#Local_News
Published _ 15 November 2022
ပြည်တွင်းမှာရှိတဲ့ ထောပတ်ခြံတော်တော်များများတွင် ဒေသမျိုးရင်းထောပတ်သီးများထက် အရည်အသွေး၊ အရသာပိုကောင်းမွန်တဲ့ Hass ထောပတ်သီးတွေကို စိုက်ပျိုးမှုပိုများလာတယ်လို့ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_15 November 2022
ယခု ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၄ ရက်အထိ ခုနှစ်လကျော် ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ရရှိထားပြီး ယမန်နှစ်ထက် ကန်ဒေါ်လာ ၂၃၆ သန်းကျော် ပိုမိုရရှိခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 15 November 2022
၁။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၃ ဘီလီယံကျော်ရရှိ၊ ယမန်နှစ်ထက် ကန်ဒေါ်လာ ၂၃၆ သန်းကျော်ပိုမိုရရှိခဲ့
၂။ ပြည်တွင်းထောပတ်ခြံများ၌ ဒေသမျိုးရင်းထောပတ်သီးများထက် Hass ထောပတ်သီးစိုက်ပျိုးမှု ပိုမိုများပြားလာ
၃။ အိမ်သာနှင့်ရေမသန့်ရှင်း၍ တစ်ရက်ကိုကလေးငယ် (၈၀၀)ကျော်သေဆုံးနေ
၄။ အမေဇုန်ကုမ္ပဏီကြီးတွင် လူသားများနေရာ၌စက်ရုပ်များဖြင့် အစားထိုးတော့မည်လား? ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 15 november 2022
ရထားလက်မှတ်ကို အွန်လိုင်းက ဝယ်ယူနိုင်ဖို့ မြန်မာ့မီးရထားအနေနဲ့ စီစဉ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 15 November 2022
ထိုင်းနိုင်ငံအနောက်ပိုင်း ဖစ်ချ်ပူရီခရိုင်၊ ဖစ်ချ်ပူရီခရိုင် ခေါင်နွဲ့မြို့ ဖစ်ကဆဲန် အဝေးပြေးလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၁၄ ရက်က မွန်းလွဲပိုင်းကယာဉ်တစ်စီး မတော်တဆတိမ်းမှောက်ခဲ့ရာ ယင်းယဉ်ပေါ်ပါ မြန်မာလုပ်သားသုံးဦး သေဆုံးခဲ့ကြောင်း ထိုင်းဒေသတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေးဆောင်ရွက်နေသူများက ပြောသည်။
"ထိုင်းမှာက အွန်လိုင်းသတင်းတွေမှာ ပျံ့နေပြီလေ၊မနေ့ကပဲ ဖြစ်တာ၊ခေါင်နွဲ့နယ်မြေရဲတပ်ဖွဲ့ ကနေပြီးတော့ ကားမှောက်တဲ့နေရာကို သွားတာ၊လူငယ်တွေပဲ ရှိသေးတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဘာလုပ်လုပ် သတိ ထားကြစေချင်ပါတယ်"ဟု ထိုင်းနိုင်တွင် နေထိုင်သည့် မြန်မာတစ်ဦးက ပြောသည်။
ဘန်ကောက်ဘက်အထွက်လမ်း နောင်ပရုန်အကွေ့အနီးတွင် အဆိုပါ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကြောင်း၊ ယာဉ်အတွင်း ပိတ်မိနေသော အသက် ၃၂ နှစ် အရွယ် ထက်ဝေဟိန်းဆိုသော အမျိုးသားတစ်ဦးကို ဆွဲထုတ်ကယ်ဆယ်ကာ ဆေးရုံကိုပို့ဆောင်ပေးနိုင်ခဲ့သော်လည်း သေဆုံးသွားကြောင်း သိရသည်။
ယင်းအပြင် ကားလမ်းမပေါ်တွင် အသက် ၂၇ နှစ်အရွယ် မထက်ထက်ထွန်း၊ အသက် ၂၉ နှစ်အရွယ် မမျိုးမျိုးစန်းဆိုသည့် နှစ်ဦးလည်း သေဆုံးနေကြောင်း၊ မိုးရွာသွန်းနေသည့်ကြားမှ အရှိန်ဖြင့် မောင်းနင်လာသည့် အဆိုပါ မြန်မာနိုင်ငံသားများ ပါသည့် ယာဉ်မှာ ဓာတ်မီးတိုင်ကို ဝင်တိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းအပြင် အခြားယာဉ်ကိုပါ ထပ်မံ တိုက်မိကြောင်းလည်းသိရသည်။
ယာဉ်တိုက်မှုကို သက်ဆိုင်ရာက စစ်ဆေးရာ ၁နာရီ လျှင် ၁၂၅ ကီလိုမီတာနှုန်းဖြင့် အမြန်မောင်းနှင်လာသည်ကို တွေ့ရကြောင်း၊ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ခေါင်နွဲ့နယ်မြေရဲတပ်ဖွဲ့၏ သတင်းထောက်များအား ထုတ်ပြန်ချက်ကို ကိုးကား၍ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူက ပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 15 November 2022
အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းကျနေသော ဒါရိုက်တာမင်းထင်ကိုကိုကြီး (ခ) ကိုကိုကြီး
ယနေ့ နိုဝင်ဘာလ ၁၅ ရက် တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးတာဝန်ရှိသူကပြောသည်။
မင်းထင်ကိုကိုကြီး ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် က ထိန်းသိမ်းခဲ့ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၃ဝ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အလားတူ ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချခံထားရသူ
ရက်ဂေးအဆိုတော် စောဖိုးခွား (ခ) စောအလန်စတီး အနေဖြင့် ယင်းအမှုကိစ္စ ပြီးပြတ်သွားပြီဖြစ်သော်လည်း ကျန်ရှိနေသေးသည့် သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀ (က)နှင့် ပတ်သက်၍ မပြီးပြတ်သေးသောကြောင့် ပြန်လည်မလွတ်မြောက်သေးကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။
ymg/mt
Yangon_Media_Group

#ymg/mt
#Yangon_Media_Group
#Local_News
Published _ 15 November 2022
ရဟတ်ယာဉ်အမှုများနှင့် ပတ်သက်၍ ဦးဝင်းမြင့်ကို ယနေ့နိုဝင်ဘာလ ၁၅ ရက်တွင် နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးသီးသန့်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းက သိရသည်။
"ဒီနေ့က ဦးဝင်းမြင့်ကိုပဲ စစ်သေးတယ်၊ အမှု အမှတ် ၄၆ ကို စပြီးတော့ စစ်တာပေါ့။ ၅မှုလုံးကို စစ်ရမှာလေ၊ အစဉ်လိုက်စစ်ရမှာဖြစ်လို့ ဦးဝင်းမြင့်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်မှာပါ"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ရဟတ်ယာဉ်နဲ့ပတ်သက်လို့ စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာ ၈ ရက်က နေပြည်တော် အချုပ်ထောင်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်က ရဟတ်ယာဉ်နှင့် ပတ်သက်သော အမှုငါးမှုလုံးအတွက် စွဲချက်တင် အမိန့်ချကာ အောက်တိုဘာလ ၂၅ ရက်ကစပြီး ပြန်ခေါ်သက်သေများကို စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် အစစ်ဆေးခံရန် အလှည့်ရောက်လာခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ရဟတ်ယာဉ် နှင့်ပတ်သက်သောအမှု များမှာ အမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ ဖြစ်ကြပြီး ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ တရားစွဲဆိုထားသော အမှုများဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1821 of 2410