လေအေးနဲ့လေနွေးတွေ့ဆုံမှုအပြင် လေဖိအားနည်းရပ်ဝန်းထပ်ဖြစ်လာပြီး မိုးသည်းဦးမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 9 November 2024
#လေအေးနဲ့လေနွေးတွေ့ဆုံ #မိုးသည်းဦးမည်
#YMG/tthl #Yangon_Times
ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန်လေးသိန်းကျော်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်လျာထားချက်ထက်ကျော်လွန်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 9 November 2024
#ဆန်နှင့်ဆန်ကွဲ #ပို့ကုန်လျာထားချက်ထက်ကျော်လွန်
#YMG/NN #Yangon_Times
တောင်ကြီးတန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပြိုင်ပွဲကိုရာသီဥတုအခြေအနေအရ မူလက ကျင်းပမယ့်နိုဝင်ဘာလ(၉)ရက်မှာ မကျင်းပဖြစ်ဘဲ နောက်နှစ်ရက်ဆုတ်ကာ နိုဝင်ဘာ(၁၁)ရက်နေ(၁၇)ရက်အထိရက်အထိပြောင်းလဲကျင်းပသွားမှာဖြစ်ပါတယ်။
#Local_News
Published 9 November 2024
#ရာသီဥတုအခြေအနေ #တောင်ကြီးတန်ဆောင်ရက်ပြောင်း
#YMG/tthl #Yangon_Times
#Local_News
Published 9 November 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ကျိုက်လတ်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍
သစ်ပင်များ လဲကျမှုများယနေ့မနက်အစောပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ နိုဝင်ဘာ ၈ ရက်နေ့၊ မနက် ၄နာရီ၂၂မိနစ် အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ (၆)ဖြတ်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားပျော့အိမှုကြောင့်လမ်းမပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျိုက်လတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မနက် ၅နာရီ အချိန်တွင်ရှင်းလင်းပြီးစီးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 November 2024
▪️ ယမန်နေ့ နိုဝင်ဘာလ ၈ ရက် ညက ကွယ်လွန်ခဲ့သော လျှပ်စစ်ဝန်ကြီးဟောင်း
ဦးဝင်းခိုင်အသုဘကို ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက် ၁၁ နာရီ ကြာနီကန် သုဿာန်၌ပြုလုပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
▪️ အသက် ၇၄ နှစ်အရွယ် ဦးဝင်းခိုင်သည် အကျဉ်းကျနေစဉ် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊(၁၀)ထပ်ဆောင်၊ (၆)လွှာရှိ၊ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ဆေးကု သမှုခံနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဦးဝင်းခိုင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ ဖြင့် အမှုဖွင့်တရားစီရင်ကာ ထောင်ဒဏ် ၂၈နှစ် ချမှတ်ခံခဲ့ထားခြင်းဖြစ်ပြီး မန္တလေးဆေးရုံကြီးသို့ပြောင်းရွှေ့ကုသမှုခံယူနေစဉ်အောက်တိုဘာလ၂၉ရက်က လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သိရသည်။
▪️ သူ့တွင် နှလုံးသွေးကြောကျဉ်းရောဂါ ရှိနေသည့်အတွက် လွန်ခဲ့သော၂၀၂၃ ခုနှစ် ဇွန်လကလည်း မန္တလေးဆေးရုံကြီးသို့တက်၍ ကုသမှုခံယူခဲ့ရသေးကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 9 November 2024
