#Local_News
Published 31 January 2025
▪️ ယခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက် (Myanmar Inspection & Testing Services L.td) မန္တလေးဓာတ်ခွဲခန်း၌ စားသုံးဆီနမူနာပေါင်း ၁၃ခု အား အရည်အသွေးကောင်း/မကောင်း၊ စားသုံးရန်သင့်/မသင့်၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိ/မရှိကို စားသုံးရန်သင့်၊ မသင့်စစ်ဆေးထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးရေးရာဦးစီးဌာနမှ သိရသည်။
▪️ ထို့အပြင် မန္တလေးတိုင်းအတွင်းရှိ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ မိတ္ထီလာခရိုင်အတွင်းက ဝါစေ့ဆီများကိုလည်း စစ်ဆေးပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဈေးကွက်အတွင်း စားသုံးရန်ရောင်းချလျက်ရှိနေသည့် မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် အခြားဆီအမျိုးမျိုးတို့ကို အဆိုပါဓာတ်ခွဲခန်းမှာ ဓာတ်ခွဲစမ်းသပ်ပေးနေပြီး စားသုံးဖို့သင့်တော်မှုရှိ/မရှိ၊ လတ်ဆတ်မှုရှိ/မရှိ၊ အရည်အသွေးကောင်း/ မကောင်း၊ ကျန်းမာရေးနှင့်သင့်တော်မူရှိ/မရှိကို ဓာတ်ခွဲစမ်းသပ်ကာ သတ်မှတ်ထားသည့် ဆီအရည်အသွေးနှင့်ကိုက်ညီပါက အသိအမှတ်ပြု လက်မှတ်(Certificate) ထုတ်ပေးနေခြင်းဖြစ်သည်။
▪️ ထို့အတူဓာတ်ခွဲရလဒ်များအပေါ်မူတည်ပြီး ကုန်ကြမ်းပိုင်း ဆိုင်ရာနှင့် ကုန်ချောပိုင်းဆိုင်ရာ ပြင်ဆင်သင့်သည့် အကြံပြုချက်များအားလည်း ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ မန္တလေးဓာတ်ခွဲခန်း၌ မြန်မာပြည်အထက်ပိုင်းရှိ စားသုံးဆီအားလုံးကိုလာရောက်စစ်ဆေးနိုင်ကြောင်း သိရသည်။
▪️ ၎င်းအပြင် စားသုံးရန်သင့်/မသင့်စစ်ဆေးခြင်း၊ ကျန်းမာရေးအတွက် အထူးပြု/မပြုစစ်ဆေးခြင်း၊ ဆီ၏တာရှည်ခံနိုင်မှုနှင့် လတ်ဆတ်မှုကို စစ်ဆေး ခြင်းစသည်တို့ဖြင့် စစ်ဆေးသူ၏ စစ်ဆေးလိုသည့် အကြောင်းအရာပေါ်မူတည်ကာ ဓာတ်ခွဲပမာဏအလိုက် ကုန်ကျစရိတ်ကျသင့်သွားမည်ဖြစ်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times