Published 23 January 2024
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ယာဉ် များ ညအိပ်ရပ်နားနိုင်ရန် အတွက်ယာဉ်ရပ်ကွင်း ၁၅ ကွင်းကို ၂၀၂၄ ခုနှစ် အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီထံက သိရသည်။
YBS ယာဉ်များ ညအိပ်ရပ်နားသည့်အခါ မြို့နယ်အလိုက်ပြေး ဆွဲလျက်ရှိသည့် ဂိတ်ရင်း၊ ဂိတ်ဖျားများရှိသည့် လမ်းပေါ်တွင် ညအိပ်ရပ်နားရသည့်အခါ ကားပစ္စည်းများ ဖြုတ်ခိုးခံရခြင်း ၊လမ်းပိတ် ခြင်းများရှိသည့်အတွက် YBS ယာဉ်များ ရပ်နားရန် ကားကွင်းတည် ဆောက်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက သိရသည်။
အဆိုပါ YBS ယာဉ် ညအိပ်ရပ်နားကွင်းများကို ၂၀၂၃ ခုနှစ်က မြို့နယ်ရှစ်ခုတွင် စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး လက်ရှိ တွင် ကျန်ရှိနေသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အိုးအိမ်ဦးစီး ဌာနက ခွင့်ပြုချပေးထားသည့် သုခဒဂုံအိမ်ရာဝင်းရှိ ငါးဧက အကျယ်ရှိသော မြေပေါ်တွင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ယာဉ်ရပ်နားကွင်းများကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ သာကေတ ၊မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ မြို့သစ် ၊ မင်္ဂလာဒုံ ၊ ထောက်ကြန့်နှင့်လှိုင်သာယာမြို့နယ်များတွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 23 January 2024
ယခုနှစ်အတွင်း ကျန်းမာရေးဆိုင်ရာသုတေသနလုပ်ငန်းများအတွက် သုတေသနစီမံချက် (၂၀၁)ခု ဆောင်ရွက်ရန်အတွက် ကျပ်သန်းပေါင်း(၁၁၀၀)ကျော်ခွဲဝေချထားပေးကြောင်း (၅၂)ကြိမ်မြောက် မြန်မာ နိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံမှသိရသည်။
ယင်းကဲ့သို့ သုတေသနစီမံချက်များအတွက် ဘဏ္ဍာငွေခွဲဝေချထားပေးကြောင်းကို အဆိုပါ ညီလာခံဖွင့် ပွဲအခမ်းအနားတွင် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခု(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်နှီးနွှယ်ဝန်ကြီးဌာနများမှ သုတေသီ များအား သုတေသနစီမံချက် (၂၀၁)ခု ဆောင်ရွက်နိုင်ရန်အတွက် ခွင့်ပြုငွေကျပ်သန်း (၁၁၀၀)ကျော် ခွဲဝေချထားပေးပြီး သုတေသနများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယင်းအခမ်းအနားတွင် ကိုဗစ်-၁၉ မျိုးကွဲဗီဇစိစစ်ခြင်း စမ်းသပ်မှုပေါင်း (၃၀၀) ကျော်ကို ဆေးသုတေသန ဦးစီးဌာနတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး မှတ်တမ်းမှတ်ရာများ နောင်လာနောက်သားများသိရှိစေဖို့အတွက် ရည်ရွယ်ကာ ကျန်းမာရေးဝန်ကြီး ဌာနနှင့် တပ်မတော်ဆေးသုတေသနတပ်မှ သုတေသီများပူးပေါင်းပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဲဒီသုတေသနလုပ်ငန်းကထွက်ပေါ် လာတဲ့ သုတေသန ရလဒ်စာတမ်းများကို ယခု ညီလာခံမှာ တင်သွင်းဖတ်ကြားမယ်ဆိုတာ သိရှိရတာ ကြောင့်မို့လို့ ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားသည်။
ယင်းအပြင် အရေးပါသော ကူးစက်ရောဂါတစ်ခုဖြစ်တဲ့ တီဘီရောဂါနဲ့ပတ်သက်ပြီး ဆေးယဉ်ပါး တီဘီရောဂါအတွက် ကုထုံးသစ်တစ်မျိုးကို သုတေသနပြုလုပ်ပြီး လူနာများတွင် လက်တွေ့ အသုံးပြု ကုသမှုများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရှိရကြောင်း၊ အဆိုပါဆေးယဉ်ပါးတီဘီအတွက် သုတေသန တွေ့ရှိချက်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံမှ သုတေသနပညာရှင်များ ပါဝင်ဆွေးနွေးမယ့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပသွားမှာလို့ လည်း သိရှိရကြောင်းလည်း ပြောကြားခဲ့သည်။
(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့မှ (၂၆) ရက်နေ့ အထိ (၅)ရက်တိုင်တိုင်ကျင်းပမှာဖြစ်ပြီး သုတေသနစာတမ်း (၅၈) စောင်နှင့် သုတေသနပိုစတာ (၅၁) စောင်တို့ကို တင်သွင်းဖတ်ကြားမည်ဖြစ်ပြီး ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်/ကျောင်းများတွင် အရည်အသွေးအာမခံမှုစနစ် တိုးမြှင့်အကောင်အထည်ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ အရည်အသွေးအာမခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်သော ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ထည့်သွင်းထားကြောင်းလည်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
