#Local_News
Published 21 May 2024
▪️ YBS ယာဉ်များစည်းကမ်းနှင့်အညီ ပြေးဆွဲနိုင်ရန် စစ်ဆေးရေးအဖွဲ့များနှင့် ယာဉ်ကြောရှုပ်ထွေးတဲ့ မှတ်တိုင် ၁၆ ခုမှာ ခရိုင် ၃ ခရိုင် ပူးပေါင်းအဖွဲ့တို့ဖြင့် နေ့စဉ်စစ်ဆေးကြပ်မတ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
▪️ ထို့အပြင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ကားများပေါ်၌ အများပြည်သူကြုံတွေ့နေရသည့် ခါးပိုက်နှိုက်အန္တရာယ် ကာကွယ်နိုင်ရန်“ခါးပိုက်နှိက် သတိပြု” သတိပေးစတေကာများကိုလည်း မေလ ၁၆ ရက်နေ့ကတည်းက စတင် ဖြန့်ဝေထားပြီးဖြစ်ကြောင်း သိရသည်။
▪️ YBS စီးနင်းခရီးသွားပြည်သူများအတွက် ကြိုတင်ကာကွယ် သတိပြုမိစေရန် ခါးပိုက်နှိုက် သတိပြု စတေကာများကို YBSယာဉ်၏ ရှေ့လှေကားအတက်၊ ယာဉ်မောင်း၏အနောက်ဖက်တွင် စတေကာ(၁)ခု၊ ယာဉ်၏ အနောက်ဘက်ခြမ်းတွင် စတေကာ(၁)ခု၊ လှေကားအဆင်းတံခါးပေါက်တွင် စကေတာ(၁)ခုနှင့် Mini Bus ယာဉ်များအတွက် လှေကားအတက် ယာဉ်မောင်း၏ အနောက်၌ စတေကာ(၁)ခု၊ ယာဉ်၏ ဘေးဘယ်/ညာ၌ စတေကာ(၁) ခုစီ တပ်ဆင်သွားရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် YBS ကုမ္ပဏီများအားလုံးကို လာမည့် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ YBS ယာဉ်များ၌ CCTV တပ်ဆင်ရန်လည်းညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်မြို့တွင်း၌ YBS ယာဥ်လိုင်းစုစု ပေါင်း ၁၃၁ လိုင်း၊ ယာဥ်အစီးရေ ၃၀၀၀ ကျော်ဖြင့် ခရီးသည် ၁၆ သိန်းကို သယ်ယူပိုဆောင်ပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
မေရီချက်ပ်မင်း နားမကြားသောကလေးငယ်များကျောင်းမှာ ကျောင်းသားဟောင်းတွေကိုမေလ (၂၇ရက်မှ၃၀)ရက်အထိ ဦးစွာလက်ခံပြီး ကျောင်းသားသစ်တွေကို မေ ၃၁ မှ ဇွန် ၂ရက် နေ့အထိ ထပ်မံလက်ခံသွားမှာ ဖြစ်တယ်။အဆောင်နေ (၂၀၀)ဦးနဲ့ နေ့တက်ဦးရေ အကန့်အသတ်မရှိလက်ခံဖို့ရှိပါတယ်။
(မေရီချက်ပ်မင်းနားမကြားသောကလေးငယ်များကျောင်း၊ကျောင်းအုပ်ဆရာမကြီး)
#Local_News
Published_ 21 May 2024
#မေရီချက်ပ်မင်းကျောင်း #ကျောင်းအပ်လက်ခံပြီ
#tthl #Yangon_Times
ပြောင်းစျေးမြင့်တက်လာချိန်မှာတော ပွဲရုံတွေနဲ့ကုန်သည်တွေလက်ထဲမှာပဲ ပြောင်းအများဆုံးရှိနေပြီး တောင်သူတွေလက်ထဲမှာတော့ အနည်းငယ်သာရှိတော့တယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းမှ သိရပါတယ်။
#Local_News
Published_ 21 May 2024
#ပြောင်းစျေးမြင့်ချိန် #ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ
#YMG/LW #Yangon_Times
#Local_News
Published 21 May 2024
▪️ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ဆောက်လုပ်ရေးလုပ်သားများနှင့်မိသားစုအများအပါအဝင် ၄၅ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့(လပွတ္တာ)ထံက သိရသည်။
▪️ မေလ ၂၀ရက်နေ့ ညနေ၃နာရီ အချိန်ခန့်က လပွတ္တာမြို့ရှိ လ/တောင် ကွမ်းခြံကုန်း၊ ချောင်းကလေး ၊အမှတ် ၉ရပ်ကွက်နှင့်၃ရပ်ကွက်တို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အစာအဆိပ်သင့်မှု ဖြစ်ပွားရာတွင် ကလေးငယ်များ ပါ ပါရှိပြီး အော့အန်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
