၂၇ ဖေဖော်ဝါရီ ၂၀၂၄
မြန်မာနိုင်ငံသည် ခေတ်ပြိုင်အခြားနိုင်ငံများနှင့်အိမ်နီးချင်းနိုင်ငံအချို့၏နောက်တွင် တဖြည်းဖြည်း ကျန်ခဲ့သည့် အတွက် သင်ခန်းစာ ဖော်ထုတ်ကာ နိုင်ငံ့အကျိုးအတွက်ဆောင်ရွက်ကြရန် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဘက်အရပ်ဘက် အရာရှိကြိးများကို ပြောကြားပါတယ်။
နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ၂၇ ရက် မနက်ပိုင်းက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တက်ရောက်လျက်ရှိတဲ့ သင်တန်းသားတွေဖြစ်တဲ့ တပ်မတော်နှင့် အရပ်ဘက် နိုင်ငံ့ဝန်ထမ်းအရာရှိကြီးများကို Video Conferencing ဖြင့် အမှာစကားပြောကြားရာမှာ ယင်းကဲ့သို့ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်ပါတယ်။
မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင်တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက် နယ်နိမိတ်နှင့် ခိုင်မာသည့် သမိုင်း ကြောင်းရှိသည့်နိုင်ငံဖြစ်ပြီး နိုင်ငံတော်အနေဖြင့်ခေတ်အလိုက် တိုးတက်မှုများရှိခဲ့သော်လည်း ခေတ်ပြိုင်နိုင်ငံများ ဖြစ်သည့် အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့တို့၏ နောက်တွင် တဖြည်းဖြည်းကျန်ခဲ့သည်ကို တွေ့မြင်ရ ကြောင်းဗိုလ်ချုပ်မှူးကြီးကပြောကြားခဲ့ပါတယ်။
ပညာရေးနှင့် ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အတွက်အချက် ပညာရပ်နှင့် စက်မှုပညာရပ်တို့တွင် အခြားနိုင်ငံများနှင့်ရင်ဘောင်တန်းနိုင်မှုမရှိခဲ့ဘဲ နောက်တွင်ကျန်နေခဲ့ကြောင်း၊ ယင်းအချက်အလက်များကို အခြေ ခံ၍ သင်ခန်းစာ ဖော်ထုတ်ကာနိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအခြေအနေများမှသည် နစကအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့ တာဝန်များကိုထမ်းဆောင်ခဲ့ရမှုအခြေအနေများအထိ သမိုင်းကြောင်း ကို ဗိုလ်ချုပ်မှူးကြီးက အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ယင်းအပြင်မြန်မာနိုင်ငံကိုပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဆက်လက် လျှောက်လှမ်းလျက်ရှိမှုနှင့်
လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ ကိုလည်း ဗိုလ်ချုပ်မှူးကြီးက သင်တန်းသားအရာရှိကြီးများကို ရှင်းလင်းပြောပြခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာ ကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများလည်းတက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တက်ရောက်ရန်ယခင်ကတပ်မတော်အရာရှိကြီးများကိုသာ ရွေးချယ်ခဲ့သော် လည်း ယခုအချိန်တွင် အရပ်ဘက်နိုင်ငံ့ဝန်ထမ်း အရာရှိကြီးများကိုလည်း တက်ရောက်စေခဲ့ကြောင်း သိရှိရပါတယ်။
@ymg/knl
#Daily_News
Published_ 27 February 2024
၁။ ဝိဇ္ဇာလိုင်းပုံတူဆီလီကွန်ရုပ်တုတော်များကို အိန္ဒိယအပါအဝင် ပြည်ပမှမှာယူလာ
၂။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများယနေ့ စတင်ထုတ်ပေး
၃။ နေပြည်တော် အိမ်ခြံမြေအရောင်းဝယ် ဈေးကွက်အေးနေပြီး အငှားဈေးကွက် သွက်နေ
၄။ လစာအငြင်းပွားမှုနှင့်ပတ်သက်၍ ဗြိတိန်အငယ်တန်းဆရာဝန်များ(၁၀)ကြိမ်မြောက် သပိတ်မှောက်ဆန္ဒပြ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 27 February 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယခုလအတွင်း လုပ်သား ၁၀၀ ဝန်းကျင်ခန့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှု(၄) ခုကို ခွင့်ပြုပေးခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ မှသိရသည်။
