၁၃ နိုဝင်ဘာ ၂၀၂၄
မြန်မာနိုင်ငံ မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အမေရိကန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများပါဝင် နေကြောင်း တယ်လီဂရပ်သတင်းစာက နိုဝင်ဘာ ၁၃ရက်တွင် ဖော်ထုတ်ရေးသားခဲ့ပါတယ်။
တယ်လီဂရပ်က အသက် ၂၄နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသား အာဇတ်ဆိုသူနှင့် တွေ့ဆုံမေးမြန်းရေးသားခဲ့ခြင်း ဖြစ်ပြီး သူသည် အမေရိကန်လေနှင့်စကားပြောသူဖြစ်ပြီး တော်လှန်ရေးကိုသဘောကျကြောင်းနှင့် မြန်မာပြည် မြောက်ပိုင်းသို့သွားရောက်ကာ အစိုးရဆန့်ကျင်ရေးအုပ်စုများနှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက်သူဟာ အမေရိကန်မှာရှိတဲ့မိသားစုနှင့်အတူ နှစ်လခန့်နေထိုင်ပြီးနောက် အနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ်သို့သွားရောက်ကာ ရှေ့တန်းမှပါဝင်တိုက်ခိုက်ခဲ့ကြောင်းနှင့်အထူးသဖြင့်သူသည် လက်ဖြောင့်ပစ်ခတ် မှုကျွမ်းကျင်ကြောင်းလည်း အဆိုပါသတင်းတွင်ရေးသားထားပါတယ်။
အာဇတ်ဆိုသည်မှာ သူ၏ အမည်ဝှက်ဖြစ်ပြီး သူသည် စစ်တိုက်ရသည်ကို စိတ်လှပ်ရှားတက်ကြွကြောင်း၊ အဲဒါကြောင့် ပဋိပက္ခနေရာများနှင့် စွန့်စားရသောခရီးသွားခြင်းများကို ရှာဖွေနေသူဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
အာဇတ်မှာ မြန်မာနိုင်ငံအတွင်း ခိုးဝင်လာပြီး ဆန့်ကျင်ရေးအုပ်စုတွေနှင့်အတူ တိုက်ခိုက်နေတဲ့ နိုင်ငံခြားသား အနည်းအကျဉ်းထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူတို့ဟာ ယခုဆိုရင် ဖက်ဆစ်ဆန့်ကျင်ရေးနိုင်ငံတကာ တပ်ဦး the Anti-Fascist Internationalist Front (AIF) ဆိုတဲ့အမည်နှင့် အဖွဲ့ငယ်ကလေးတစ်ခု ပထမဆုံးဖွဲ့စည်း ထားပြီးပြီလို့လည်း တယ်လီဂရပ်သတင်းစာမှာဖော်ပြထားပါတယ်။
သူဟာ တရားဝင်စစ်သင်တန်းမတက်ဖူးပေမယ့် ဆီရီးယားနိုင်ငံမှာ ကဒ်လူမျိုးစုသူပုန်တွေနှင့်အတူ လေးနှစ်အထိ တိုက်ခဲ့ဖူးသည့် အတွေ့အကြုံရှိတယ်လို့သူကပြောပါတယ်။ ယူကရိန်း ဒါမှမဟုတ်ဆီးရီးယားနှင့်မတူတဲ့အချက်က မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေစ စနစ်တကျစုဆောင်းမှုမရှိသေးတော့ အရေအတွက်က နည်းသေးတယ်လို့ သူက ဆက်ပြောပါတယ်။သူက နိုင်ငံတကာစိတ်ဓာတ်တွေရှိတဲ့ နိုင်ငံခြာ့းသားတွေ ထပ်လိုချင်တယ်လို့ဆိုပါတယ်။
ကြာသပတေးနေ့က သူက ရန်ပုံငွေစရှာလိုက်တာ ၂၄နာရီအတွင်း ဒေါ်လာတစ်ထောင်ရလိုက်တယ်လို့လည်း တယ်လီဂရပ်ကသူကပြောပါတယ်။
Ref :Telegraph
အပြည့်အစုံဖတ်လိုသူများ-
https://www.telegraph.co.uk/world-news/2024/11/13/why-i-left-us-deep-south-to-fight-in-myanmar-civil-war/ တွင်ဖတ်ရှုနိုင်ပါတယ်။
#Daily_News
Published 13 November 2024
၁။သာစည်-မန္တလေးရထားလမ်းပိုင်း လူစီးရထားဖြင့်ခရီးသွားနိုင်ပြီ
