Published 20 May 2024
လတ်တလောဖြစ်ပွားနေသော စီးပွားရေးလုပ်ငန်းများ လည်ပတ်မှုကျဆင်းလာခြင်းတွေအပေါ် မူတည်၍ ထုတ်လုပ်မှုတွေ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်တွေ ထုတ်လုပ်ရောင်းချနေသည့် ကိုရီးယားကုမ္ပဏီ CJ Feed Myanmar က ကြေညာလိုက်သည်။
ကုမ္ပဏီအနေဖြင့် အရောင်းအဝယ်လုပ်ငန်းများ ခက်ခဲလာခြင်း၊ ကုန်ကြမ်းစရိတ်များ တိုးမြှင့်လာခြင်းနှင့် ကုန်ကြမ်းရရှိမှု ခက်ခဲခြင်းတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုသည်။
ထို့အပြင် လုပ်ငန်းလည်ပတ်ရန် အတွက် ထုတ်လုပ်မှုလုပ်သားအင်အား မလုံလောက်မှုတွေ ဖြစ်ပေါ်နေခြင်းစသည့် မလွန်ဆန်နိုင်သည့် ဖြစ်ရပ်များ ဖြစ်ပေါ်နေသည့် အတွက်ယခုကဲ့သို့ ခေတ္တရပ်နားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ကြောင့် မေလ ၂၈ ရက်နေ့ကစပြီး CJ ကုမ္ပဏီရဲ့ တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်တွေ ထုတ်လုပ်ရောင်းချနေမှုကို ခေတ္တရပ်နားထားမှာဖြစ်ကြောင်း သိရသည်။
CJ ၏ အရောင်းကိုယ်စားလှယ်များ ဖောက်သည်များ အနေဖြင့် ကုန်ဖိုးကြွေးကျန်များ ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး CJ ကုမ္ပဏီကို မပျက်မကွက် ပြန်လည်ပေးသွင်းကြဖို့လည်း ကုမ္ပဏီဘက်က မေတ္တာရပ်ခံထားသည်။
Yangon_Times/LW
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ထိုင်းနိုင်ငံကကွန်ဒိုတွေကို မြန်မာနိုင်ငံသားများ ဝယ်ယူတာများပြားနေပြီး ဆက်လက်ပြီး ထပ်မံတိုးတက်နိုင်တယ်လို့ ထိုင်းနိုင်ငံရှိ ကွန်ဒိုနှင့် အိမ်ရာစီမံကိန်း ရောင်းချပွဲများ စီစဉ်ပေးနေတဲ့ 2B ASSET Company Limited က သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ဒူးရင်းသီးစတုဒိသာပွဲအတွက် ဒူးရင်းသီး (၄၅၀၀)လုံး မှာယူထားပြီဖြစ်ပြီး လူဦးရေ (၁၀၀၀၀) စာလှူဒါန်းမယ်။
တောင်ပေါ်မှာ(၁၀)နေရာခွဲပြီး ဒူးရင်းသီးအသင့်ခွဲစိတ်ပြီး လူတစ်ဦးစာဖော့ဗူးတွေကို ကတ်ပြားပေးကာ ထုတ်ယူကြရမှာဖြစ်တယ်။
(တောင်ပုလတောင်တော်စေတီတော်မှ ဆရာတော်)
Yangon_Times/tthl
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ရွှေဈေးကွက်အတွင်း အရောင်းအဝယ်မသမာမှုများ ပပျောက်သွားနိုင်သည့် ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် ဥပဒေရေးဆွဲနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ပြည်တွင်းမုန့်လုပ်ငန်းတွေက ဝယ်ယူမှုများသလို လက်ရှိကာလဟာ အုန်းသီးအထွက်နည်းတဲ့အချိန် ဖြစ်တာကြောင့် အုန်းသီးတစ်လုံးကို လက်ကားဈေး ၁၈၀၀ ကျပ်အထိ ရှိလာကာ ဈေးအမြင့်ဆုံးကို ရောက်ရှိနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရှိ အုန်းသီးအရောင်းဝယ်ပြုလုပ်သူတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ကဆုန်လပြည့်နေ့မှာ နဂါးမောက်ဘုရားမှာ ဒံပေါက်စတုဒိတာ တစ်နေကုန်ကျွေးမွေးလှူဒါန်းမှာဖြစ်သလို ရွှေရင်အေး၊အအေးနဲ့မုန့်တွေကိုလည်း နိဗ္ဗာန်ဈေးပွဲတော်အလှူအဖြစ် လှူဒါန်းဖို့ ပြင်ဆင်ထားတယ်။
(နဂါးမောက်ဘုရားအကျိုးတော်ဆောင် ကိုဇင်မိုး)
Yangon_Times/tthl
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 18 May 2024
၁။ မြန်မာ့ပထမဦးဆုံး ဂီတအကယ်ဒမီထူးချွန်ဆုပေးပွဲ ကျင်းပမည်၊ ထူးချွန်ဆု(၉)ဆုပေးရန် ရည်မှန်းထား
၂။ ကုန်အဝင်နည်းလာပြီး ပြည်တွင်းသုံးစွဲမှု များတဲ့အတွက် ကြက်သွန်ဖြူဈေး ပြန်မြင့်တတ်
၃။ ရွှေဈေး ကျပ်၅၁သိန်းအထိ စံချိန်တင်မြင့်တက်နေသော်လည်း ဝယ်ယူသူမရှိ
၄။ အိမ်အဟောင်းအား အိမ်အသစ်ဖြင့် လဲလှယ်ရေးအစီအစဥ်အသစ်အား ဝူရှီမြို့ပြဆောက်လုပ်ရေးအဖွဲ့ကုမ္ပဏီစတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 601 of 2165