YBSယာဉ်မောင်းတွေဟာ ပုတ်ပြတ် (ခေါက်ကြေး)ယူ၍ လုယက်မောင်းနှင်ကြပြီး အခေါက်ရေ များလိုစိတ်နဲ့ စည်းကမ်းမဲ့ လုယက်မောင်းနှင်နေကြတာ၊ ကျော်တက်မောင်းနှင်မရပါက ဒေါသရန်လိုစိတ်တွေနဲ့ ခရီးသည်တွေ အပါအဝင် ယာဉ်မောင်းအချင်းချင်း မချေမငံဆက်ဆံတာ၊ ခိုက်ရန်ဖြစ်ပွားတာ၊ မီးနီဖြတ်မောင်းတာ၊လမ်းပြောင်းပြန်မောင်းနှင်တာတို့ ပြုလုပ်တတ်ကြတယ်လို့ (YRTC) ဒုဥက္ကဌက ဆိုပါတယ်။
#Local_News
Published 26 October 2024
#YBS #(YRTC)
#YMG/NN #Yangon_Times
နိုင်ငံ(၉)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံတကာမော်တော်ယာဉ်မတော်တဆမှုကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Best Team Leader ဆုရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
#Local_News
Published 26 October 2024
#မြန်မာမီးသတ် #Best_Team_Leaderဆုရရှိ
#YMG/tthl #Yangon_Times
နိုင်ငံအတွင်း ရွှေစျေးနှုန်းတည်ငြိမ်မှန်ကန်စေဖို့ ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီကို နစက ကဖွဲ့စည်းလိုက်ပါတယ်။
#Local_News
Published 26 October 2024
#ရွှေဈေးနှုန်းတည်ငြိမ် #ရွှေရည်ညွှန်းစျေး
#YMG/NN #Yangon_Times
ရန်ကုန်မှာ ရေနစ်မြုပ်ခဲ့တဲ့နေရာအချို့သို့ ထမင်းထုတ်တွေဆက်ဝေပေးနေရဆဲဖြစ်ပါတယ်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ အောက်တိုဘာလ(၂၅)ရက်ညနေပိုင်းအထိ ရေမကျသေးတဲ့နေရာတွေရှိသလို ထမင်းဟင်းချက်ပြုတ်စားသောက်ဖို့ အဆင်မပြေကြသေးတဲ့အတွက် ထမင်းထုတ်တွေလှူဒါန်းဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
#Local_News
Published 26 October 2024
#ရေနစ်မြုပ်ခဲ့သည့်နေရာအချို့ #ထမင်းထုတ်များဝေပေးနေရ
#YMG/tthl #Yangon_Times
#Local_News
Published 26 October 2024
▪️ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးတွင် တည်ရှိသည့် ဝင်္ဂဘော် ECBTဆင်စခန်း၌ ဆင်အမွှာလေးများဖြစ်သည့် ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ နှစ်လပြည့်မွေးနေ့ကို ယနေ့အောက်တိုဘာ ၂၆ရက်တွင် ယင်းဆင်စခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါဆင်အမွှာလေးအား ဆင်စခန်းရှိ အသက်(၂၁ )နှစ်အရွယ်ဆင်မကလေး ပုလဲစန္ဒာမှ ပထမဆုံးအကြိမ်မွေးဖွားခြင်းဖြစ်ပြီး ဩဂုတ်(၂၆) ရက်နေ့၊မနက် ၃နာရီ ၃၈ နာရီအချိန်၌ ဆင်မကလေး( အကြီး) ပုလဲဆင့်နှင့် မနက် ၃နာရီ ၄၂မိနစ် အချိန်၌ ဆင်ထီးကလေး(အငယ်) ကျော်ပုလဲတို့ကို မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယခုအခါ နှစ်လပြည့်မြောက်ပြီဖြစ်သည့်အတွက် အမွှာမောင်နှမ၏(၂)လပြည့်မွေးနေ့အထိမ်းအမှတ်အလှူကို မွေးစားမိဘများနှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ပြုလုပ်ရာတွင် ဆင်စခန်းရှိ ဆင်လေးများအတွက်ဆင်စာဘူဖေး ကျွေးခြင်း ၊ဆင်စခန်းရှိ ဝန်ထမ်းများအား ဆန်နှင့်ဆီ ၊ မုန့်ဟင်းခါးအလှူဒါနကုသိုလ်များပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ လက်ရှိတွင် အမွှာကလေးနှစ်ကောင်အပါအဝင် ဝင်္ဂဘော်ဆင်စခန်း၌ ဆင်ထီး၂ကောင်၊ ဆင်မ ၇ကောင် စုစုပေါင်းဆင်ကိုးကောင်ရှိပြီး ပိတ်ရက်မရှိ မနက်၆နာရီ ညနေ ၆နာရီအထိဖွင့်လှစ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 October 2024
