#Local_News
Published 31 July 2024

▪️ တိုက်ကြီးမြို့နယ် ဥတို-အဖျောက်ကားလမ်းဘေးတွင် ရေတိုက်စားမှုကြောင့် ကားလမ်းမဘေး‌မြေသားများ ပြိုကျမှုတစ်ခုယနေ့မနက်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဇူလိုင် ၃၁ ရက်နေ့၊ မနက်၉ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မိုင်တိုင်အမှတ် (၉/၃)နှင့် (၉/၄) ဖာလုံကြားရှိ ဥတို-အဖျောက်ကားလမ်းဘေးတွင် ရေတိုက်စားမှုကြောင့် ကားလမ်းမဘေး‌မြေသားများ ပြိုကျကြောင်းသတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လမ်းတံတားဦးစီးဌာနတို့ ပူးပေါင်း၍ သဲအိတ်များဖြင့် ပြန်လည်ကာရံခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times