#Local_News
Published 10 February 2025

▪️ ဒဂုံမြို့သစ်ဆိပ်ကမ်မြို့နယ်ရှိ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းများကို ရောင်းချ‌ပေးသွားမည်ဖြစ်ရာ ဝယ်ယူလိုသူများအနေဖြင့် ယခုလ၁၃ရက်မှစတင်ကာ လျှောက်လွှာများဝယ်ယူလျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

▪️ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ ဆောက်လုပ်ပြီးစီးသောအိမ်ခန်းများကို နေရေးအခက်အခဲရှိသည့် ဝင်ငွေနည်း ပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ပြီးထိုအိမ်ခန်းလျှောက်လွှာများအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွန်ကြားရေးမှူးရုံး၊မြေညီထပ်(Yangon City Gallery)တွင် ဖေဖော်ဝါရီလ ၁၃ရက်မှ ၂၁ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ လျှောက်လွှာများကို သတ်မှတ်ပုံစံအတိုင်းဖြည့်သွင်းပြီး ဖေဖော်ဝါရီလ ၂၅ရက်နောက်ဆုံးထားကာပြန်လည်တင်ပြရမည်ဖြစ်ကြောင်း၊ တင်ပြလာသည့်လျှောက်လွှာများအား စိစစ်ပြီးပါက ဝယ်ယူခွင့်ရရှိသူများအား အကြောင်းပြန်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times