#Local_News
Published 6 November 2024
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ကို ထပ်မံထုတ်ရောင်း ပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ၅ရက် က အသိပေးထားသည်။
▪️ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ နိုဝင်ဘာလ ၄ရက်နေ့ကလည်း ငွေလဲနှုန်း ၃,၅၇၅ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၁၅ သန်း၊ ငွေလဲနှုန်း ၅၂၉.၉၀ ကျပ်နှုန်းအတိုင်း တရုတ် (ယွမ်) ၁.၅ သန်း နှင့် ငွေလဲနှုန်း ၁၂၅ ကျပ်နှုန်းအတိုင်း ထိုင်း (ဘတ်) သန်း ၁၀၀ ကျော်တို့အား အွန်လိုင်းရောင်းဝယ်ရေးပလက်ဖောင်းဈေးကွက်မှတစ်ဆင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 6 November 2024
▪️ မော်တော်ယာဉ်အားလုံး ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁)ရက်မှစ၍ ယာဉ်စစ်ဆေးပြီးမှသာမှတ်ပုံတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များအနက် Road Safety အရေးကြီးသည့်အများပြည်သူခရီးသည်ပို့ဆောင်ရေးယာဉ်များ၊ ယာဉ်မှန်မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲများများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကိုစစ်ဆေးခြင်းတို့ဖြင့် အကျုံးဝင်သောယာဉ်များ၊ တက်စီယာဉ်များ၊ ကျောင်းကားများနှင့် နှစ်တန်နှင့်အထက်အငှားယာဉ် များကိုယာဉ်စစ်ဆေးပြီး သက်တမ်းတိုးခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊
▪️ ယခုအခါ ယာဉ်ကြံ့ခိုင်မှုကောင်းမွန်စေရေးနှင့်အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အန္တရာယ်ကင်းစွာသွားလာရေးအတွက် မှတ်ပုံတင်မော်တော်ယာဉ်တွေအားလုံးကို၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှစ၍ ယာဉ်သက်တမ်းတိုးခြင်းများ အပါအဝင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများအတွက် ယာဉ်စစ်ဆေးပြီးမှသာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
#YMG/tthl #Yangon_Times
#Daily_News
Published 5 November 2024
၁။ ဗိုလ်တထောင်စေတီတွင် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ် ပူဇော်ပွဲကျင်းပမည်
၂။ အိပ်စပိုတာများအဝယ်လိုက်နေ၍ ဘုရင့်နောင်၌ ဆန်အဝင်အထွက်ညီမျှနေ
၃။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)မှ သင်တန်းသားများစတင်ခေါ်ယူနေ
၄။ ပါလက်စ်တိုင်းကို လူမျိုးသုဉ်းသတ်ဖြတ်နေသည့်အစ္စရေးလ်အားထောက်ပံ့နေသော အမေရိကန်အစိုးရကို ပြည်သူများဆန္ဒပြကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာ၁၅သန်းအပါအဝင် နိုင်ငံခြားငွေကြေးတွေဆက်တိုက်ထပ်မံထုတ်ရောင်းပေးနေပြီး ဒေါ်လာဈေးတွေလည်း ကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 5 November 2024
#နိုင်ငံခြားငွေကြေး #အမေရိကန်ဒေါ်လာ
#YMG/NN #Yangon_Times
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)မှ မဟာဝိဇ္ဇာတန်းနဲ့အချိန်ပြည့်နဲ့အချိန်ပိုင်း ဒီပလိုမာသင်တန်းအတွက် သင်တန်းသားတွေစတင်ခေါ်ယူနေပြီး နိုဝင်ဘာလ(၁၃)ရက် နောက်ဆုံးပေးပို့လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 5 November 2024
#နိုင်ငံခြားဘာသာတက္ကသိုလ် #သင်တန်းသားများခေါ်ယူ
#YMG/tthl #Yangon_Times
မိုးစပါးအထွက်ကောင်းချိန်၌ ဘုရင့်နောင်ကို ဆန်အဝင်အနည်းငယ် ပိုလာပေမယ့် အိပ်စပိုတာတွေ အဝယ်လိုက်နေတာကြောင့် ဆန် အဝင်အထွက်ညီမျှနေတယ်လို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် ) ကသိရပါတယ်။
#Local_News
Published 5 November 2024
#အိပ်စပိုတာ #ဆန်အဝင်အထွက်ညီမျှ
#YMG/NN #Yangon_Times
#Local_News
Published 5 November 2024
▪️ ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့ရှိ ဘူဆန်နိုင်ငံခြားဘာသာတက္ကသိုလ် (Busan University of Foreign Studies) မှ မြန်မာစာအထူးပြုဘွဲ့ကြိုသင်တန်းတက်ရောက်နေကြသည့် တက္ကသိုလ် ကျောင်းသား/ကျောင်းသူ (၁၂) ဦး၊ ပါမောက္ခ Dr. JiHye KIM နှင့် အတွင်းရေးမှူး (၁) ဦးတို့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် (တနင်္လာနေ့)၊ ၁၄:၃၀ နာရီမှ ၁၆:၀၀ နာရီအထိမြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လေ့လာရေးခရီးစဉ် လာရောက်ခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။
▪️ အဆိုပါ ကျောင်းသား၊ကျောင်းသူများအား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်ဦးဆောင်သည့် သံရုံးဝန်ထမ်းများသည် တက္ကသိုလ်ကျောင်းသား/ကျောင်းသူအဖွဲ့အား သံရုံးအစည်းအဝေးခန်း၌ လက်ခံတွေ့ဆုံကာ မြန်မာ-ကိုရီးယားနှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကိစ္စ၊ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ People-to-people relation ကိစ္စရပ်များ၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် သံရုံးမှ ဆောင်ရွက်ပေးလျက်ရှိသည့် မြန်မာနိုင်ငံသားအကျိုးကိစ္စအပါအဝင် မြန်မာ အလုပ်သမားကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ကျောင်းသား/ကျောင်းသူ များမှ မေးမြန်းချက်များကို သံအမတ်ကြီးမှ ပြန်လည်ဖြေကြားကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ ကြောင်း၊ ယင်းနောက် သံအမတ်ကြီးမှ ဘူဆန်နိုင်ငံခြားဘာသာတက္ကသိုလ် အတွက် အမှတ်တရလက်ဆောင်အား ပေးအပ်ရာ ပါမောက္ခ Dr. JiHye KIM မှ လက်ခံရယူခဲ့ပါ သည်။ ၎င်းနောက် သံအမတ်ကြီးသည် ဘူဆန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား/ ကျောင်းသူများနှင့်အတူ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး သံရုံးအား လှည့်လည်ပြသခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဘူဆန်နိုင်ငံခြားဘာသာတက္ကသိုလ် (Busan University of Foreign Studies) တွင် မြန်မာစာ အထူးပြုဘာသာရပ်ဖြင့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူပေါင်း (၃၀) ဦး တက်ရောက် ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 602 of 2358