Published 9 February 2024
ရန်ကုန်-မန္တလေးအမြန်လမ်း၌ SUZUKI ယာဥ်တစ်စီး နောက်ဘီးတာယာပွင့်၍ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်ရောက်တိုက်မိပြီး လူ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနှစ်ဦးမှာ စိုးရိမ်ရကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ရက်နေ့၊ နေ့လယ် ၂နာရီ ၃၆မိနစ် အချိန်ခန့် က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၀/၄)နှင့် (၇၀/၅) အကြားတွင် SUZUKI ERTIGA (အမျိုးအစား) အနက်ရောင်ယာဥ်သည် မောင်းနှင်နေစဉ် နောက်ဘီးတာယာပွင့်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်ရောက်တိုက်မိကြောင်း သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဥ်ပေါ်ပါ ကျား (၁)ဦး၊ မ (၃)ဦး၊ ကလေး (၂) ဦး စုစုပေါင်း (၆)ဦးအနက် မ(၁)ဦးနှင့် ကလေး(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) ကျန် (၄) ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ရဲတပ်ဖွဲ့ပိုင်ယာဥ်ဖြင့် မြို့ချောင်းဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 9 February 2024
ဆင်ကြီးမိုမို ခြေသည်းအထက်ပိုင်းတွင် ကြွက်နို့သဏ္ဍာန် ထွက်ပေါ်လာ၍စစ်ဆေးကုသစောင့် ရှောက်ပေးနေသလိုညဘက် အိပ်ချိန်တွင် သက်တောင့်သက်သာဖြစ်စေရန် သဲပေါ်မှာ အိပ်စက်စေ ခြင်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း Yangon Zooမှသိရသည်။
အသက်အရွယ်ကြီးရင့်လာမှု၏နောက်ဆက်တွဲအကျိုးရလဒ်အနေဖြင့် သက်ကြီးဆင်များတွင် ဖြစ်လေ့ဖြစ်ထရှိသော ခြေသည်းအထက်ပိုင်းတွင် ကြွက်နို့သဏ္ဍာန် ထွက်ပေါ်လာသည်ကို တွေ့ရခြင်းဖြစ်သည်။
၎င်းအခြေအနေကို ဆင်ကျွမ်းကျင်သူ ပညာရှင်များဖြစ်သည့် ဒေါက်တာခင်မောင်ဝင်း (ဆင်ဖြူတော်ဥယျာဉ်) နှင့် မြန်မာ့သစ်လုပ်ငန်းမှ ဒု-လက်ထောက် အထွေထွေမန်နေဂျာ ဒေါက်တာဇော်မင်းဦးတို့ကို ပင့်ဖိတ်၍အကြံဉာဏ်တောင်းခံခဲ့ပြီး လိုအပ်သည်များကို နေ့စဉ်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တဖန် အင်းစိန်ရောဂါရှာဖွေရေးဌာနမှ ကျွမ်းကျင်ပညာရှင် ဒေါက်တာဝင်းမြင့်အား ပင့်ဖိတ်၍ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရှိ ဆင်မကြီးမိုမိုအား ၁၉၆၁ခုနှစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့မှ ဦးခွန်စန္ဒမှ လှူဒါန်းခဲ့ပြီး လှူဒါန်းစဉ် အသက် (၇) နှစ်ခန့်ရှိပြီး ယခုဆိုလျှင် အသက် (၇၁) နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကာဆင်မကြီးမိုမိုသည် အသက်ကြီးလာသည်နှင့်အမျှ ၎င်း၏မူရင်းသဘာဝအတိုင်း အစာကို အမျိုးမျိုးရွေးချယ်စားသောက်တတ်ပြီး နေ့စဉ်နှင့်အမျှ အစာကို ပြောင်းလဲစားသောက်တတ် ကြောင်းဆင်မကြီးမိုမိုအတွက် လိုအပ်သော ဖြည့်စွက်စာများနှင့် ကြိုက်နှစ်သက်သည့် အစာကိုပိုမိုကျွေးခြင်း၊ ညဘက် အိပ်ချိန်တွင် သက်တောင့်သက်သာဖြစ်စေရန် သဲပေါ်မှာ အိပ်စက်စေခြင်းများကို ဆောင်ရွက်၍ အနီးကပ်ကျွေးမွေးပြုစုစောင့်ရှောက်လျက်ရှိကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 9 February 2024
