#Daily_News
Published_ 3 February 2024
၁။ တရုတ်ဒြပ်မဲ့အမွေအနှစ်ကို လေ့လာနိုင်မည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌(၂)ရက်တိုင်တိုင်ကျင်းပမည်
၂။ မလေးရှားလုပ်သားဈေးကွက် လာမည့် ဧပြီလမှစပြီး ပြန်လည်ကောင်းနိုင်မည့် အနေထားရှိဟုဆို
၃။ အကယ်ဒမီဆုပေးပွဲတက်ရန် သက်ကြီးအနုပညာရှင်များနှင့် အနုပညာရှင်၊ အတတ်ပညာရှင်(၂၅၀) ကျော် နေပြည်တော်သို့ရောက်ရှိနေ
၄။ (၂၀၂၃)ခုနှစ်အတွင်းကမ္ဘာ့ရွှေဝယ်လိုအားမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီဖော်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
သက်ကြီးအနုပညာရှင်တွေ လေကြောင်းခရီးနဲ့နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်သလို အလွှာအသီးသီးမှ အနုပညာရှင်၊ အတတ်ပညာရှင် (၂၅၀)ဦးဟာလည်း Express ကားတွေနဲ့ရန်ကုန်မြို့ ရွှေထွဋ်တင်ဝန်းမှ နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။
#Local_News
Published_ 3 February 2024
#သက်ကြီးအနုပညာရှင်များ #နေပြည်တော်သို့ရောက်ရှိ
#tthl #Yangon_Times
မလေးရှားအစိုးရမှ နိုင်ငံခြားသားလုပ်သားသစ်များ ခေါ်ယူခွင့်ကို လာမယ့်ဧပြီလလောက်မှာ ပြန်လည်ခွင့်ပြုပေးမယ့် အနေထား ရှိတဲ့အတွက် ပြည်တွင်းမှ မလေးရှားကို လုပ်သားပို့ပေးနေတဲ့ ဈေးကွက် ပြန်လည်ကောင်းလာမယ့်အနေထား ရှိတယ်လို့ မြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA) မှ သိရပါတယ်။
#Local_News
Published_ 3 February 2024
#မလေးရှားလုပ်သား #ပြန်လည်ကောင်းနိုင်မည့်အနေထား
#YMG/LW #Yangon_Times
တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်၌ (၂)ရက်တိုင်တိုင်ကျင်းပမည် "ဖက်ထုပ်၊ တံတားကူးမြီးရှည် အစရှိတဲ့ တရုတ်ရိုးရာအစားအစာတွေကို မြည်းစမ်းသုံးဆောင်နိုင်သလို ဓာတ်ပုံရိုက်ဝါသနာပါသူများအနေနဲ့လည်း ရှေးခေတ်လူတွေအတိုင်းတရုတ်ရိုးရာဝတ်စုံတွေနဲ့ ကိုယ်တိုင်ဝတ်စားပြင်ဆင်ကြည့်နိုင်မှာဖြစ်တယ်။ တရုတ်ရိုးရာ ဆေးဆိုးပန်းရိုက်ပညာ၊ စက္ကူအလှညှပ်ပညာ အစရှိတဲ့ တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း ကိုယ်တိုင်ပြုလုပ် လေ့လာနိုင်မယ်" ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ
#Local_News
Published_ 3 February 2024
#တရုတ်နှစ်သစ်ကူးပွဲတော် #တရုတ်ယဉ်ကျေးမှုစင်တာ
#tthl #Yangon_Times
#Local_News
Published 3 February 2024
ရန်ကုန်မြို့၊ ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံက သိရသည်။
ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီခွဲကျော်ခန့်တွင် ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ရှင်သန်ရေးကူညီမှုအသင်းမှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဟွန်ဒိုင်းပုဇဉ်းခေါင်းပစ်ကပ်နှင့် Toyota Taxi ယာဉ်တို့ တိုက်မိကာ ဟွန်ဒိုင်းပုဇဉ်းခေါင်းပစ်ကပ်မှ လမ်းထောင့်ရှိ သစ်ပင်နဲ့ မော်တော်ပီကယ်ရုံးကို ဝင်တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ဦး ရှိ ပြီး ၃ဦးမှာ အနီရောင်အဆင့် လူနာများ ဖြစ်ကာ စိုးရိမ်ရကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအားရှင်သန်ရေးလူမှုကူညီရေးအသင်း မှ Ambulanceယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ဗိုလ်မြတ်ထွန်းလမ်း #ယာဉ်နှစ်စီးတိုက်မိ #၇ဦးထိခိုက်ဒဏ်ရာရရှိ #YMG/LW #Yangon_Times
#Local_News
Published 3 February 2024
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့၏ အနောက်မြောက် (၁၉) မိုင်ခန့်အကွာအတွင် ယနေ့ နံနက်ပိုင်းက အင်အား၄ဒသမ ၂အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရသိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၅၇)မိနစ်၊ (၅၁)စက္ကန့် အချိန်တွင်လှုပ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းတာချက်အရ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၂၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ အနောက်မြောက် (၁၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၄၂) ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် (၉၄.၅၆) ဒီဂရီ၊ အနက် (၆၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
#Local_News #စစ်ကိုင်းတိုင်းဖောင်းပြင်မြို့ # အင်အား၄ဒသမ၂ အဆင့် #မြေငလျင်တစ်ခုလှုပ်ခတ် #YMG/LW #Yangon_Times
#Local_News
Published 3 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ဘီအိုစီ မီးပွိုင့်အနီး ယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်းအမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အနီးဝန်းကျင်ရှိသူများထံမှ သိရသည်။
ဖေဖော်ဝါရီ (၂) ရက်၊ ည (၁၀)နာရီ၊ မိနစ် (၂၀) အချိန်ခန့်က လှိုင်သာယာမြို့နယ် ရန်ကုန် - ပုသိမ် လမ်းမကြီး ဘီအိုစီ မီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုတွင်ကုန်တင်ယာဉ် (၂)စီး မှာ အရှိန်မထိန်းနိုင်ဘဲတိုက်မိပြီး လမ်းပေါ်ကို တိမ်းမှောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းအမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
#Local_News # ဘီအိုစီမီးပွိုင့်အနီး #အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times
Page 593 of 1981