နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း သွင်းကုန်လုပ်ငန်းရှင်တွေအတွက် တရုတ်ယွမ် ၁၀သန်းရောင်းချပေးမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယမန်နေ့မှာ တရားဝင် ထုတ်ပြန်ထားပါတယ်။
#Local_News
Published 1 February 2025
#သွင်းကုန်လုပ်ငန်းရှင် #ယွမ်၁၀သန်းရောင်း
#YMG/SW #Yangon_Times
သီလဝါအိမ်ရာနဲ့ ကနောင်အိမ်ရာကအခန်းတွေအတွက် ယာယီနေထိုင်ခွင့်ထုတ်ပေးသွားမယ်လို့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 1 February 2025
#သီလဝါအိမ်ရာနှင့်ကနောင်အိမ်ရာ #မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
#YMG/SW #Yangon_Times
#Local_News
Published 1 February 2025
▪️ ယခုလဆန်း၌မိုးရွာခြင်း၊ မြူဆိုင်းခြင်းနှင့် ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ထုတ်ပြန်သည့် ဖေဖော်ဝါရီလ ပထမ (၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်အရ သိရသည်။
▪️ ဖေဖော်ဝါရီလ ပထမ (၁၀)ရက်ပတ်အတွက် မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ၁ ရက်မှ ၂ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး
(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
▪️ ညအပူချိန်များမှာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ဖေဖော်ဝါရီလပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း သိရသည်။
▪️ မြူအခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၇ ရက်မှ ၉ ရက်ခန့်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၃ ရက်မှ ၆ ရက်ခန့်နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၁ ရက်မှ ၂ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 1 February 2025
▪️ ဂျပန်နိုင်ငံက မြန်မာအလုပ်သမားလေးရာကျော်ခေါ်ယူရန်အတွက် အလုပ်ကမ်းလှမ်းစာများ ပေးပို့ထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
▪️ တိုကျိုမြို့ရှိ မြန်မာသံရုံးက အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၁၁) ရက်နေ့အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၄၅၉)ခုအထိရှိကြောင်း သိရသည်။
▪️ ထို့ပြင် သံရုံးအနေဖြင့်အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 31 January 2025
၁။ EV ကားစက်ရုံအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကိုခွင့်ပြု
၂။ စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ သန်း ၂၀ ထုတ်ရောင်းပေးမည်
၃။ လျှပ်စစ်ဓာတ်အား အမြန်ထုတ်လုပ်နိုင်ရေးလုပ်ငန်းများအပြီးသတ်ရန် တိုက်တွန်း
၄။ ဘိုအင်းကုမ္ပဏီ သုံးလအတွင်း ဒေါ်လာ ၃.၉ဘီလျံအထိ အရှုံးပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က EV ကားစက်ရုံအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကိုလုပ်ကိုင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 31 January 2025
#EV #ရင်းနှီးမြှုပ်နှံမှုကော်မရှင်
#YMG/SW #Yangon_Times
စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာသန်း ၂၀ ထုတ်ရောင်းပေးသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 31 January 2025
#စက်သုံးဆီလုပ်ငန်းရှင် #ဒေါ်လာသန်း၂၀
#YMG/NN #Yangon_Times
Page 611 of 2468