၂၂ ဇန်နဝါရီ ၂၀၂၄
နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာန(၄) ဒုတိယဝန်ကြီးတို့ကို ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်ကျော်ဟိုးအားလည်းကောင်း၊ နစကဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးအားလည်းကောင်း ခန့်အပ်လိုက်တယ်လို့ နစကက ယနေ့ ဇန်နဝါရီ ၂၂ရက်ရက်စွဲဖြင့် အမိန့်အမိန့် ၇/၂၀၂၄ နှင့် ၈/၂၀၂၄ တို့ကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
-ymg/knl
#Daily_News
Published_ 22 January 2024
၁။ ရန်ကုန်ရွှေဈေးကွက်အတွင်း ရွှေပြား၊ ရွှေခဲကတ်ပြားများ စတင်ရောင်းချလာ
၂။ မြန်မာ့ပြောင်းထိုင်းတင်ပို့သည့်ရာသီ နီးကပ်လာချိန်၌ အကျဈေးဖြင့်ဝယ်ယူနေ
၃။ တိရိစ္ဆာန်အစာ ဈေးကြီးမြင့်လာသော်လည်းလွှတ်ကြောင်းစနစ်ဖြင့် အများဆုံးမွေးမြူသည့်အတွက် ဆိတ်မွေးမြူရေးဈေးကွက် ထိခိုက်မှုမရှိဘူးဟုဆို
၄။ နယ်စပ်ဖြတ်ကျော် ယွမ်ငွေအသုံးပြုမှုကြောင့် တရုတ်ကုန်သွယ်ရေးပိုမိုတိုးတက်လာဟု တရုတ်နိုင်ငံပြောကြား... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မျောက်ငိုသီးကို ကျန်းမာရေးအတွက် စားသုံးရန် ဝယ်ယူကျသလို တညင်းသီး စားသုံးရန်မသင့်တဲ့သူတွေက တညင်းသီးအစားထိုးသီးနှံအဖြစ် စားသုံးရန် ဝယ်ယူကျတာတွေလည်းများတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 22 January 2024
#မျောက်ငိုသီး #တညင်းသီးအစားထိုးသီးနှံ
#YMG/LW #Yangon_Times
#Local_News
Published 22 January 2024
ဆန်ကုမ္ပဏီသုံးခုအား အမည်ပျက်စာရင်း မှပယ်ဖျက်ပေးလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားသည်။
ရန်ကုန်အခြေစိုက်ကုမ္ပဏီနှစ်ခုနှင့် ရခိုင်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သည့် Paing family international Co., Ltd ၊ Millionaire Phyo Trading Co., Ltd ၊ Ayar Thu Khan San Pulses &Beans Training Co., Ltd စသည့်ကုမ္ပဏီသုံးခုအား ယခင်က ဆန်ဝယ်ယူရာတွင် ပြည်ပဘဏ်ငွေစာရင်းသို့ ငွေကြေးလွှဲပြောင်းမှု လက်ခံခဲ့သည့်အတွက် အမည်ပျက်စာရင်း (Black List) ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း သိရသည်။
သို့သော် ယခုအခါ အဆိုပါ ကုမ္ပဏီသုံးခုသည် ၄ငွေများကို WFP ရိုးမဘဏ် အကောင့်မှ ရိုးမဘဏ် မြန်မာကျပ်ငွေအကောင့်ထဲသို့ ပြောင်းလဲပေးပို့ပြီးဖြစ်၍ အမည်ပျက်စာရင်း (Black List) ပယ်ဖျက်လိုက်ကြောင်း သိရသည်။
#Local_News #ဆန်ကုမ္ပဏီသုံးခု #အမည်ပျက်စာရင်းမှပယ်ဖျက်ပေး #YMG/NN #Yangon_Times
#Local_News
Published_ 22 January 2024
လာမည့်ရက်ပိုင်း ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အတွင်းရန်ကုန်၊ မော်လမြိုင်နှင့် အောက်ပိုင်းဒေသများတွင် အအေးပိုကဲမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဇန်နဝါရီလ ၂၂ ရက်မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် အအေးပိုလာနိုင်ပြီး တောတောင်များပြားသည့် မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ထူးကဲ အအေးပိုနိုင်သည်ဟု ဆိုသည်။
"အခုရက်ပိုင်းအတွင်းမှာ ရန်ကုန်အအေးပိုနေတယ်။ မော်လမြိုင်လည်းတောတောင်တွေရှိတော့ ပိုအအေးပိုမယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေရောတစ်နိုင်ငံလုံးရော ဇန်နဝါရီ ၂၅ ရက်အထိ အအေးပိုဖို့ရှိပါတယ်"ဟု မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက YMG ကို ပြောသည်။
ညအပူချိန်များအနေဖြင့် ယခုရက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့သည်။
ဇန်နဝါရီလ(၂၃)ရက်နှင့်(၂၄)ရက်တွင် နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း သိရသည်။
#Local_News #ရန်ကုန်၊ မော်လမြိုင် #အအေးပိုကဲမည် #tthl #Yangon_Times
Page 614 of 1982