Published-14 June 2024
ယခု ဘဏ္ဍာနှစ်စဖြစ်သည့် နှစ်လဝာာအတွင်းပြည်ပနိုင်ငံများ သို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ သန်း၅၀ကျော်ရရှိထားပြီး ပြီးခဲ့သည့်နှစ်ကာလတူကထက် ပိုမိုရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။
ပြည်ပသို့ ငါးမျိုးစုံတင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လတာ ကာလအတွင်း ငါးမျိုးစုံ မက်ထရစ်တန်ချိန် လေးသောင်းကျော် တင်ပို့နိုင်ခဲ့ကာ ကန်ဒေါ်လာ၅၁သန်းကျော်ရရှိထား ခြင်းကြောင်းသိရသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ ငါးမျိုးစုံတင်ပို့ရာတွင် မက်ထရစ်တန်ချိန် ၁၉၅,၉၃ ဒသမ ၇၃ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၉၄၆ သန်းရရှိခဲ့ခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဧပြီနှင့်မေလအတွင်းပြည်ပနိုင်ငံများသို့ ရေထွက်ကုန်များတင်ပို့ရာတွင် ပင်လယ် ရေ ကြောင်း ကုန်သွယ်မှုမှ မက်ထရစ် တန်ချိန် ၂၃,၆၈၇ ဒသမ ၁၄၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၄၅ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ် တန်ချိန် ၂၄,ဝ၃၂ ဒသမ ၃၇၄ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁၅၁ သန်းရရှိခဲ့သည့်အတွက် စုစုပေါင်း မက်ထရစ်တန်ချိန် ၄၇,၇၁၉ ဒသမ ၅၂၃ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆ဝ၁ သန်းရရှိခဲ့ ကြောင်းသိရသည် ။
မြန်မာနိုင်ငံမှ ငါး/ပုစွန်အပါအဝင် ရေထွက်ကုန်များကို ပြည်ပနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံပေါင်း ၄ဝ ကျော်သို့ တင်ပို့
နေခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published-14 June 2024
တရုတ်နိုင်ငံမှထုတ်လုပ်ထားသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များရန်ကုန်ဆိပ်ကမ်းသို့ယမန် နေ့ကရောက်ရှိခဲ့ရာလုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် Wuling Bingo အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် BYD Dolphin အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ N.P.K Motors Co., Ltd. မှ တင်သွင်းလာခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့တင်သွင်းရာတွင် တရုတ်နိုင်ငံထုတ် Leapmotor T03 (Luxury) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Midmay Group Co., Ltd. မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များဖြစ်ကြောင်းသိရသည်။
အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာ သောကြောင့် ဇွန် ၁၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 13 June 2024
၁။ မိုးရာသီခရီးစဉ်အဖြစ် လမ်းပန်းဆက်သွယ်ရေးကောင်းသည့် လှည်းကူးရှိ လယ်တောအိမ် Farm များသို့ လည်ပတ်နိုင်
၂။ နာနတ်သီး လက်လီဈေးကောင်းသော်လည်း တောင်သူများ ဈေးမရဖြစ်နေ
၃။ ဂျင်းနု ဥမပေါ်ချိန် ရောက်ရှိလာသောကြောင့် ဂျင်းအခက်ဈေး တစ်ပိသာ ၈၀၀၀ကျပ် ဝန်းကျင်မှာသာ ရှိနေ
၄။ တရုတ်နိုင်ငံတွင် အလိုအလျောက်မောင်းစနစ် ကုန်တင်ကားများ အသုံးပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
Published-13 June 2024
ယခု၂၀၂၄ ခုနှစ် ငါးလတာ အတွင်း ပြည်ပခရီးသွားတစ်သိန်းကျော် ဝင်ရောက်ထားပြီး တရုတ်နှင့်
ထိုင်းနိုင်ငံများမှ အများဆုံးလာရောက်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည် ။
အဆိုပါ ခရီးသွားဧည့်သည်များသည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုအနေဖြင့် Business Visa၊ Tourist Visa များနှင့် ဝင်ရောက်မှုမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ခရီးသည်တစ်ထောင်နီးပါး ပိုမိုဝင်ရောက်ခဲ့ပြီး ယခုနှစ်အတွင်းလာရောက်လည်ပတ်ကြသူများသည် ကမ်းခြေဒေသများကို သွားရောက်လည်ပတ်မှုနည်းပါးပြီး ရန်ကုန်မြို့တွင်း ခရီးစဉ်၊ ပဲခူးမြို့ ခရီးစဉ်၊ ပုဂံခရီးစဉ်များကို သွားရောက်လည်ပတ်မှုများပြားခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
