Publicshed 13 June 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ (၅)လတာ ကာလအတွင်းဖြစ်ပွားသူ ၃၇၀ကျော်ရှိပြီးတစ်ဦး ေ-သဆုံး ကြောင်း ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ထိုသို့ဖြစ်ပွားရာတွင် ရန်ကုန်တိုင်းတွင် ငါးလတာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ (၃၇၇) ဦး ရှိပြီး ေ-သဆုံးသူ(၁)ဦး ရှိကြောင်း၊ အဆိုပါသွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၇၇) ဦးတွင် မွေးကင်းစမှအသက်(၁)နှစ်အထိ (၃၅)ဦး၊ အသက်(၂)နှစ်မှ (၄)နှစ်အထိ (၈၃) ဦး၊ အသက်(၅)နှစ်မှ (၉)နှစ်အထိ (၁၅၂)ဦး၊ အသက် (၁၀)နှစ်မှ(၁၄)နှစ်အထိ (၇၆)ဦး၊ အသက်(၁၅)နှစ်အထက် (၃၅)ဦး ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထို့အပြင် သွေးလွန်တုတ်ကွေး ဖြစ်ပွားမှုများတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သည်ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး မရမ်းကုန်းမြို့နယ်သည် ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အလိုက် အိမ်ရာဝင်းများအပြင်စာသင်ကျောင်းများကိုပါ တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
သွေး လွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းစဉ်တွင်ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပိုးလောက်လန်းနှိမ်နှင်းခြင်း၊ ခြင်နှိမ်နှင်းခြင်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ခြင်ဆေးမှုတ်ခြင်းအပြင် အခြားကာကွယ်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ရန် မှာကြားလိုအပ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
နယုန်လပြည့်နေ့မှာ ရွှေတိဂုံမှာငြိမ်းချမ်းရေးခေါင်းလောင်းများ တစ်ပြိုင်နက်တီးခတ်မည်၊ မဟာသမယအခါတော်နေ့ဖြစ်ပေါ်လာပုံကို ဖော်ကျူးတဲ့အနေနဲ့ ဗုဒ္ဓဝေယျာဝစ္စအသင်းတွေနဲ့ ဝန်ထမ်းတွေက ကပိလဝတ်နဲ့ကော်လိယအုပ်စု(၂)စုခွဲပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ်ပူဇော်ပြီး ချမ်းသာကြီးတန်ဆောင်းမှာ မဟာသမယသုတ်ရွတ်ဖတ်ပူဇော်တဲ့ အခမ်းအနားကျင်းပသွားမှာ ဖြစ်ပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မေလအတွင်း ပြည်ပနိုင်ငံတွေကို ဆန်နဲ့ဆန်ကွဲ တန်ချိန်ခုနှစ်သောင်း ကျော်သာတင်ပို့နိုင်ခဲ့ပြီး ယခင်လထက် တင်ပို့တာ လျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်တောင်ပိုင်းက စိုက်ပျိုးထွက်ရှိတဲ့ (ချင်း)ဂျင်းနုဥမပေါ်ချိန် ရောက်ရှိလာတာကြောင့် ဂျင်းအခက်ဈေးကွက် မှာ တစ်ပိသာ ၈၀၀၀ကျပ်ဝန်းကျင်မှာသာ ရှိတော့တယ်လို့ အောင်ပန်းကုန်စိမ်းပွဲရုံတွေထံမှ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်မြောက်ပိုင်းကထွက်ရှိတဲ့ နာနတ်သီးတွေ လက်လီဈေးကွက်ထဲမှာ ဈေးကောင်းရရှိနေပေမယ့် တောင်သူ တွေဈေးမရဖြစ်နေတယ်လို့ နာနတ်သီးစိုက်ပျိုးသူတွေဆီက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
မိုးရာသီမှာလှည်းကူးရှိ လယ်ဝောာအိမ် Farm အချို့မှာ ရာသီအလိုက်စပါးစိုက်တာ၊ မှိုစိုက်တာတွေ လေ့လာနိုင်မှာဖြစ်သလို စက်ဘီးစီး၊ ငါးမျှား၊ ပန်းချီဆွဲ၊ ဂိမ်းကစား၊ စာဖတ်တာနဲ့ Wifi Freeပေးထားလို့ အရေးပေါ်အစည်း အဝေးတက်တာ အင်တာနက်လိုင်းအသုံးပြုတာတွေ အတွက်ပါ အဆင်ပြေမှာဖြစ်ပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 13 June 2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းအပေါ်ဘက်ခြမ်း၊ စခန်းလေးအနီးတွင် မြေပြိုမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဇွန်လ ၁၃ရက် နံနက် ၈နာရီ ဝန်းကျင် ခန့်က ကျိုက်ထီးရိုး တောင်တတ်ကားလမ်း ၇မိုင် ၆ဖာလုံ အနီး မြေသားပြိူကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မြေသားပြိုကျမှုကြောင့် ကားလမ်းမပေါ်သို့ ခန့်မှန်းပေ ၁၀၀ခန့် မြေသားများ ဖုံးအုပ် သွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံကသိရသည်။
လက်ရှိ တွငိ မြေသားပြိုကျသည့်နေရာသို့ ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တောင်တက်အသင်းဝင်များ၊ ဈေးသူဈေးသားများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လမ်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 603 of 2209