အဆိုပါ လုပ်ငန်းများကို ဖေဖော်ဝါရီလ တတိယအပတ်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၄)မှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီးယင်းခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများသည် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခု နှင့် ဖက်စပ်နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၁) ခု ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းသစ် (၄) ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ငွေကျပ်( ၉၁၅၁ ဒသမ ၈)သန်းနှင့် အမေရိကန်ဒေါ်လာ (၀ ဒသမ ၇၁၄)သန်း တို့ဖြစ်ပြီး၊ လုပ်ငန်းများအနေဖြင့်ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ၁၀၀ ရာခိုင်နှုန်းပြည့် ပြည်တွင်း၌ ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်ရောင်းချရေးလုပ်ငန်းနှင့် ဆန်အမျိုးမျိုး ကြိတ်ခွဲတင်ပို့ရောင်းချသည့်လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
#လုပ်သား၁၀၀ဝန်းကျင် #ရင်းနှီးမြှုပ်နှံမှု ၄ ခု #YMG/ NN #Yangon-Times
'တစ်ပိသာ၄၀၀၀ ဖြစ်တာကမြစ်သားကြက်သွန်နီပါ၊ ဈေးတက်လာတာကတစ်ခြားနိုင်ငံထွက်လို့ပါ၊ခါတိုင်းနှစ်တွေဆိုဖေဖော်ဝါရီလလယ်လောက်ဆိုမိုးကြက်သွန်နီတွေများပြီးကြမ်းခင်းဈေးအထိအိသွားတာ၊ဒီနှစ်ကအဲ့လို့မကျဘဲမာခံနေတယ်၊ အဓိကမြစ်သားကြက်သွန်နီကပြည်တွင်းဈေးကွက်သိပ်မသွားနိုင်ဘူး၊အားလုံးနီးပါးအပြင်ပြည်ပထွက်နေတယ်'
#Local_News
Published 27 February 2024
#မြစ်သားကြက်သွန်နီ #ကြက်သွန်နီဈေးတက်
#YMG/NH #Yangon_Times
ဇာတ်ညွှန်း၊ဒါရိုက်တာနဒီဧရာဟာ အနုပညာကို ချစ်မြတ်နိုးတဲ့အတွက် ဆေးရုံတက်နေချိန်အထိ သေသည်အထိကို ဇာတ်ကားတွေ၊ ဇာတ်လမ်းတွေကို စီစဉ်ရိုက်ကူးဖို့ကြိုးပမ်းခဲ့ပြီး အားမတန်လို့မာန်လျှော့ကာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်
#Local_News
Published 27 February 2024
#ဒါရိုက်တာနဒီဧရာကွယ်လွန်
#YMG/tthl #Yangon_Times
#Local_News
Publicshed 27 February 2024
နေပြည်တော် အပါအဝင်တိုင်းသုံးခုမှ ဆာဖာရီဥယျာဉ်၊ နက္ခတ်တာရာ ပြခန်းများအပြင် တိရိစ္ဆာန်ဥယျာဉ်များအား ပုဂ္ဂလိကသို့ ၁၀နှစ်ငှားရမ်းသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
တိရစ္ဆာန်ဥယျာဉ်များဌာနရှိ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီဥယျာဉ်(နေပြည်တော်)၊ နက္ခတာရာပြခန်း(နေပြည်တော်)၊တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)နှင့် တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တို့၏ လုပ်ငန်းများအား (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်မှစ၍ အတွဲလိုက် Package စနစ်ဖြင့် (၁၀)နှစ် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နှစ်ရှည်ငှားရမ်းခြင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အစိုးရအသိအမှတ်ပြု ကုမ္ပဏီများမှငှားရမ်းမှုအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါစျေးနှုန်းတင်သွင်းရန် ဖိတ်ခေါ် ထားကြောင်း သိရသည်။
အဆိုပါ လေလံတင်ဒါ လျှောက်လွှာကို မတ်လ ၃ ရက် တွင် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကြောင်း၊ တင်ဒါ ရွေးချယ်မှုကို မတ်လ ၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး လေလံတင်ဒါလျှောက်လွှာကို နေပြည်တော် သစ်တောဦးစီဌာန တိရစ္ဆာန်ဥယျာဉ်များဌာန ရုံး အမှတ် ၃၉ တွင် လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။ ယင်းနေရာများကို သစ်တော ဦးစီးဌာနက ထူးကုမ္ပဏီသို့ ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၂၁ ခုနှစ် မတ်လအ ထိ (၁၀) နှစ် စာချုပ်ချုပ်ဆိုကာ ငှားရမ်း ထားခြင်း ဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် နိုင်ငံရေးအခြေအနေများကြောင့် လေလံထပ်မံမဖွင့် လှစ်ဖြစ်ဘဲ ၂၀၂၃ခုနှစ်မှ သာ လေလံပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #ဆာဖာရီဥယျာဉ် #နက္ခတ်တာရာပြခန်း #ပုဂ္ဂလိကသို့၁၀နှစ်ငှားရမ်းမည် #YMG/NN #Yangon_Times
#Local_News
Published 27 February 2024
