#Local_News
Published_ 8 May 2022
ပြန်တမ်းဝင်အရာရှိအဆင့် လစ်လပ်ရာထူးများအတွက် ရေးဖြေစာမေးပွဲကို စာစစ်ဌာန ၅ ခုတွင် ကျင်းပလျက်ရှိရာ ဝင်ရောက်ဖြေဆိုသူ ၁၂၀၇ ဦးရှိကြောင်း သိရပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၂) ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၁၄) ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး ၁၁၁၆ နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြိုများရှိ စာစစ်ဌာန ၅ ခု၌ မေ ၇ ရက်နှင့် မေ ၈ ရက်တိုတွင် ကျင်းပလျက်ရှိပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဦးသန်းဆွေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမှတ်(၃)နှင့် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းများရှိ နေပြည်တော် စာစစ်ဌာနများသို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်နှင့်အတူ မန္တလေးမြို့အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းရှိ မန္တလေးစာစစ်ဌာနသို့ လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်သည် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းရှိ ရန်ကုန်စာစစ်ဌာနသို့ လည်းကောင်း အဆိုပါရာထူးဝင်ခွင့် ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 8 May 2022
ဧပြီလအတွင်း နိုင်ငံပေါင်း ၄၉ နိုင်ငံသို့ ရေထွက်ကုန် တန်ချိန် ၃၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်ပနိုင်ငံများသို့ ဧပြီလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ ပို့ကုန်ရငွေ အမေရိကန် ဒေါ်လာ ၄၉ သန်းကျော်ရရှိခဲ့ကြောင်း သိရပါတယ်။
တင်ပို့မှုများတွင် ငါး၊ ပုစွန် စတဲ့ ရေထွက်ကုန်များပါဝင်ပြီး ပြည်ပနိုင်ငံ ၄၉ နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တင်ပို့မှုများတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၉ သန်းခန့် စုစုပေါင်း ဒေါ်လာ ၄၉ သန်းကျော် ရရှိခဲ့ကြောင်း သိရပါတယ်။
ရေထွက်ကုန်တင်ပို့နိုင်မှုတွင် ကော့သောင်းမှပြည်ပသို့ တင်ပို့မှုများခဲ့ကာ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ထွက်ရှိသောရေထွက်ကုန်များကို အဓိကတင်ပို့ခြင်းဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြည်ပသို့ရေထွက်ကုန် တင်ပို့နိုင်မှုမှာ ပုံမှန် အခြေအနေသို့မရောက်သေးဘဲ လတ်တလောတွင် ထိုင်းနှင့် တရုတ်တို့သို့ ရေကြောင်း ကုန်သွယ်မှုဖြင့် အများဆုံးတင်ပို့နေကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 8 May 2022
ဆံရစ်ဝိုင်းရွာဟု ထင်ရှားသည့် ရေပုတ်ကြီးကျေးရွာမှ ကျောင်းသား/ကျောင်းသူ ၂၀၄ ဦးဟာ ယဉ်ကျေးလိမ္မာ သင်တန်းပြီးမြောက်၍ သင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဆံရစ်ဝိုင်းရွာ (ခေါ်) ရေပုတ်ကြီး ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် မေ ၆ ရက် နံနက်ပိုင်းက ယဉ်ကျေး လိမ္မာသင်တန်းဆင်းပွဲနှင့် ဆုများပေးအပ်ချီးမြှင့်ပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။
သင်တန်းကို ရေပုတ်ကြီးကျေးရွာရှိ လူငယ်များအား လိမ္မာယဉ်ကျေးပြီး အသိဉာဏ် ရှိသော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ သင်တန်းကို ဆရာ၊ ဆရာမ ၁၂ ဦးက ကျောင်းသား၊ ကျောင်းသူ ၂၀၄ ဦး တို့အား မတ် ၂၆ ရက်မှ မေ ၆ ရက်အထိ သင်ကြားပို့ချပေးခဲ့တာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_7 May 2022
နစက ဥက္ကဌ ဖိတ်ခေါ်ထားတဲ့ငြိမ်းချမ်းရေးတွေ့ဆုံပွဲကို NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲက လတ်တလောအနေနဲ့ ၅ ဖွဲ့ က တက်ရောက်ဖို့ ရှိနေပါတယ်။
#Yangon_Media_Group
#HealthMatter
Published - 7 May 2022
၁။ အခုမြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကိုဗစ်-၁၉ ကူးစက်မှုလျော့ပါးသက်သာလာလို့ နိုင်ငံတွေရဲ့ တံခါးတွေဖွင့်လိုက်ပြီး ခရီးသွားလုပ်ငန်းတွေပြန်စနေကြပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ အချိန်တန်ပြီလား??
၂။ တစ်ဖက်မှာလည်း တံခါးတွေပိတ်ထားရလို့ စီးပွားတွေက ပျက်လုနီးဖြစ်နေကြတော့ စီးပွားရေးနှင့်ကျန်းမာရေး ချိန်ဆလုပ်နေကြရတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ??
၃။ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေဖို့ ခရီးသွားလုပ်ငန်းတွေကိုဖွင့်လိုက်တော့ “ငြိမ်းချမ်းစွာအတူနေနိုင်ဖို” “အတူနေရင်းကိုဗစ် အနိုင်ကျင့်တာပြန်မခံရဖို့” ဘယ်လိုအစီအမံတွေရှိသင့်သလဲ?? ဆိုတာတွေကို ဆရာကြီးဒေါက်တာခင်မောင်လွင်က ပြောဆိုဆွေးနွေးထားပါတယ်။
#Yangon_Media_Group
#LocalNews
Published_7 May 2022
စက်ရုံအလုပ်ရုံတွေများလာတာ၊ စက်မှုဇုန်တွေများလာကြောင့် ဓာတုဗေဒပစ္စည်းတွေ ပေါက်ကွဲမီးလောင်တဲ့ ဖြစ်စဉ်တွေ ရှိလာတဲ့အတွက် အဲဒီလို မီးလောင်မှုတွေမှာ မီးသတ်လုပ်ငန်းက စနစ် တကျ လုပ်ကိုင်နိုင်ဖို့ ပြည်ပနိုင်ငံတွေက သင်တန်းတွေကို မြန်မာနိုင်ငံ မီးသတ်ရဲဘော်တွေ သင်တန်းတက်ထားကြတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_7 May 2022
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ ကျော်အား မြန်မာနိုင်ငံဘက်သို့ မေလ ၆ ရက်က ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
အမျိုးသား ၁၀၃ ဦး ၊ အမျိုးသမီး ၂၉ ဦး ဖြစ်ပြီး ယင်းတွင် အရွယ်မရောက်သေးသည့် ကလေး (ကျား) ၇ ဦး၊ (မ) ၂ ဦး ပါဝင်ကြောင်း၊ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိ ၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲမှ တာဝန်ရှိသူများက ယင်းတိုအား ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ (၈) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ ပြည်တော်ပြန်များအား ကိုဗစ်စစ်ဆေးမှုများပြုလုပ်ရာ ၂၄ ဦးတွင် ကိုဗစ်ပိုးကူးစက်ခံထားရသည့်အတွက် သီးသန့်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1818 of 1988