၃၁ ဇူလိုင် ၂၀၂၄

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများကို လုံခြုံရေးအခြေအနေအပေါ်မူတည်ပြီး ကျင်းပနိုင်တဲ့နယ်မြေတွေကို ဦးစွာ ကျင်းပသွားမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

ဇူလိုင် ၃၁ရက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

လတ်တလော လုံခြုံရေးအခြေအနေအရ မကျင်းပနိုင်သေးတဲ့ နယ်မြေတွေကိုလည်း လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ပြီး ဆက်လက်ကျင်းပအောင်လုပ်သွားမယ်လို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။

တည်ငြိမ်အေးချမ်းမှသာ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် မှန်ကန်တဲ့ပြုပြင်ပြောင်းလဲရေးတွေ လျင်မြန်စွာ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် လုံခြုံရေပိုင်းနှင့်ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေ အရှိန်မြှင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို လာမည့် အောက်တိုဘာလတွင် ပြုလုပ် မည်ဖြစ်ပြီး ပါတိစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နှစ်တွင်ကျင်းပမည်ဟု နစက,က ထုတ်ဖော် ပြောဆိုထားပါတယ်။

@ymg/knl