▪️ ရန်ကုန်၌ အလုပ်အကိုင်အခွင့်အလမ်း ၆၀၀ ကျော် လုပ်ကိုင်နိုင်မည့် ဟိုတယ် လုပ်ငန်းနှင့် CMP အထည်ချုပ်လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီမှခွင့်ပြုခဲ့ကြောင်း သိရသည်။
▪️ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက်အစည်းအဝေး၌ အလုပ်အကိုင် အခွင့်အလမ်း ၆၂၂ ဦး လုပ်ကိုင်နိုင်မည့် လုပ်ငန်းနှစ်ခုကို အတည်ပြုပေးနိုင်ခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့်ပစ္စည်းနမူနာ ပြသထားရှိမှုကို ဦးစွာကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ ထို့နောက် တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ စက်မှုကဏ္ဍတွင် ဖက်စပ်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းများဖြစ်ပြီး ယင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ငွေကျပ်သန်း ၈၆၀ နှင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၀၃ သန်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၅ အောက်တိုဘာ ၂၀၂၄
အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ အစားအသောက်အန္တရာယ်ကင်းရှင်းရေး နှင့်စစ်ဆေးရေး ဌာနက မြန်မာနိုင်ငံမှ တရားမဝင်တင်သွင်းတဲ့ အသားမျိုးစုံနှင့် ကြက်ဘဲစားသောက်ကုန်များ နှင့်ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးတပ်လှန့်မှုတစ်ခုပြုလုပ်ထားတယ်လို့သိရပါတယ်။ အဆိုပါစစ်ဆေးရေးဌာနက မြန်မာနိုင်ငံက အဲဒီအစားအသောက်တွေ အမေရိကန်နိုင်ငံထဲ ဘယ်လိုဝင်ရောက်လာ တယ်ဆိုတာကိုပါ ဆက်လက် စုံစမ်း စစ်ဆေးနေတယ်လို့လည်းဆိုပါတယ်။
ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတိပေးတပ်လှန့်ထားတဲ့ မြန်မာနိုင်ငံထုတ် စားသောက်ကုန်တွေဟာ မည်သည့် ရက်စွဲနှင့် ထုတ်သည်ဖြစ်စေ မစားသုံးကြဖို့ နှိုးဆော်ထားပါတယ်။အဲဒီစားသောက်ကုန်တွေက-
“BEST” အမှတ်တံဆိပ် အမဲသားဟင်း ၁၈၀ ဂရမ် စည်သွတ်ဘူး။
“BEST” အမှတ်တံဆိပ် ကြက်သားဒန်ပေါက် ၄၂၅ ဂရမ် စည်သွတ်ဘူး။
ထိမိဂွိ မုန့်ဟင်းခါးအခြောက်အနှစ် ၃၆၉ ဂရမ် စည်သွတ်ဘူး။
“BEST” အမှတ်တံဆိပ် မြန်မာဘဲသွေး ၄၂၅ ဂရမ်စည်သွတ်ဘူး။
အိမ်ချက် မုန့်ဟင်းခါးရည်အနှစ် ၄၀၀ ဂရမ် စည်သွတ်ဘူး။
မင်းသားကြီး ငါးခြောက် ၁၆၀ ဂရမ် အထုတ်။
အိမ်ချက် အုန်းနို့ခေါက်ဆွဲအနှစ် ၄၀၀ ဂရမ် စည်သွတ်ဘူး။ တို့ဖြစ်ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီစားသောက်ကုန်တွေမှာ ဖွဲ့စည်းမှုအမှတ်လည်းမပါ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စစ်ဆေးထားတဲ့ အမှတ် အသားလည်းမပါဘူးလို့ သတင်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
အဆိုပါ စားသောက်ကုန်တွေကို အာရီဇုန်နာ၊ကာလီဖိုနီးယား၊အိုင်အိုဝါ၊ကန်ဆပ်စ်၊ မာရီလန်း၊ မင်နီဆိုတာ၊ နီဘရာစကာ၊ အိုကလာဟိုးမားနှင့် တက္ကဆပ်တို့မှာရှိတဲ့ လက်လီဆိုင်တွေကို တင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ အစား အသောက်စစ်ဆေးရေးဌာနဟာ လက်လီဆိုင်တစ်ဆိုင်မှာ ထောက်လှမ်းစစ်ဆေးမှုတွေပြုလုပ်စဉ် အဲဒီ တရားမဝင် စားသောက်ကုန်တွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီစားသောက်ကုန်တွေစားသုံးလို့ ဘေးအန္တရာယ်ဖြစ်တဲ့ သတင်းအချက်အလက်တွေမရရှိသေးပေမယ့် စားသုံးပြီး လို့ကျန်းမာရေးကိုစိတ်ပူကြသူတွေအနေနှင့် ဆေးရုံဆေးခန်းတွေကို ဆက်သွယ်ကြဖို့လည်း တိုက်တွန်းထား ပါတယ်။
Page 611 of 2358