တက္ကသိုလ်ဝင်စာမေးပွဲခန်းမှာNon- programmable scientific calculator အမျိုးအစားတွေသုံးနိုင်ပြီး Programmable Calculator ဖြစ်ရင် တော့အသုံးပြုခွင့်ပေးမှာ မဟုတ်ဘဲ သိမ်းဆည်းမှာဖြစ်တယ်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
#Local_News
Published_ 4 March 2024
#တက္ကသိုလ်ဝင်စာမေးပွဲ #Calculatorအမျိုးအစား
#tthl #Yangon_Times
#Local_News
Published_ 4 March 2024
နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးကိုမြှင့်တင်ရန်ရည်ရွယ်ပြီး ဂျာမနီနိုင်ငံမှပေးအပ်မည့်၂၀၂၄ ခုနှစ်အတွက် International Co-Production Fundကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း Goethe institut Myanmarမှသိရသည်။
International Co-Production Fund လျှောက်လွှာတွေကို ယခုရက်ပိုင်းမှ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ အထိ တစ်နှစ်ပတ်လုံး တင်သွင်းနိုင်သည်ဟုဆိုသည်။
International Co-Production Fund ကို 2024 ခုနှစ်တွင် စတင်လုပ်ဆောင်မည့် နိုင်ငံတကာ ပရောဂျက် (ပရောဂျက်ကြာမြင့်ချိန် အများဆုံး 24 လအထိ ကြာနိုင်သည်) အစီအစဥ်များ အတွက် ရန်ပုံငွေရရှိရန် လျှောက်ထားနိုင်မည်ဖြစ်ပြီး
မြန်မာနိုင်ငံမှ ပူးတွဲထုတ်လုပ်သူမှ မိမိတိုရဲ့ ပရောဂျက်မစတင်မီ အနည်းဆုံး ၃ လအလိုတွင် ပရောဂျက်လျှောက်လွှာကို တင်သွင်းရမည်ဖြစ်ကြောင်း အသိပေးထားကြောင်း သိရသည်။
ယင်းပရော်ဂျက်သည် နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးတွင် ပူးပေါင်းလုပ်ဆောင်သည့် လုပ်ငန်းစဉ်များနှင့် ဆန်းသစ်သော ထုတ်လုပ်မှုများကို မြှင့်တင်နိုင်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာအခြေအနေများတွင် ကွန်ရက်အသစ်များနှင့် အလုပ်ပုံစံများဖန်တီးခြင်းကို ပံ့ပိုးပေးပြီး ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းအသစ်များကို စမ်းသပ်ရန် ၎င်းတို့မှ ပံ့ပိုးခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #(IKF) Fund #ပူးတွဲထုတ်လုပ်သူများလျှောက်ထားနိုင် #tthl #Yangon_Times
#Local_News
Published-4 March 2024
၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်းနိုင်ငံပိုင်နှင့် ပုဂ္ဂလိကမွေးမြူသူ၈၀၀ကျော်မှ ပျားအုံနှစ်သိန်းကျော် မွေးမြူလုပ်ကိုင်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံပိုင်နှင့် ပုဂ္ဂလိကမွေးမြူသူ ၈၁၈ ဦးမှ ပျားအုံ ၂၀၉၀၂၁ အုံ မွေးမြူလုပ်ကိုင်လျက်ရှိပြီး လက်ရှိကာလအထိ ပျားရည်မက်ထရစ်တန် ၄၁၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါထုတ်လုပ်သည့် ပျားရည်များအားဂျပန်၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျာမနီနိုင်ငံများသို့ မက်ထရစ်တန်ချိန် ၂၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#Local_News #ပုဂ္ဂလိကမွေးမြူသူ၈၀၀ကျော် #ပျားအုံနှစ်သိန်းကျော်မွေးမြူလုပ်ကိုင် #YMG/ NN #Yangon-Times
