#Daily_News
Published 25 October 2024
၁။ တရုတ်နယ်စပ်ဂိတ်ပိတ်၍ ရွှေဈေးတက်လာခြင်းမရှိဟု YGEA ထုတ်ပြန်
၂။ စက်သုံးဆီအမျိုးအစားအားလုံး ဈေးကျဆင်းလာသော်လည်း ဈေးအမြင့်တန်း၌သာဆက်ရှိနေ
၃။ ဆင်မကြီး မိုမို (၇၁)နှစ်ပြည့် မွေးနေ့ပွဲ(၃)ရက်တိုင်တိုင်ကျင်းပမည်
၄။ နီပေါတွင်အဆက်မပြတ်မိုးရွာသွန်းသဖြင့် စိုက်ကွင်းများရေကြီးကာ ခရမ်းချဉ်သီးဈေးနှုန်းအဆမတန်မြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအောက်တိုဘာ(၂၆)ရက်၊(၂၇)ရက်တို့မှာ တနင်္သာရီတိုင်း၊ ကရင်နဲ့မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းကာ မိုးသက်လေပြင်းတိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 25 October 2024
#ဒေသအချို့မိုးရွာ #မုန်တိုင်း'ဒါနာ'
#YMG/tthl #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရဲ့တန်ဆောင်တိုင်ပွဲတော်ကို ပုံမှန်နှစ် တွေထက်ထူးခြားတဲ့နေ့လွှတ်၊ ညလွှတ်မီးပုံးတွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမယ်လို့ ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်အသင်းက သိရပါတယ်။
#Local_News
Published 25 October 2024
#တောင်ကြီးတန်ဆောင်တိုင်ပွဲတော် #ညလွှတ်မီးပုံး
#YMG/NN #Yangon_Times
ဆင်မကြီးမိုမိုရဲ့(၇၁)နှစ်ပြည့် မွေးနေ့ပွဲကို နိုဝင်ဘာ(၁)ရက်မှ(၃)ရက်အထိ ကျင်းပဖို့ရှိပါတယ်။ ဆင်မကြီးမိုမိုအတွက် မွေးနေ့အလှူအဖြစ် နိုဝင်ဘာလ(၃) ရက်မှာ အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆင်မကြီးမိုမိုအတွက် Birthday Cake ခွဲတာတွေဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
#Local_News
Published 25 October 2024
#ဆင်မကြီးမိုမို #(၇၁)နှစ်ပြည့်မွေးနေ့
#YMG/tthl #Yangon_Times
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ
တီရဲ့ ရန်ကုန်ဈေးကွက်အတွက် ဒီကနေ့ထုတ်ပြန်ချက်အရစက်သုံးဆီအမျိုးအစား ဈေးနှုန်းအားလုံး ကျဆင်းလာပေမယ့် ဈေးအမြင့်တန်းမှာသာဆက်ရှိနေတယ်လို့ သိရပါတယ်။
#Local_News
Published 25 October 2024
#စက်သုံးဆီအမျိုးအစား #စက်သုံးဆီစျေးအနည်းငယ်ကျဆင်း
#YMG/NN #Yangon_Times
တရုတ်နယ်စပ်ဂိတ်ပိတ်လို့ ဒေါ်လာရှားပါးလာပြီး ရွှေဈေးတက်တယ်ဆိုတဲ့သတင်းမှာမဟုတ်မှန်ဘဲ ကမ္ဘာ့ရွှေဈေးတက်လာတဲ့အတွက်ပြည်တွင်းရွှေဈေးအနည်းငယ်တက်လာရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 25 October 2024
#ရွှေဈေးတက်လာခြင်းမရှိ #YGEA ထုတ်ပြန်
#YMG/tthl #Yangon_Times
#Local_News
Published 25 October 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျပြီး တစ်ဦး ေ-သဆုံးမှု တစ်ခု ယနေ့မနက်အစောပိုင်းတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ၂၅ ရက်နေ့၊ မနက် ၄ နာရီခွဲ အချိန်ခန့်က မန္တလေးတိုင်ဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၁၀) ရပ်ကွက်၊ နယ်မြေ(၇)အတွင်းတွင် မဟာဝါဠုကာရာမ သဲပြင်ကျောင်းတိုက်ပိုင် ဘုရားလေးဆူစေတီ၏ အရှေ့ဘက်ရှိ အမြင့်(၈)ပေ၊ အလျား(၁၅၀)ပေခန့်ရှိသော အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြင်းခြံခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ကျား(၁)ဦး(သေဆုံး) နှင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား နာရေးကူညီမှုအသင်းကားဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 612 of 2358