၂။အောက်တိုဘာလအတွင်းဆန်အိတ် အကြီး၊အသေးအိတ်ရေ ၇၈,၀၀၀ကျော် ရောင်းချနိုင်ခဲ့
၃။မြင်းခြံသို့ မိုးကြက်သွန်နီများစတင်ဝင်ရောက်လာ
၄။ စက်ဘီးဖြင့်ကမ္ဘာပတ်ခရီးသွားမည့်အိပ်မက်ကိုအကောင်အထည်ဖော်နေသည့်တရုတ်အမျိုးသား တိုက်ကြီး(၅)တိုက်သို့ဖြတ်သန်းပြီးမြောက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ကျိုက်ထီးရိုးစေတီတော်မှာ လုံခြုံရေးကောင်းမွန်လို့ တန်ဆောင်တိုင်ကာလမှာ ဘုရားဖူးတွေလာရောက်လည်ပတ်နိုင်တယ်လို့ ဂေါပကအဖွဲထံမှ သိရပါတယ်။
#Local_News
Published 13 November 2024
#ကျိုက်ထီးရိုးလုံခြုံရေးကောင်းမွန် #တန်ဆောင်တိုင်လာရောက်လည်ပတ်
#YMG/tthl #Yangon_Times
မြင်းခြံ ကုန်စည်ဒိုင်ကို မိုးကြက်သွန်နီတွေစတင်ဝင်ရောက်လာပြီး ဈေးကောင်းရနေတယ် လို ယင်းကုန်စည်ဒိုင် က သိရပါတယ် ။
#Local_News
Published 13 November 2024
#မိုးကြက်သွန်နီ #ဈေးကောင်းရနေ
#YMG/NN #Yangon_Times
အောက်တိုဘာလအတွင်းသင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ၂၄ပြည် ဆန်အိတ် အကြီးအပါအဝင် ၁၀kg ဆန်အသေးအိတ်ရေ ၇၈,၀၀၀ကျော် အထိ ရောင်းချနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published 13 November 2024
#ဆန်အိတ်အကြီး၊အသေး #၇၈,၀၀၀ကျော်ရောင်းချ
#YMG/NN #Yangon_Times
သာစည်-မန္တလေးရထားလမ်းပိုင်းမှာ လူစီးရထားတွေကို နိုဝင်ဘာလ(၁၁)ရက်ကနေစတင်လို့ ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 13 November 2024
#သာစည်-မန္တလေးရထား #လူစီးရထားပြေးဆွဲပေး
#YMG/tthl #Yangon_Times
#Local_News
Published 13 November 2024
▪️ ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ယမာန်နေ့ ညနေပိုင်းက ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်ပြီး အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ နိုဝင်ဘာ ၁၂ရက်နေ့၊ ညနေ ၃နာရီခွဲ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာအနီး ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၉၄/၂)နှင့်(၉၄/၃)ကြားတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျောက်တံခါးမြို့နယ်မီးသတ်စခန်း၊ ညောင်လေးပင်မြို့နယ်မီးသတ်စခန်း၊ ပိန်းဇလုပ်နယ်မြေမီးသတ်စခန်း၊ ပြွန်တန်ဆာနယ်မြေမီးသတ်စခန်း၊ ဖဒိုနယ်မြေမီးသတ်စခန်းနှင့်ပဲနွယ်ကုန်းနယ်မြေမီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၅)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။
▪️ ထိုမီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး သေဆုံးအား ကျောက်တံခါးသွေးလှူရှင် ပရဟိတအသင်းယာဉ်ဖြင့် ကျောက်တံခါးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 593 of 2358