မော်လမြိုင်မြို့ ၊ရိုးဂိုးကျေးရွာရှိ မင်းသန့် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုတွင် ဒဏ်ရာရခဲ့သည့် စက်သုံးဆီဆိုင်ရှင်၏ သားကို ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပြီး ကျန်ဒဏ်ရာရရှိသူ ၂၁ဦးမှာ မော်လမြိုင်ဆေးရုံကြီး၌ ဆက်လက်ကုသမှုခံယူနေ ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုတွင် မီးငြှိမ်းသတ်နေသူ ၂၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆီဘောက်ဆာ ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကျန်ရှိသည့် ဒဏ်ရာရရှိသူများတွင် ပါဝင်သော ဆိုင်ပိုင်ရှင်၏သားဖြစ်သူမှာ စိုးရိမ်ရသဖြင့် မော်လမြိုင် ဆေးရုံကြီးတွင် ကုသမှုခံယူနေရာမှ နိုဝင်ဘာလ ၈ ရက် ညနေ ၅ နာရီခန့်က မော်လမြိုင်လေဆိပ်မှ စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းက မော်လမြိုင်-မုဒုံသွားလမ်းမကြီး၊ ရိုးဂိုးကျေးရွာလမ်းဝရှိ မင်းသန့် စက်သုံးဆီဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဆီဖြည့်နေစဉ် မီးလောင်ကျွမ်းရာမှု ဖြစ်ပွားရာမှတဆင့် ပေါက် ကွဲမှုနှစ်ကြိမ်ဆက် တိုက်ဖြစ်ပွားခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဆီဆိုင်ပိုင်ရှင်သား၊ ဆီဘောက်ဆာ ယာဉ်မောင်း (သေဆုံး) ၊ မီးသတ် ဝန်ထမ်း ကိုးဦး၊လူမှုကူညီရေးအဖွဲ့ ငါးဖွဲ့ မှ ၁၂ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Published_8 Nov 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နိုဝင်ဘာလ ၈ ရက် တွင် ချုံချင့်မြို့ရှိ စက်ရုံအလုပ်ရုံများ သို့သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
ချုံချင့်မြို့ရှိ Zhongyue Aviation UAV Firefignting-Drone Co.Ltd. ကုမ္ပဏီမှထုတ်လုပ်ထားသော လူမှု ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် အဆင့်မြင့်ဒရုန်းများ ခင်းကျင်းပြသထားရှိမှုကို လိုက်လံ ကြည့် ရှုလေ့လာကြရာတွင်အထပ်မြင့်အဆောက်အဦများ၊ တောမီးလောင်ကျွမ်း မှုများနှင့် အခြားသော သဘာ ဝဘေး ကယ်ဆယ်ရေးလုပ်ငန်းတို့တွင် ဒရုန်းများအသုံးပြု၍ ပြုလုပ်ပုံအဆင့်ဆင့် ရှင်းလင်း တင်ပြကြပြီး ဒရုန်းဖြင့် မီးငြှိမ်းသတ်မှုကိုလက် တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
SERES မော်တော်ကားကုမ္ပဏီ ၊ Chongqing International Logistics Hub Park တို့ကို သွားရောက်ခဲ့ကြ ကြောင်း ၊ Chongqing International Logistics Hub Park တွင် တရုတ်-ဥရောပ-အနောက်နိုင်ငံ တို့ အကြား ကုန်စည်စီးဆင်းလျက်ရှိသည့် ကုန်းလမ်း၊ ရေလမ်း လမ်းပြမြေပုံ၊ ချုံချင့်မြို့၏ဖွံ့ဖြိုးတိုးတက်မှုသမိုင်း၊ ယန်စီမြစ် ပေါ်ရှိ ကုန်စည်စီးဆင်းမှုဆိပ်ကမ်းများနှင့် လမ်းပန်း ဆက်သွယ်ရေးနှင့် မြို့ပြပုံစံငယ် တို့ကို လေ့လာခဲ့ကြောင်း သိရသည်။
ယင်းနောက် Weima လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီ၊Chongqing Planning Exhibition ပြတိုက်တို့ကိုသွား ရောက်ခဲ့ကြောင်း၊ ပြတိုက်သို့ရောက်ရှိချိန်တွင် ချုံချင့်မြို့၏ခေတ်အဆက်ဆက် ဖြစ် ပေါ်ပြောင်းလဲတိုးတက်ခဲ့မှု များ၊ ဒေသနေပြည် သူများ၏ လူနေ မှုဘဝအဆင့်အတန်းမြင့် မားတိုးတက်လာမှုနှင့် ရိုးရာယဉ်ကျေးမှုပုံစံများ၊ မြို့ပြပုံစံငယ်များ၊ ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်နေမှုကိုဖော်ပြထားသည့် အထူးပြုလုပ်ချက်ဗီဒီယိုများစ သည် ဖြင့်ပြကွက်တစ်ခုချင်းစီအလိုက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ညပိုင်းတွင် ချုံချင့်မြို့ရှိ Yuantongsi သင်္ဘောဆိပ်သို့ ရောက်ရှိပြီး ယန်စီမြစ် အတွင်းသင်္ဘောစီး၍ လေ့လာ ခဲ့ကြကြောင်းနှင့် သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံကာ တရုတ်-မြန်မာ စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင် မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
Yangon_Times/PP
Page 597 of 2358