရှိနိုင်လို့လည်း ဗဟိုဘဏ်က ထပ်လောင်းပြောဆိုပါတယ်။
ငွေကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်များ ထုတ်ဝေမည်ဟုကြေညာပြီးနောက် ဈေးကွက်များအတွင်း လှုပ်ခါမှုများရှိခဲ့ပြီး ပြည်သူများအကြား စိုးရိမ်စိတ်များရှိနေချိန်တွင် ဗဟိုဘဏ်ရဲ့ပြောကြားချက် ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။
-ymg/knl
#Local_News
#YMG #Yangon_Times
Published_ 24 7 2023
ယခုနှစ်ကုန်ပိုင်းအတွင်း အပြင်းစားအယ်လ်နီညို ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်ဟု မိုးဇလပညာရှင်များသုံးသပ်ထားသည်။
ကမ္ဘာ့သမုဒ္ဒရာများ၌ ယခုနှစ်အတွင်း စံချိန်တင်အပူချိန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်ခြင်းဖြစ်သည်ဟုဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် ထိုင်း၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသများတွင် ရာသီဥတုပိုမိုပူနွေးလာပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီယားနှင့် ဗီယက်နမ် နိုင်ငံတောင်ပိုင်းဒေသများတွင် ပူနွေးပြီးခြောက်သွေ့ သောရာသီဥတုမျိုးဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဆန်စပါးစိုက်ပျိုးရေးဇုန်များအပေါ်တွင် သက်ရောက်မှုများရှိလာနိုင်ပြီး၊ မိုးစပါးရိတ်သိမ်းချိန်နှင့် နွေစပါးစိုက်ပျိုးမည့် အချိန်ကာလများတွင် ပိုမိုသက်ရောက်လာနိုင်ကြောင်း သိရသည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် အရှေ့ တောင်အာရှဒေသများတွင် မိုးနှင့် နွေစပါးထုတ်လုပ်မှုများ လျော့ကျသွားနိုင်တယ်ကြောင်း ခန့်မှန်းထားကြသည်။
YMG/my
#Local_News
#YMG #Yangon_Times
Published 24-7-2023
ဗေဒင်နှင့်အကြားအမြင်ဟောတမ်းထုတ်သူများ လိုင်စင်ပြုလုပ်ရမည်ဆိုသည်မှာ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန တုန့်ပြန်ဖြေကြားထားသည်။
ယင်းနှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာတစ်ခုက သာသနာရေးဝန်ကြီးဌာနအား မေးမြန်းခဲ့ရာတွင် အဆိုပါ ထုတ်ပြန်ချက်သည် သတင်းအမှားဖြစ်သည်ဟု ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။
ယမန်နေ့ ဇူလိုင် (၂၃) ရက် က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အကြား အမြင်ဟောတမ်းထုတ်သူများ အနေဖြင့် ဟောတမ်းထုတ်ခွင့်လိုင်စင် ပုံစံ-က၊ ပုံစံ-ခ၊ ပုံစံ-ဂ နှင့် ပုံစံအထူးတို့ကို လျောက်ထားရမည်ဟု ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။
အဆိုပါထုတ်ပြန်ချက်အတုတွင် သာသ နာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် (၃၇/၂၀၂၃) ဖြင့် ဗေဒင်နှင့်အကြားအမြင်ဟောတမ်းထုတ်သူများအတွက် မြန်မာနိုင်ငံသာသနာပိုင် အက် ဥပဒေ ပုဒ်မ ၁၄ နှင့် ၁၇ အရ အဆိုပါ အမိန့်ကို ထုတ်ပြန်လိုက်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် ဟောတမ်းထုတ်ခွင့်လိုင်စင်မရဘဲ၊ ကိုယ်တိုင်သော်လည်းကောင်း၊ လူမှုကွန်ရက်စာမျက်နှာများကသော်လည်း ကောင်း၊ အခြားဆက်သွယ်ရေးကွန်ရက်တစ်ခုခုက သော်လည်းကောင်ဆောင် ရွက်သည်ကို တွေ့ရှိပါက မြန်မာနိုင်ငံ သာသနာပိုင် အက်ဥပဒေ ပုဒ်မတို့ဖြင့် အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အတုတစ်စောင် ထွက်ပေါ်ခဲ့သည်။
ယင်းအပေါ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်သုံးသပ်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သေးသည်။
YMG/my
#Local_News
#YMG #Yangon_Times
Page 800 of 1844