13 June 2024
၂၀၂၅ အာရှယူ-၁၇ ခြေစစ်ပွဲမြန်မာယူ-၁၆ အသင်းအုပ်စု (I) တွင်အိမ်ရှင်ဗီယက်နမ်ဖြင့် တစ်အုပ်စုထဲကျရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှသိရသည်။
အာရှယူ-၁၇ ခြေစစ်ပွဲကို ၂၀၂၄ ခုနှစ် အောက်တို ဘာ ၁၉ မှ ၂၇ ရက်အတွင်း ကျင်းပရန် စီစဉ်ထားပြီး ခြေစစ်ပွဲ အုပ်စု (I) ကို အိမ်ရှင်အဖြစ် ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပမည်ဖြစ်သည်။
ခြေစစ်ပွဲကို အုပ်စု (၁၀) စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု ပထမရရှိသည့် ၁၀ သင်း၊ အကောင်းဆုံး အုပ်စုဒုတိယရသည့် (၅) သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဆော်ဒီအာရေဗျ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အုပ်စုပွဲစဉ်များအတွက် ယှဉ်ပြိုင်ရာတွင် ၂၀၂၅ အာရှယူ- ၁၇ ခြေစစ်ပွဲ အုပ်စု (I) တွင် ယီမင်၊ ဗီယက်နမ်၊ ကာဂျစ္စတန်အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိသည်ဟုဆိုသည်။
Yangon_Times/tthl
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
13 June 2024
လူငယ်များအတွက် "ကုန်းပတ်သင်္ဘောသားအခြေ ခံလက်တွေ့အခမဲ့သင်တန်း"အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF) မှ သိရသည်။
ကုန်းပတ်သင်္ဘောသားအခြေခံလက်တွေ့သင်တန်းအား MSF အဖွဲ့ချုပ်မှ အခမဲ့ဖွင့်လှစ်မည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ သင်ခန်းကာလ (၅) ရက် ကြာ သင်ကြားပေးမည်ဟုဆိုသည်။
သင်ကြားအထောက်အကူပြုပစ္စည်းများဖြင့် ဆရာ (၂) ဦးမှ အနီးကပ်လက်တွေ့သင်ကြားပေးမည်ဖြစ်ပါသောကြောင့် သင်တန်းတစ်တန်းလျှင် (၃၀) ဦးသာလက်ခံမည်ဖြစ်ပါသဖြင့် လူ (၃၀) ကျော်ပါက ဒုတိယအပတ်စဉ်သင်တန်းတွင် တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
တက်ရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)၏ Facebook Page နှင့် အဖွဲ့ချုပ်ရုံးသို့ ဆက်သွယ်စာရင်းပေးထားနိုင်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
၁၃ ဇွန် ၂၀၂၄
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံမှ ကုမ္ပဏီများ မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍတွင် လာရောက်ရင်းနှီးမြှပ်နှံရေး အတွက် မကြာသေးမီက ခန့်အပ်ခဲ့တဲ့ ယူအေအီးသံမတ်ကြီး နှင့် မြန်မာစွမ်းအင်ဝန်ကြီးတို့ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
စွမ်းအင်ဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်အား မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး မစ္စတာမူတက်ခ်အဘ္ဘဒူလာ အဘ္ဘဒူဂျာလေ မိုဟာမက် အယ်လ်ဖာဟမ်က ဇွန်လ၁၂ရက်နေ့၌ လာရောက် တွေ့ဆုံရာတွင် အဆိုပါ ကိစ္စကို ဝန်ကြီးနှင့်သံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါကိစ္စအပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးနှင့် ထုတ်လုပ်ရေးနှင့် ရေနံချက်စက်ရုံဆိုင်ရာနည်း ပညာများ လေ့လာနိုင်ရေးအတွက် မြန်မာနိုင်ငံမှ ပညာရှင်များစေလွှတ်ရေး၊စွမ်းအင်ဆိုင်ရာ နည်းပညာဆွေးနွေးပွဲများကျင်းပရေး အပါအဝင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ Green Energy အသွင်ကူးပြောင်းရေးကဏ္ဍတို့တွင် နှစ်နိုင်ငံ နီးကပ်စွာပူးပေါင်း ဆောင်ရွက်ရေးတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ စွမ်းအင်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 602 of 2209