မန်းရွှေစက်တော်ဘုရားဖူးများ သင်္ကြန်ကာလမှာ mini water park များဖြင့် မန်းချောင်းအတွင်းအပန်းဖြေနိုင်ပြီ
'မန်းချောင်းမှာရေကစားလိုရတယ်၊ water park ကတော့ သင်္ကြန်မှာလည်းပျော်လိုရတယ်၊ သင်္ကြန်မတိုင်ခင်လည်းရေကစားလို့ရတယ်၊ ရေလွှာလျှောစီးလေးတွေလုပ်ပေးထားပါတယ်'
#Local_News
Published_ 4 March 2024
#mini water park #မန်းရွှေစက်တော် #မန်းချောင်းအတွင်း
#YMG/NN #Yangon_Times
စစ်မှုထမ်းဥပဒေ ပြဌာန်းထားတဲ့အပေါ် ခြိမ်းခြောက်ငွေညှစ်တာမျိုးတွေရှိပါက ဆက်သွယ်အကူအညီ တောင်းနိုင်တယ်လို့ ပြည်သူ့ပါတီဥက္ကဦးကိုကိုကြီးက ပြောပါတယ်။
#Local_News
Published_ 4 March 2024
#ပြည်သူ့ပါတီဥက္ကဦးကိုကိုကြီး #ပေးပို့တိုင်ကြားနိုင်
#YMG/LW #Yangon_Times
အခုတက္ကသိုလ်ဝင်တန်းစနစ်သစ်မှာ အအောင်/ အရှုံးမရှိဘဲ ဖြေဆိုသူတွေရဲ့အရည် အချင်းအလိုက် Grade A,B,Cနဲ့သာခွဲသွားမှာဖြစ်တယ်။ Grade ကောင်းကောင်းရအောင်ကြိုးစားဖြေဖို့ပဲ လိုအပ်တော့တယ်။
မြန်မာနိုင်ငံပုဂ္ဂလိကကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်
#Local_News
Published_ 4 March 2024
#တက္ကသိုလ်ဝင်စာမေးပွဲဝင်ဖြေမည့်သူများ #စာမေးပွဲကျရှုံးမည့်သူမရှိ
#tthl #Yangon_Times
#Local_News
Published-4 March 2024
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းဖြစ်သည့် ဇန်နဝါရီလမှ မတ်လ၄ရက် အထိကာလအတွင်းကားမီးလောင်မှု ၁၁ ကြိမ်အထိဖြစ်ပွားခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
အဆိုပါကားမီးလောင်မှုများတွင် ရန်ကုန်တိုင်း၌ အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်နှင့်အမြန်လမ်း၌ တစ်ကြိမ်စီဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကားမီးလောင်မှုများအပါအဝင် နှစ်လကျော်ကာအတွင်း တစ်နိုင်ငံလုံး၌ မီးလောင်မှု ၂၆၀ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို မီးလောင်မှုများတွင် ရန်ကုန်မြို့ ထိန်ပင် အမှိုက်ပုံနှင့် ပဲခူးမြို့ ဆင်ဖြူကွင်း အမှိုက်ပုံတို့တွင်လည်း မီးလောင်မှု များလည်း ပါဝင်ပြီး စက်တပ်လှေနှစ်စီးအပါအဝင် ဆီတင်သင်္ဘောတစ်စီးလည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုများတွင် ရန်ကုန် ၊ မန္တလေး ၊ ပဲခူး ၊ ဧရာဝတီ ၊ မကွေး၊ စစ်ကိုင်း ၊ ရှမ်း၊ ကချင် ၊ မွန်၊ တနင်္သာရီ၊ ရခိုင်စသည့် ပြည်နယ်နှင့်တိုင်းတို့တွင် အဖြစ်များခဲ့ပြီး ကျန်ဒေသများတွင်လည်း မီးလောင်ကျွမ်းမှုအနည်းငယ်စီဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် မီးလောင်ကျွမ်းမှုများအနက် တောမီး၊ ကိုင်းမီး၊ မြက်ခြောက်မီးနှင့် အမှိုက်ပုံများမှတဆင့်မီးလောင်မှုများလည်းပါဝင်ကြောင်း သိရသည်။
#Local_News #ကားမီးလောင်မှု ၁၁ကြိမ် #YMG/NN #Yangon-Times
Page 598 of 2041