အင်တာနက်အွန်လိုင်းပေါ်တွင်တင်သည့် သတင်းမှားများ၊မဖွယ်မရာပုံများနှင့် လောင်းကစားကြေညာများ တည်ဆဲဥပဒေအရ အရေးယူခံရနိုင် ကြောင်း သတိပေးကြေညာချက်ကို ဖေဖော်ဝါ ရီလ(၉)ရက်တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် သတိပေးထားသည်။
အဆိုပါကြေညာချက်တွင် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်း မှားများ လွှင့်တင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု နှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာမှတ်တမ်း ပုံများ၊ ဗီဒီယိုများအား ဖြန့်ဝေခြင်း၊ အခကြေး ငွေဖြင့် ရောင်းချခြင်းများသည် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း၊
အွန်လိုင်းလောင်းကစားကြော်ငြာများ လက်ခံကြော်ငြာပေးခြင်းသည် တည်ဆဲဥပဒေများ အရ အရေးယူခံရနိုင်ကြောင်းဖော်ပြပါရှိသည်။
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဘွန်ဆိုင်းပင်များဖန်တီးရာ၌ မြေပြင်တွင်ပေါက်ရောက်နေသည့် အပင် သဘာဝအားသွေဖယ်မသွားရန်လိုအပ်ဟုဆို
တကယ့်ကိုမြေပြင် မှာရှိတာ၊ကျောက်တောင်၊ကျောကိကမ်းပါးက သစ်ပင်ကြီးတွေကိုပုံစံယူပြီးလုပ်ကြတာ၊အခုနောက်ပိုင်းကျတော့ဖန်တီးသူရဲ့ စိတ်ကူးဉာဏ်၊အနုပညာနဲ့ကွန့်မြူးပြီး လုပ်လာကြတယ်၊ဖန်တီးတဲ့အခါမှာလည်းပဲစိတ်ဝင်စားအောင်မျက်စိပသာဒဖြစ်အောင် လုပ်လို့ရတယ်၊ဒါပေမယ့် မြေပြင်မှာပေါက်နေတဲ့အပင်ကြီးတွေရဲ့ ပုံစံနဲ့ သွေဖယ်မသွာဖို့လိုပါတယ်။
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဖွဲနုဆီ တစ်နှစ်လျှင် တန်ချိန်(၁၅၃၀၀)ထုတ်လုပ်နိုင်မည့် စက်ရုံဆောက်နေ
အခုစတင် အကောင်အထည်ဖော် ဆောင်ရွက်မယ့် ဖွဲနုဆီကြမ်း၊ ဆီချောနဲ့စားသုံးဆီထုတ်လုပ်ရေးစက်ရုံဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဖွဲနုဆီဆီကြမ်းနှင့် ဆီချော(Refinery) ပါဝင်တဲ့စက်ရုံဖြစ်ပြီး တစ်နှစ်လျှင် ဆီကြမ်း တန်ချိန်(၉၀၀၀)၊ ဆီချောတန်ချိန်(၆၃၀၀)ခန့် စုစု ပေါင်းဖွဲနုဆီ တန်ချိန် (၁၅၃၀၀)ကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရဲ့ အိုအေစစ်လို့ တင်စားခေါ်ဝေါ်တဲ့ ပုပ္ပါးတောင်မကြီးပေါ် သန့်ရှင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စိတ်ပါဝင်စားသူတွေ စုပေါင်းပြီး အမှိုက်ကောက်ကမ်ပိန်းတစ်ခုကိုဖေဖေါ်ဝါရီ ၁၈ရက်တွင် ပြုလုပ်မယ်လို့ သိရပါတယ်။ စိတ်ပါဝင်စားပြီး ပါဝင်ဖို့ ဆက်သွယ်လာသူတွေက သတ်မှတ်ထားတဲ့ ဦးရေထက် ပိုများပါတယ်။
Yangon Times/LW
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
' ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးကို ထိန်းညှိဆောင်ရွက်နိုင်ဖို့ ၂၀၂၃_၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ဖေဖော်ဝါရီ၊မတ်နဲ့ ဧပြီလတွေမှာ တစ်လကို တန်ချိန်တစ်သိန်းခွဲနဲ့ ပျှမ်းမျှစုစုပေါင်းတန်ချိန် လေးသိန်းခွဲအထိ တင်ပို့သွားဖို့ လျာထားတယ် ဆန်ကွဲ၊ ပေါင်းဆန်နဲ့ တန်းမြင့်ဆန် (၅ မှတ်ဆန်) တွေကိုသာ ဦးစားပေး တင်ပို့သွားမယ်၊ ' မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) '
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 797 of 2197