▪️ "အခုဖြစ်တာက ဆောက်လုပ်ရေးဆိုက်မှာ စလစ်လောင်းတဲ့ အလုပ်သမားတွေ သူတို့ကို အလုပ်က ဘဲဥ ငံပြာရည်ချက် ပေးတာကို သူတို့အိမ်ရောက်မှ မိသားစုတွေနဲ့ စားလိုက်တော့ ကလေးတွေပါ ဖြစ်သွားတာ အခုက အကုန်လုံးနီးပါးကောင်းနေပါပြီ မနေ့ညနေပိုင်းကတော့ အော့အန်ပြီး နေလို့မရတော့ သူတို့အိမ်တွေကို မြို့နယ်က လူမူရေးအသင်းတွေကလူနာတင်ကားတွေနဲ့ ဆေးရုံကို သွားခေါ်ပို့ပေးရတာပေါ့"နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့(လပွတ္တာ)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ အစာအဆိပ်သင့်သည့်လူနာ ၄၅ဦး မှာ လပွတ္တာမြို့ရှိ ကုတင် ၂၀၀ပြည်သူ့ဆေးရုံကြီး တွင်ကုသမှုခံယူနေပြီး အစာအဆိပ်သင့်သည့်အကြောင်းရာကိုတော့ ဓါတ်ခွဲစစ်ဆေးလျက်ရှိကာမကြာမီတွင် အဖြေသိရှိရမည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောသည်။
#YMG/LW #Yangon_Times
#Local_News
Published 21 May 2024
▪️ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင်ရပ်ကွက်၊ ကုသိနာရုံလမ်းတွင် အမျိုးသားတစ်ဦးရေတွင်းထဲသို့ ပြုတ်ကျမှုဖြစ်ပွားကြောင်း ထားဝယ်မြို့နယ်မီးသတ်စခန်းမှ သိရသည်။
▪️ မေလ၂၁ရက် မနက်ဆယ်နာရီအချိန်ခန့် က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ထားဝယ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးခဲ့ရာ ၁၀နာရီ၁၅မိနစ်အချိန်တွင် ရေတွင်းထဲသို့ ပြုတ်ကျသည့်အမျိုးသားအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါအမျိုးသားကို ဇမ္ဗူသီရိလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 21 May 2024
▪️ ကဆုန်လပြည့်(ဗုဒ္ဓနေ့)မေလ(၂၂)ရက်တွင်မန္တလေး ၌ သံဃာတော် (၁၀၂၇၂)ပါး ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပူဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆိုင်ရာ မင်္ဂလာအခမ်းအနားများကို ဘာသာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့်အညီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ၂၀၂၄ ခုနှစ် မေ ၂၂ ရက် နံနက် ၆ နာရီမှစတင်၍ ကျင်းပမည်ဖြစ်သည်။
▪️ မန္တလေးမြို့ ကျုံးလေးပြင်လေးရပ်တွင် သံဃာတော် ၁၀၂၇၂ ပါးအား နန်းမြို့ရိုးတစ်ဖက်လျှင် သံဃာတော် ၂၅၆၈ ပါးစီဖြင့် ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ပွဲ ကျင်းပမည်ဖြစ်ရာ ထိုသို့ ကျင်းပပုံများကို MRTV - HD Channel ၊ MRTV Parliament Channel ၊ MWD-HD Channel၊ MWD- Variety HD Channel၊ MWD EDUCATION , KNOWLEDGE & SPORTS Channel ၊ Channel LIGHT Channel၊ Sky Net Buddha Channel နှင့် Channel -9 တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Daily_News
Published_ 20 May 2024
၁။ ကဆုန်လပြည့်နေ့တွင် ဒံပေါက်စတုဒိသာနှင့် နိဗ္ဗာန်ဈေးလှူမည်
၂။ ပြည်တွင်းဝယ်လိုအားများသည့်အတွက် အုန်းသီးဈေး အမြင့်ဆုံးသို့ရောက်ရှိနေ
၃။ ရွှေဈေးကွက်အတွင်း အရောင်းအဝယ်မသမာမှုများ ပပျောက်သွားနိုင်သည့် ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဥပဒေရေးဆွဲနေ
၄။ ဂါဇာတွင်စစ်ပွဲဆင်နွှဲနေသည့် အစ္စရေးလ်အား တောင်အာဖရိကတရားစွဲဆိုသော အမှုကိစ္စ နိုင်ငံတကာတရားရုံးတွင် ကြားနာမှုစတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 599 of 2165