'ကလေးများအတွက် အရှေ့တောင်အာရှဗီဒီယိုပွဲတော် 'နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီးမြန်မာနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်လိုကြောင်း ပွဲတော်တည်ထောင်သူမှ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကြောင့် ပွဲတော်ကျင်းပမှု ရပ်ဆိုင်းခဲ့ပါကြောင်း၊ စတုတ္ထအကြိမ်ပွဲတော်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပါကြောင်းနှင့်
မြန်မာနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်လိုကြောင်း ကလေးများအတွက် အရှေ့တောင်အာရှ ဗီဒီယိုပွဲတော် (Southeast Asia Video Festival for Children- SEAVFC) တည်ထောင်သူဥက္ကဋ္ဌ Ms. ELVIRA YAP Go သည်ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်တွေ့ဆုံစဉ် ဆွေးနွေးပြောကြားခဲ့သည်။
ယင်းကဲ့သို့ ဖိတ်ခေါ်ချက်ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် လူငယ်ကဏ္ဍကို များစွာအလေးထားပြီး ဦးစားပေးကဏ္ဍအဖြစ် ကြိုးပမ်းဆောင်ရွက်နေရာ လူငယ်ကဏ္ဍဆိုင်ရာ လှုပ်ရှားမှုများကို ဒေသတွင်းနိုင်ငံများနှင့်အတူ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်လိုပါ ကြောင်း၊ မြန်မာတို့၏ ရိုးသားဖြူစင်မှုနှင့် စေတနာသဒ္ဓါတရား ထက်သန်မှုတို့နှင့်အတူ မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းမွန်မှုကို ပြသလိုပါကြောင်း ဆွေးနွေးပြောကြားပြီး အနာဂတ်ကာလတွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
SEAVFC ဥက္ကဋ္ဌက ပုဂ္ဂလိကအစီအစဉ်အဖြစ် စေတနာ၊ မေတ္တာအခြေခံကာ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဤအဖွဲ့ကိုဖွဲ့စည်းပြီး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယနေ့ ခေတ်လူငယ်များသည် တီထွင်ဖန်တီးမှုတွင် ပိုမိုအားကောင်းပါကြောင်း၊ SEAVFC ကို မိမိဦးစီးပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဒါရိုက်တာအဖွဲ့နှင့် ဒိုင်အဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားပါကြောင်း၊ SEAVFC ပွဲတော်၏ ပထမနှင့် ဒုတိယအကြိမ်များကို ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့တွင် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပ၍ တတိယအကြိမ်ပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် ကိုဗစ်-၁၉ ကြောင့် ပွဲတော်ကျင်းပမှု ရပ်ဆိုင်းခဲ့ပါကြောင်း၊ စတုတ္ထအကြိမ်ပွဲတော်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်လိုကြောင်းပြောသည်။
အဆိုပါ ကလေးများအတွက် အရှေ့တောင်အာရှပွဲတော် (SEAVFC) ကို ၂၀၁၇ ခုနှစ်မှစ၍ သုံးကြိမ် ကျင်းပခဲ့ရာ ပြိုင်ပွဲတိုင်းတွင် မြန်မာနိုင်ငံမှဆုများရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်က ပညာရှင်အဆင့် ပြိုင်ပွဲတွင် ဒါရိုက်တာ ကျော်နှင်းဆီ၏ May The Fragrance of Thanakha Last (သနပ်ခါးရနံ့လေး အစဉ်မွှေးစေလို) ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဗီဒီယိုဇာတ်လမ်းဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်က အသက် ၉ နှစ်မှ ၁၂ နှစ် ဝါသနာရှင်အဆင့်တွင် မစုလင်းလဲ့က Everyday Heores ဗီဒီယိုဇာတ်လမ်းတိုနှင့် အသက် ၁၃ နှစ်မှ ၁၆ နှစ် ဝါသနာရှင်အဆင့်တွင် မစုလတ်ရွှေရည်ဇော်က Smile ဗီဒီယို ဇာတ်လမ်းတိုတို့ဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ်က အသက် ၉ နှစ်မှ ၁၂ နှစ် ဝါသနာရှင် အဆင့်ပြိုင်ပွဲတွင် မောင်အာကာမင်းခန့်ကလည်းကောင်း ဆုများရရှိခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိလစ်ပိုင်နိုင်ငံ အငြိမ်းစားသံအမတ်ကြီး Ambassador Minda C. Curz နှင့် ဖိလစ်ပိုင်နိုင်ငံ Anak TV ရုပ်သံဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
#Local_News #'ကလေးများအတွက်အရှေ့တောင်အာရှဗီဒီယိုပွဲတော်' #မြန်မာပူးပေါင်းပါဝင်ရန်ဖိတ်ခေါ် #tthl #Yangon_Times
Page 607 of 2041